'ချယ်'(အပိုင်း-၃)

4.4K 256 4
                                    


ဟူး...........စုအိမ်ပြန်ရောက်တော့လက်ထဲဆုလေးကိုင်ပြီးသက်ပြင်းချမိတယ်ဘာလို့ဆိုစုမာမီမြင်ရင်အဆူခံရအုံးမယ်ဆိုတာစုသိနေပြီးသားမို့ပါ

သက်ထက်.....သက်ထက်ရေ......သက်ထက်

ငါ့ခေါ်နေတယ်လေမကြားဘူးလားအခန်းထဲကနေအောက်ဆင်းခဲ့စမ်း

ဟောစုအတွေးတောင်မဆုံးသေးပါဘူးမာမီရဲ့ဒေါသထွက်တဲ့အသံနဲ့ခေါ်တာကိုစုကြားလိုက်ရပြီစုလဲကြောက်ကြောက်နဲ့မာမီနားသွားခဲ့တယ်

မာမီအနားရောက်တော့မာမီကစုကိုကြည့်ပြီးနင့်ကိုနင်ဘာမှတ်နေလဲကျောင်းမှာကဗျာစပ်ပြိုင်ပွဲတွေဝင်မပြိုင်ဖို့ငါ့မှာထားလားမမှာထားဘူးလားပြောစမ်းသက်ထက်

မအေလုပ်သူကိုအသိမပေးပဲနင့်ဆုံးဖြတ်ချက်နဲ့နင်ပြိုင်ခဲ့တာဟုတ်တယ်မလားဘာလဲသက်ထက်နင်ကငါ့ကိုရှိတယ်လို့မထင်တာလားဟင်ပြောစမ်း

မာမီကဒီလိုပြောလာတော့မငိုရဘူးလို့တင်းထားတဲ့စိတ်ကအလိုလိုလျော့လာပြီးမျက်လုံးထဲကနေမျက်ရည်တွေကအတားအဆီးမရှိကျဆင်းလာတယ်

စုလဲမာမီ့ကိုမကြည့်ပဲခေါင်းငုံ့ထားရင်းသာပြန်ပြောလိုက်တယ်

စုမာမီ့ကိုအသိမပေးပဲပြိုင်တာမဟုတ်ပါဘူးမာမီကသိရင်ပြိုင်ခွင့်မပေးဘူးဆိုကိုစုသိတယ်ပြီးတော့စုက.....မနည်းအားယူပြီးပြောလိုက်တယ်

စုကဖေဖေနဲ့တူလို့ကဗျာစပ်တာဝါသနာပါတယ်မာမီ

မာမီကချက်ချင်းပဲငါ့မကြားချင်ဘူးသက်ထက်နင့်ကို့နင့်အဖေလိုမဖြစ်အောင်ငါပျိုးထောင်မှာအခုကစပြီးစာကလွဲလို့မဆိုင်တဲ့စာအုပ်တွေနင့်အခန်းထဲကထုတ်မယ်

မာမီလို့သာတစ်ခွန်းခေါ်ပြီးကြည့်လိုက်ပေမဲ့စုဘာတက်နိုင်မလဲနော်စုမှမာမီ့ကိုမလွန်ဆန်နိုင်တာ..........

အခုတော့စုအခန်းလေးကအကုန်လုံးပြောင်နေအောင်ကိုရှင်းသွားခဲ့ပြီလေအခန်းထဲကကဗျာနဲ့ပတ်သတ်တာတွေအကုန်လွှင့်ပစ်တဲ့ဆီကိုမာမီ့ကျေးဇူးကြောင့်ရောက်ခဲ့ပြီ

အခုချိန်မှာသတိအရဆုံးကဖေဖေပေါ့ဖေဖေရေစုလေဖေဖေ့နောက်ကိုသာလိုက်လာချင်မိတော့တယ်

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now