'ချယ်'(အပိုင်း-၅၂)

2K 85 2
                                    

တီ...တီ...တီ....တီ...ဆိုတဲ့

နှိုးစက်သံကြားလို့ အသက်ရောထားပါ ဒီမနက်တော့အတူနိုးခဲ့တယ် နာရီကိုအသက်ယူကြည့်မိတော့ မနက်၆နာရီထိုးသာရှိသေးတယ် သို့သော် ဒီနေ့စောစောထရခြင်းအကြောင်းကရှိနေသည် အသက်ကကုမ္ပဏီကို သွားရမဲ့ရက်ဖြစ်သလို ထားရဲ့ခွင့်ရက်ကလဲပြည့်လို့ ဒီနေ့ကျောင်းပြန်တက်ရမယ်လေ ဒီတော့အသက်မှာရောထားမှာပါ တာဝန်ကိုယ်စီနဲ့ဆိုတော့ မထချင်သေးသောလဲထရန်ပြင်ဆင်ရသည် သို့ပေသော် အသက်ရင်ခွင်ထဲက ထားကအခုထိကို အသက်ကိုဖက်ထားဆဲပါ အသက်လဲပြန်ဖက်ထားကာ နေနေတော့ ခနကြာတော့ ထားကမောင်အလုပ်သွားရမယ်လေ ဒီလိုပဲနေတော့မှာလားဟင့် ထားကိုလွှတ်ပေးပါအုန်း ထားမောင့်အတွက်မနက်စာရယ် နေ့လည်ထမင်းချိုင့်အတွက်ပါပြင်ဆင်ရအုန်းမယ်ဆိုပြီးပြောတော့ အသက်လဲဟင် လွှတ်ပေးအုန်းဆိုပြီးမောင့်ကိုပဲထားကပြောရတယ်ရှိသေး နှိုးစက်သံကြားတာတောင် မထသေးပဲမောင့်ကိုဖက်ပြီးကွေးနေတာ ဘယ်သူတုန်းဆိုကာ ထားနှာခေါင်းလေးကို အသက်လက်ဖြင့်ဖွဖွလေးညှစ်ကာပြောလိုက်တော့ အသက်ရင်ခွင်ထဲက ထားကအားနာလိုက်တာ မောင်ရယ်ဖြေးဖြေးညှစ်ပါ နဂိုထဲကနှာခေါင်းကချွန်နေပါတယ်ဆို ပိုချွန်အောင်လာလုပ်နေတယ်ဆိုပြီး အသဲယားစွာပြောနေတော့ အသက်လဲမနေနိုင်စွာဖြင့် ထားနှုတ်ခမ်းလေးကိုနမ်းပြီး မောနင်းထားမောင်တို့အိပ်ယာထကြရအောင်လို့ ပြောပြီး အတူတူအိပ်ယာထကာ ထားကတော့အောက်ဆင်းသွားတယ် အသက်ကတော့ ကုမ္ပဏီသွားရင်ယူသွားရမဲ့ လိုတဲ့ဖိုင်တွေ စာရွက်တွေထည့်နေခဲ့ပြီး အခန်းထဲမှာပင် ကျန်နေခဲ့တယ်......

အသက်နာရီကြည့်မိတော့ ၇နာရီပင်ထိုးနေပြီ ဒီတော့ရုံးသွားဖို့ ရေချိုးပြင်ဆင်ရမယ်လေ အသက်လဲရေချိုးခန်းထဲဝင်ကာ ရေအရင်ချိုးခဲ့တယ် ရေချိုးပြီးပြန်ထွက်လာတော့ အသက်ရုံးသွားရင်ဝတ်ဖို့ အဝတ်အစားကိုအဆင်သင့်ထုတ်ကာထားပြီး လက်မှာအဝတ်တွေကိုကိုင်ကာ ထားကရပ်စောင့်နေတယ် အသက်လဲ ရေသုတ်ပြီးတော့ ထားကအနားရောက်လာကာ ထားကိုယ်တိုင်ရွေးပေးထားတဲ့ အနောက်တိုင်းပုံစံအဝတ်ကို ထားကိုယ်တိုင်ပဲ အသက်ကိုဝတ်ပေးခဲ့တယ် အသက်ကိုအားလုံးပြင်ဆင် လုပ်ကိုင်ပေးပြီးတော့မှ ထားကရေချိုးခန်းထဲဝင်ကာ ရေဝင်ချိုးခဲ့တယ် အသက်လဲဒီတော့ အလိုက်သိစွာဖြင့် ထားရေချိုးပြီးရင်ဝတ်ဖို့ အဖြူအစိမ်းယူနီဖောင်းလေးကိုထုတ်ကာ ကတင်ပေါ်တင်ထားပေးပြီး ထားလိမ်းရန်သနပ်ခါးကို ကိုယ်တိုင်သွေးကာ ထားရေချိုးခန်းထဲကထွက်လာမဲ့အချိန်ကိုစောင့်နေခဲ့လိုက်တယ်.....

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now