အစု-ချယ်ကဒီနေ့အားလားဟင်ဆိုပြီးမေးလာတယ် အစုလဲအားပါတယ်ပေါ့ဆိုပြီးပြောတော့ချယ်ကဒီနေ့ချယ့်မွေးနေ့အဲဒါကလေးကိုအပြင်မှာမုန့်လိုက်ကျွေးချင်လို့ပါတဲ့......အစုလဲဟုတ်ချယ်ဘယ်သူတွေပါသေးလဲဟင်သမီးတို့နဲ့လို့မေးလိုက်တော့ချယ်ကဘယ်သူမှမပါပါဘူးကလေးရယ်.....
ချယ်ကကလေးကိုပဲမွေးနေ့ဖိတ်တာပါလို့ချယ်ကပြောတော့အစုဆိုတဲ့ဒီကလူသားကပျော်ပြီလေပြီးတော့ဘယ်သူတွေပါလဲမေးရတဲ့အကြောင်းကတစ်ခြားတပည့်တွေပါရင်မလိုက်ချင်ဘူး.....
ဘာလို့ဆိုချယ့်မွေးနေ့မှာအနားရှိနေတဲ့သူကအစုဖြစ်ချင်လို့ပဲအခုတော့နှစ်ယောက်ထဲလို့ပြောတော့ပျော်တာပေါ့အစုလဲဟုတ်သမီးမာမီကိုပြောပြီးရင်လာခဲ့မယ်နော်......
အော်ဒါနဲ့လေချယ့်အိမ်ကိုသမီးမှမသိတာဆိုတော့ချယ်ကမပူနဲ့နော်ကလေး ကလေးအိမ်ကိုချယ်လာခေါ်မှာပေါ့တဲ့လေအဲလိုပြောတော့အစုစိတ်ထဲငါဒီနေ့ကံအတော်ကောင်းနေပါလားလို့တောင်တွေးမိတယ်......
ချယ်ကအဲဒါဆိုကလေးပြင်ထားတော့နော်ချယ်နောက်တစ်နာရီဆိုလာခေါ်မယ်လို့ချယ်ကပြောပြီးဖုန်းချမယ်ဆိုတော့မှအစုသတိရတယ်ဘာကိုသတိရလဲဆိုရင်ချယ်ကငါ့အိမ်ကိုမှမသိတာ....
အာချယ်ခနလေးခနလေးဆိုပြီးအော်လိုက်မိတော့ချယ်ကအမလေးကြက်တူရွေးလေးရဲ့ဖြေးဖြေးခေါ်ပါတဲ့ဆိုပြီးတောင်နောက်လိုက်သေးတယ်....
ချယ်ကပြောလေကလေးတဲ့ဆိုတော့ဟိုလေချယ်ကသမီးအိမ်မသိပဲဘယ်လိုလာမှာလဲဟင်ဆိုတော့ချယ်ကရီပြီးပြောတယ်ကျမကဆရာမပါအဲလောက်တော့မသိစရာလားတဲ့.....
ချယ်-ကလေးကစိုးရိမ်ကြီးစွာနဲသူ့အိမ်သိလားလို့မေးလာတော့ကျမရီမိတယ်ကျမသိတာပေါ့ဘာလို့ဆိုကလေးအကြောင်းကိုသူ့အတန်းပိုင်ဆီကမေးထဲကအိမ်လိပ်စာပါမေးထားခဲ့တာလေ.........(ညဏ်ကောင်းလွန်းလိုက်တဲ့ချယ်)
အစု-ချယ်အစုအိမ်မသိလောက်ဘူးအထင်နဲ့ပြောမယ်လုပ်ပေမဲ့ချယ်ကသိနေတယ်လေဘယ်လိုသိတာလဲမမေးတော့ပါဘူးဟုတ်လို့သာပြောပြီးဖုန်းချလိုက်တယ်.......
![](https://img.wattpad.com/cover/298718391-288-k137188.jpg)
YOU ARE READING
'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)
Romanceသက်ထားနွယ်-ကျမဟာမိန်းမသားတစ်ယောက်ဖြစ်နေလျက်နဲ့ကို ကျမနှလုံးသားက မိန်းမသားတစ်ဦးကိုမှ ချစ်မိခဲ့တာ ဒီအချစ်အတွက်လဲ ကျမဘယ်သောအခါမှနောင်တမရမိပါဘူး စုသက်ထက်-အသက်ကLesbianတစ်ယောက်ဖြစ်တယ်ဆိုတာကို ချယ်နဲ့တွေ့မှသိခဲ့ရတာပါ ချယ့်ကိုချစ်တဲ့အချစ်တွေဟာလဲ ဘယ်သူနဲ့မှ...