'ချယ်'(ဇာတ်သိမ်းပိုင်း)

7.2K 214 30
                                    

၁၅နှစ်ကြာသော်........

ခန်းမအလယ်မှာ ရပ်နေတဲ့အမျိုးသမီးလေးနှစ်ဦး ထိုနှစ်ဦးမှာ တစ်ဦးက အသက်နဲ့ထားရဲ့သမီးလေးစုသက်ထားနွယ်နှင့် ပပနဲ့ဟန်နာရဲ့သမီးလေးပိုးပပဟန်တို့နှစ်ဦးသာ ထိုကလေးနှစ်ယောက်ကိုကြည့်ကာ ပီတိဖြစ်နေသူတွေမှာ ထားနဲ့ပပပင် အသက်နဲ့ဟန်နာကတော့ အသက်တို့ရဲ့ဆိုင်သူလေးတွေကိုတစ်လှည့် အသက်တို့ရဲ့သမီးလေးတွေကိုတစ်လှည့်ကြည့်ရင်းသာပီတိဖြစ်ပြီးကျေနပ်နေခဲ့ပါတယ်
ခန်းမရှိလူများအလယ်တွင် သက်သေတည်ကာ ထိုအမျိုးသမီးလေးနှစ်ယောက်ကို အသိအမှတ်ပြုခဲ့တယ်

အသက်ရဲ့သမီးစုသက်ထားနွယ်လေးမှာ အသက်ရဲ့အကျင့်အတိုင်းတစ်ပုံထဲပင် ကိုလိုချင်တာကိုရအောင်လုပ်မယ်ဆိုတဲ့အကျင့်ဟောတစ်ဖက်ကိုကြည့်ပြန်တော့လဲ ပပတို့ရဲ့သမီးပိုးပပဟန်လေးကလဲ သူ့မာမီဟန်နာရဲ့အကျင့်အတိုင်း ခေါင်းမာပုံမှာ တစ်ထေရာထဲသာ သူတို့နှစ်ဦးချစ်ကြိုက်နေတာကို အသက်တို့မသိခဲ့ရိုးအမှန်ပါ သမီးလေး၃နှစ်သမီးအရွယ်မှာ ပပကပိုးပပဟန်လေးကို ကိုယ်ဝန်လွယ်ခဲ့တယ် ကိုယ်ဝန်လွယ်နေစဥ်မှာလဲ ပပကသားလေးလားသမီးလေးလားဆိုတာကို အတ်ထရာဆောင်း မရိုက်ကြည့်ပဲ မွေးလာမှအံဩချင်တာတဲ့လေ ဒီတော့ထားက ပပကို သမီးပပတစ်ခုပြောမယ်ကွယ် တကယ်လို့သမီးမွေးတဲ့ကလေးက ယောကျာ်းလေးသာဆိုရင် စုသက်ထားနွယ်လေးနဲ့ပေးစားမယ် သမီးလေးဆိုရင်တော့ ထားလိုက်ပါလေဆိုပြီး ပြောတော့ ပပကလဲ ထားရဲ့စကားကိုထောက်ခံခဲ့တယ်

ဒီလိုနဲ့ ပပသမီးလေးမွေးခဲ့တယ် ထားလဲဒီကိစ္စကိုမေ့မေ့ပျောက်ပျောက်နေခဲ့တယ် တစ်နေ့အသက်တို့ နှစ်မိသားစုပျော်ပွဲစားထွက်ခဲ့ကြတယ် အသက်ရဲ့သမီးလေးကတော့၆နှစ်အရွယ် ပပရဲ့သမီးလေးက၃နှစ်အရွယ်ပေါ့ ကလေးတွေကအလွန်ထက်ကြတယ် လူကြီးတွေစကားပြောရင် သေချာအာရုံစိုက်နားထောင်ကြတယ် ဒါကြောင့်လဲဒီလိုနေ့ ဒီလိုမဂ်လာပဲဲဖြစ်လာရတာလေ အသက်တို့ကတော့ လောကအကြောင်းသိပ်နားမလည်သေးတဲ့ သမီးလေးတွေအရှေ့မှာ ပပရာနင်သာသားလေးမွေးရင်အခုလောက်ဆိုငါတို့နှစ်အိမ် ဆွေမျိုးတော်နေလောက်ပြီဟာ အခုတော့မတော်ရတော့ဘူး ပပရယ်လို့သမီးလေးနှစ်ယောက်ရှေ့မှာပြောခဲ့မိတယ်

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now