'ချယ်'(အပိုင်း-၂၃)

1.9K 123 0
                                    

အသက်-မနေ့က ချယ်ကမှာခဲ့တယ် မနက်ကျောင်းရှေ့မှာ စောင့်နေပြီး ကျောင်းထဲအတူဝင်မယ်တဲ့ အခုလဲချယ်လွှာ
အလာကိုစောင့်နေတယ်လေ ကျောင်းကိုအတူသွားရမယ်
ဆိုတဲ့ မာမီရဲ့အမိန့်ကြောင့်သာ......

တီ..တီ...ကားဟွန်းသံကြားလိုက်ရတယ်လေ ချယ်လွှာလာပြီဆိုတာအချက်ပြတာထင်တယ် အသက်လဲ ကြီးကြီးကိုနှုတ်ဆက်ပြီး ကားဆီလာခဲ့တယ်လေ.....

ကားနားရောက်တော့ ချယ်လွှာက ဆင်းစောင့်နေပြီး လာကလေး ချယ်တံခါးဖွင့်ပေးမယ်ဆိုပြီး တံခါးဖွင့်ပေးတာ
ကြောင့် အသက်လဲ ဘာမှမပြောပဲဝင်ထိုင်လိုက်တယ်..

ချယ်လွှာလဲ ကားထဲဝင်ထိုင်ပြီး ကျောင်းကိုသာမောင်းလာခဲ့တယ် တစ်လမ်းလုံးလဲ ချယ်ရောအသက်ပါ ဘာစကားမှမပြောပဲငြိမ်ကာ လာခဲ့တယ်လေ.........

ကျောင်းကိုရောက်တော့ ကျောင်းရှေ့မှာ ချယ်ကကားလေးကိုမှီပြီး စောင့်နေတယ်လေ အသက်လဲ ချယ်လွှာ့ကားရပ်တာနဲ့ အမြန်ဆင်းပြီး ချယ့်ဆီအပြေးသွားခဲ့တယ်.....

ချယ်ကလဲလက်ကိုဆန့်ပြီး အသက်ကလေးလာဆိုပြီးခေါ်နေတယ်လေ အသက်လဲပြေးဖက်လိုက်ပြီး လွမ်းနေတာချယ်
ဆိုတော့.....

ချယ်က အိုဒီကလေး စကားတွေတက်နေပါရောလား ချယ်လဲလွမ်း​နေတာ ဆိုပြီးပြန်ပြောကာ ဖက်ထားတာလေးကိုလွှတ်ပြီး ချယ့်လက်ကိုတွဲကာ ကျောင်းထဲဝင်ခဲ့တယ်လေ...

ချယ်သက်-စာသင်ချိန်တွေ တစ်ချိန်ပြီးတစ်ချိန်ကုန်သွားပြီ
ကျမနဲ့အသက်ကလေးက မနက်ကတစ်ခါပဲတွေ့ရသေးတယ်လေ ဒီတော့ မုန့်စားဆင်းချိန် လာမလားဆိုပြီး ကျမမျှော်
နေမိတယ်လေ.....

အော်ဒါနဲ့ကြုံတုန်းပြောရအုန်းမယ် ကျမအရင်ကျောင်းကအလုပ်တွဲလုပ်ခဲ့တဲ့ မမယုလဲဒီကျောင်းကိုပြောင်းလာပြီနော်

ကျမက ဖင်တကြွကြွနဲ့ ဖြစ်နေတော့ မမယုကဆိုလာတယ် ဟဲ့သက်ထား ဘယ်လိုဖြစ်နေတာတုန်း ဒီနေ့အငြိမ်ကိုမနေဘူးတဲ့လေ အဲတော့ဘေးကဆရာမတွေက မယုရေ သူ့ကလေးကိုမျှောနေတာလေ မယုကအခုမှရောက်တော့ ဘယ်သိမလဲတဲ့.........

ဒီတော့မမယုက သက်ထား မမယုကိုမှန်မှန်လိမ်စမ်း အဲဒါဟိုကလေးမလေးဟုတ်တယ်မလား ဆိုပြီးမမယုကမေးလာတော့ ဘေးကအတူထိုင်တဲ့ အမတွေက အယ်မမယုလဲသိသလားဆိုတော့.......

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now