အစု-ချယ့်ဖုန်းသံကြားတော့အစုလဲချယ်နဲ့အခန်းထဲကဆရာမတွေမသိအောင်ပြုံးမိတယ်ဒီသီချင်းသံကဘယ်သူ့ကိုပဲဆိုလိုဆိုလိုအစုကိုဆိုလိုတယ်လို့ပဲမှတ်ယူပြီးပျော်မိတယ်ချယ့်ကိုကြည့်လိုက်တော့လဲကပြာကရာဖုန်းကိုပိတ်ပြီးရှက်သွေးဖြာတဲ့မျက်နှာလေးနဲ့အစုကိုကြည့်နေတယ်...
နှစ်ယောက်စလုံးတိတ်ဆိတ်စွာအကြည့်တွေဖလှယ်နေတဲ့အခြေအနေကိုမုန့်စားပြန်တက်ဖို့သတိပေးတဲ့ခေါင်းလောင်းကဖြိုခွင်းလိုက်တယ်
ခေါင်းလောင်းသံကြားတော့ချယ်ကဒီလိုဆိုလာတယ်ကလေးအဆောင်ပြန်တော့လေလက်ကိုလဲအိမ်ကြရေချိုးရင်ရေမဝင်စေနဲ့အုန်းပြီးတော့......ပြီးတော့ချယ်ကပြောနေရင်းရပ်သွားတယ်
အစုလဲချယ်ပြောစရာမရှိရင်သွားလိုက်ပါအုံးမယ်ဆိုပြီးထလိုက်တော့အစုလက်ကိုဆွဲပြီးရွှန်းလဲ့တဲ့မျက်ဝန်းလေးတွေနဲ့ကြည့်ပြီးကလေးနောက်နေ့ရောချယ့်ကိုလာတွေ့အုံးမှာလားတဲ့လေ
အစုလဲဟုတ်လာတွေ့ပါ့မယ်လို့ပြောလိုက်တော့ချယ်အပြုံးလေးတစ်ပွင့်နဲ့ပြန်ပြီးတုံ့ပြန်လာတယ်(အစုစိတ်ထဲဘယ်လောက်ချစ်ဖို့ကောင်းတဲ့ကျမချယ်လဲဆိုပြီးတွေးမိတယ်)
ချယ့်ကိုနှုတ်ဆက်ပြီးနားနေခန်းကပြန်ထွက်လာခဲ့တယ်စိတ်ထဲလဲအရမ်းပျော်တယ်ချယ့်အပြုံးကိုမြင်ရတာတစ်လောကလုံးကိုအပိုင်စားရသွားတဲ့ခံစားချက်မျိုး.....
နောက်ရက်တွေလဲအမြဲပုံမှန်မုန့်စားကျောင်းဆင်းရင်ချယ့်ဆီသွားရတာကအစုရဲ့ပုံမှန်အလုပ်ပေါ့တစ်နေ့ထပ်တစ်နေ့သံယောဇဉ်တွေပိုတိုးလာတယ်......
၈တန်းကျောင်းသူလေးနဲ့၉တန်းဆရာမကခင်နေတော့တစ်မျိုးမြင်လာကြတဲ့ကျောင်းသူတွေရှိတယ်
အစုရောချယ်ရောကြားပေမဲ့ချယ်ကဒီလိုဆိုလာတယ်ကလေးဘယ်သူတွေဘာပြောပြောကိုယ်ကမှန်တာလုပ်နေရင်မကြောက်ရဘူးတဲ့......
အစုစိတ်ထဲကြောက်နေပေမဲ့ချယ့်အပြောချယ့်အပြုံးချယ့်ရဲ့အပြုအမူတွေကြောင့်အစုမကြောက်တော့ပါဘူး
![](https://img.wattpad.com/cover/298718391-288-k137188.jpg)
YOU ARE READING
'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)
Romanceသက်ထားနွယ်-ကျမဟာမိန်းမသားတစ်ယောက်ဖြစ်နေလျက်နဲ့ကို ကျမနှလုံးသားက မိန်းမသားတစ်ဦးကိုမှ ချစ်မိခဲ့တာ ဒီအချစ်အတွက်လဲ ကျမဘယ်သောအခါမှနောင်တမရမိပါဘူး စုသက်ထက်-အသက်ကLesbianတစ်ယောက်ဖြစ်တယ်ဆိုတာကို ချယ်နဲ့တွေ့မှသိခဲ့ရတာပါ ချယ့်ကိုချစ်တဲ့အချစ်တွေဟာလဲ ဘယ်သူနဲ့မှ...