'ချယ်'(အပိုင်း-၁၉)

2.1K 127 0
                                    

ချယ်သက်-ဒီနေ့ကျောင်းစဖွင့်ပြီလေ ကလေးလဲ၉တန်းကျောင်းသူလေး တစ်ယောက်ဖြစ်လာပြီ ကလေးကအရင်ကထပ် အရပ်ရှည်လာသလို အရမ်းလဲချော အရမ်းလဲပေါ်ပြူလာဖြစ်လာတယ်........

အစု-ဒီနေ့ ပထမဆုံး ၉တန်းကျောင်းသူကြီးဆိုတဲ့ ဘဝကိုစတင်ခဲ့ပြီလေ အစုရင်တွေအရမ်းခုန်နေတယ် ဘာလို့ဆို ချယ်က၉တန်းသင်တဲ့ ဆရာမလေ အဲတော့ အချိန်တိုင်း ချယ့်အနားမှာနေရတော့မယ် ဆိုတဲ့အတွေးနဲ့တင် ပျော်မိတယ်..

ချယ်လွှာ-ဒီနှစ်တော့ ကျမက ၁၀တန်းအတန်းပိုင်နေရာကိုမယူပဲ ၉တန်းဘောဂဗေဒတွဲ အခန်းရဲ့အတန်းပိုင်နေရာကို ကျမယူခဲ့တယ် ဘာကြောင့်ဆို ကလေးက ဘောဂဗေဒအတွဲ ယူထားတဲ့၉တန်း ကျောင်းသူလေးဖြစ်နေလို့ပဲ.....

ကျမကိုမတရားဘူးပဲပြောပြော ကျမက ကလေးရဲ့မူပိုင်ပဲ
ဖြစ်စေရမယ်လေ.......

ချယ်သက်-ကလေးကျောင်းတက်ရင် အခန်းရှာနေရမှာဆိုးတာကြောင့် ကျမအရင်ရက်က လိုက်စုံစမ်းပြီး ရှာထားပေးတယ်လေ ဒါမှကလေး ပထမဆုံးကျောင်းတက်တဲ့နေ့ လူတွေအများကြီးထဲ မတိုးရပဲ သက်တောင့်သက်သာ စာသင်နိုင်မှာလေ.........

ဒါပေမဲ့ ကျမသဘောမကျလှပါ ဝတ်လွှာက ကလေးအခန်းရဲ့အတန်းပိုင်လေ ဒါကိုဘာကြောင့် ကျမ သဘောမကျမှန်းမသိပါ သိတာက ကလေးအပေါ် ဝတ်လွှာရဲ့ အပြုအမူတွေ အကြည့်တွေ အပြောတွေ ကိုလဲကျမ မကြိုက်ဘူး.......

အိုအကုန်ကုန်ပြောရရင် ကလေးကို သူလုယူမယ်လို့ ကျမစိတ်ထဲဝင်နေမိတယ် ကျမအရမ်းစိုးရိမ်တယ် ဝတ်လွှာက ကလေးမေမေရဲ့ ငယ်သူငယ်ချင်းလေ ကလေးအနားကိုပိုပြီးနေဖို့ အခွင့်အရေးရှိနေသူပေါ.......

ကျမရဲ့လွန်နေတဲ့အတွေးတွေကိုရပ်ပြီး ကျောင်းကိုကားမောင်းထွက်လာခဲ့တယ် ကျောင်းရှေ့ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျမကိုတောင်ကျမ ဘာဖြစ်မှန်းမသိပဲ.......

ကားပေါ်ကနေ ဒေါသတကြီး ဆင်းကာ ကလေးလို့ ဒေါသသံတွေအပြည့်နဲ့ ကျမခေါ်လိုက်မိတယ် ဘာကြောင့်ဆို ဝတ်လွှာ ကားထဲကနေ ကလေးဆင်းလာခြင်းကြောင့်သာ...

အစု.-ဒီနေ့ ကျောင်းသွားဖို့ပြင်ပြီးတော့ အိမ်အောက်ဆင်းလာကာ မာမီ့ကိုထိုင်စောင့်နေမိတယ် အရင်က ဖယ်ရီကားနဲ့သွားတာမှန်ပေမဲ့ ဒီနေ့ကပထမဆုံးကျောင်းသွားတဲ့နေ့မို့ ကျောင်းကဖယ်ရီကားကို စီးမယ်မပြောရသေးတဲ့အတွက်
ကြောင့် မာမီကလိုက်ပို့မယ်ပြောထားတာကြောင့်ပါ.....

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now