🔞'ချယ်'(အပိုင်း-၃၇)🔞

6.5K 213 12
                                    

အသက်-အသက်လဲ ချယ့်ကိုဟန်နာနဲ့မိတ်ဆက်ပေးကာ နားလည်မှုလွဲတာကို ဖြေရှင်းခဲ့ပြီး အသက်တို့လဲ အိမ်ပြန်လာခဲ့တယ် အိမ်ရောက်တော့မုန်တိုင်းကစတာပါပဲ မာမီက နင်ငါမသိပဲဘာလို့ပြန်လာတာလဲတဲ့လေ ဒီတော့အသက်လဲ မာမီသမီးကလေးမဟုတ်တော့ဘူး ဘယ်သူ့ဆုံးဖြတ်ချက်ကိုမှ လိုက်နာစရာမလိုဘူးပြောကာ ဟန်နာ့ကိုခေါ်ကာ အိမ်ပေါ်တက်လာခဲ့တယ်လေ အသက်တို့လဲ မြန်မာပြည်ကိုပြန်ရောက်ပြီးတစ်ပတ်ကြာတော့ ပပ​မွေးနေ့ရောက်လာတယ်လေ အသက်တို့လဲ ပပမွေးနေ့ကိုသွားဖို့ပြင်ဆင်ကာ အိမ်ပေါ်ကနေဆင်းလာတော့ မာမီကဘယ်သွားမလို့လဲမေးတော့ အသက်လဲပပမွေးနေ့ကိုသွားမလို့ ဆိုကာပြောပြီး ကားထဲဝင်ကာထွက်လာခဲ့တယ်လေ ကားမောင်းပြီးမကြာပါဘူး ပပတို့ခြံထဲကိုရောက်ခဲ့ပြီလေ အသက်တို့နဲ့ရှေ့ဆင့်နောက်ဆင့် ချယ်တို့ကားလေး​ရောက်လာတယ်လေ ချယ်ကကားပေါ်ကဆင်းတာနဲ့အသက်က အနားသွားကာ ချယ်လာလေဆိုပြီးတံခါးဖွင့်ကာ ချယ့်လက်လေးကိုကိုင်ပြီး ပပဆီသွားခဲ့တယ်လေ........

အသက်တို့လဲစကားတွေကောင်းနေကြတာ ချယ်တို့အကုန်လုံးကတော့လူကြီးတွေပီပီတစ်ဝိုင်းထဲစုထိုင်ကာနေကြတယ် အသက်လဲရေဆာသလိုဖြစ်ရတာနဲ့ အအေးတွေထားတဲ့နားကိုအသက်သွားခဲ့တယ်လေ အအေးခွက်ကိုကိုင်ပြီးအကုန်မော့ချလိုက်တယ် ပါးစပ်ထဲမှာပြင်းရှရှအရသာကို အသက်ခံစားလိုက်ရတယ် အသက်သိလိုက်ပြီ ဒါအရက်တွေနဲ့ရောထားတယ်ဆိုတာကို ခပ်လှမ်းလှမ်းကကောင်လေးကအပြေးလာပြီး ဟာအမဒီကခွက်ကိုအမသောက်လိုက်တာလားဆိုတော့ အင်းလေဘာလို့လဲဆိုကာ အသက်သိသိကြီးနဲ့မေးလိုက်တော့ အမဒီခွက်ကအရက်တွေထည့်ထားတာဗျတဲ့ဆိုတော့ ဟုတ်လားအမလဲမသိလို့ပါနော်လို့ ဆိုကာပြန်ပြောလိုက်တယ်လေ နောက်တော့ကလေးလို့အသံကြားလို့ အသက်လှည့်ကြည့်မိတော့ ချယ်........

ချယ်သက်-ဒီနေ့ပပလေးမွေးနေ့မလို့ ကျမရောမမယုပါအတူတူသွားခဲ့ကြတယ်လေ ကျမတို့ရောက်တော့ ကျမအသက်ကလေးကရောက်နှင့်နေပြီလေ ကားတံခါးဖွင်းပေးလာတယ် ကျမလက်ကိုဆွဲပီး ပပဆီအတူမွေးနေ့လက်ဆောင်ပေးဖို့သွားခဲ့ကြတယ် နောက်တော့ ကျမတို့လူကြီးတွေလဲစကားစုပြောကြတာပေါ့ ကျမဒီမှာသာထိုင်နေတာ ကျမမျက်လုံးတွေက ကလေးဆီပဲရောက်နေတာ ကျမလိုက်ကြည့်မိတော့ ကလေးကကောင်လေးတစ်ယောက်နဲ့ဘာတွေပြောနေမှန်းမသိဘူး ဒီတော့ကျမလဲမနေနိုင်စွာထကာ ကျမကလေးအနားသွားခဲ့တယ်လေ ကလေးအနားရောက်တော့ ကလေးလို့ခေါ်လိုက်တော့ လှည့်ကြည့်လာတယ်လေ ကျမသေချာကြည့်မိတော့ ကလေးကမျက်နှာလေးတစ်ခုလုံးလဲနီနေတာ ဒီတော့ဘာဖြစ်တာလဲမေးလိုက်တော့  ထိုကောင်လေးက ဟိုလေဒီအမအရက်ခွက်နဲ့အအေးမှားသောက်လိုက်တာပါ့လို့ဆိုလာတယ်လေ........

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now