'ချယ်'(အပိုင်း-၄၇)

2.2K 90 2
                                    

အသက်လဲ ဒါထားနဲ့အချစ်ရဲ့မင်္ဂလာအိမ် အခုကသန်လျင်မှာလေထားကိုအချစ်ဒီကိုခိုးလာတာဆိုပြီး ရွှတ်နောက်နောက်ပြောလိုက်တော့ ထားကပြုံးပြီး အချစ်သာခေါ်ရင်ထားက ဘယ်နေရာဖြစ်ဖြစ် အချစ်လက်ကိုတွဲပြီး လိုက်မှာတဲ့ဆိုကာ ပြန်ပြောလာတော့ အသက်လဲထားကိုရင်ခွင်ထဲထည့်ကာ ဖက်ထားပြီး သာယာတဲ့နေ့လေးကို အချစ်တွေအပြည့်နဲ့စတင်ခဲ့တယ်........

အသက်နဲ့ထားအကုန်ပြင်ဆင်ပြီးတော့ အောက်ထပ်ကိုဆင်းလာခဲ့တယ် မီးဖိုထဲဝင်ပြီး အသက်ရဲ့ထားအတွက် မနက်စာလုပ်ပေးရမယ်လေ ခုနကပဲထားကဗိုက်ဆာတယ်လို့ ပြောထားတယ်မလား ဒီတော့ အသက်ရဲ့မတော်ရသေးတဲ့ မိန်းမအသစ်သစ်လေးအတွက် အကောင်းဆုံးမနက်လေး ပြင်ဆင်ပေးဖို့က အသက်တာဝန်လေ ဒီတော့ ရှိတာလေးနဲ့ပဲ စားကောင်းအောင်လုပ်ပေးရမှာပေါ့ အရင်ဆုံးထမင်းအိုးတည်လိုက်တယ် ထားကိုထမင်းကြော်ပေးမယ် ကော်ဖီပူပူလေးတစ်ခွက်ရယ်နဲ့ပေါ့ ထမင်းအိုးတည်ထားတုန်း ဟင်းအိုးမီးကိုဖွင့်ကာ ဆီပူအောင်အရင်စောင့်ပြီး ကြက်ဥလေးကို ထားအကြိုက်မကျက်တကျက်အနေလေးအရင်ကြော်လိုက်ပြီး နောက်တစ်လုံးကိုကျက်ကျက်လေးကြော်လိုက်တယ် အသက်က​ကြက်ဥကြော်ဆိုကျက်နေမှကြိုက်တာမလို့ ကြက်ဥကြော်ပြီးတော့ ကော်ဖီဖျော်ဖို့ကို ရေနွေးအိုးလေးတည်ထားလိုက်တယ် ထမင်းကြော်ဖို့ ထမင်းအိုးတည်ထားတာရယ် ကော်ဖီဖျော်ဖို့ရေနွေးအိုးထည့်ထားတာရယ်ကို စောင့်ရင်း ထားထိုင်နေတဲ့ ထမင်းစားပွဲမှာ အသက်ခနဝင်ထိုင်ပြီး ထားမျက်နှာလေးကိုကြည့်ကာ ထားလက်လေးကိုကိုင်ပြီး စကားတစ်ခွန်းဆိုခဲ့တယ် ထားအချစ်တို့ဒီနေ့ပဲ တရားရုံးသွားပြီးလက်ထပ်ရအောင်နော် ဆိုပြီးအသက်ပြောလိုက်တော့ ထားက အသက်လက်ကိုပြန်ကိုင်ပြီး အင်းပါ အချစ်သဘောပါ ဒီအခြေအနေတွေအထိ ရောက်လာမှတော့ ထားကထပ်ပြီး တွေဝေမနေတော့ပါဘူး အချစ်ရဲ့လက်ကိုထားရဲရဲကြီး ကိုင်ပြီး ဟောဒိလူသား "စုသက်ထက်"ဆိုတဲ့လူသားလေးက ကျမ"သက်ထားနွယ်"အပိုင်ပါဆိုပြီး တစ်လောကလုံးကို အော်ပြောဖို့အသင့်ပါပဲဆိုပြီး ပြောလာတော့ အသက်မျက်ရည်ကျမိတာအမှန်ပါ ဝမ်းနည်းလို့ကျတဲ့မျက်ရည်မဟုတ်ပဲ ဒီမျက်ရည်က အသက်အရမ်းဝမ်းသာလွန်းလို့ကျတဲ့ မျက်ရည်ပါ အသက်ရဲ့ပါးပေါ်ကမျက်ရည်တွေကို ထားကသုတ်ပေးရင်း ဒီလိုဆိုလာတယ်.........

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now