'ချယ်'(အပိုင်း-၂၂)

1.9K 118 2
                                    

'ချယ်'

အပိုင်း-၂၂

ချယ်သက်-ကျမလဲကားမောင်းကာ ကျောင်းကနေထွက်လာတယ်လေ ကားမောင်းနေစဉ်လဲ တစ်ဖက်ကကားစီယာတိုင်ကိုကိုင်ပြီး တစ်ဖက်ကချစ်ရသူလေးလက်ကိုကိုင်
ကာ ကားမောင်းလာခဲ့တယ်လေ......

မကြာလိုက်ပါဘူး ကျမအသက်ကလေး အိမ်ကိုရောက်ခဲ့ပြီလေ ကျမထင်တဲ့အတိုင်းပဲ ဝတ်လွှာကအရင်ရောက်နေခဲ့တယ်လေ.......

ကျမလဲကားရပ်ကာ အသက်ကလေးရဲ့ လက်ကိုဆွဲပြီးအိမ်ထဲဝင်လာတယ်လေ အိမ်ထဲရောက်တော့ ကလေးမေမေရယ် ဝတ်လွှာရယ်အတူ ဧည့်ခန်းထဲမှာထိုင်နေကြတယ်
လေ ပြီးတော့ ကလေးမေမေက စုသက်ထက် နင်အတော်သတ္တိကောင်းနေတယ်ဟုတ်လားဟင်တဲ့......

ငါဘာမှာလိုက်လဲ ကျောင်းပြန်လဲဝတ်လွှာနဲ့ ပြန်လာရမယ်
လို့ငါမမှာလိုက်ဘူးလားဟင် ဆိုတော့ ကျမအရှေ့ကနေကာပြီး အိုအမရယ် ဒါကလေးအပြစ်မဟုတ်ပါဘူး ကျမကြောင့်ပါ ကျမကအတင်းခေါ်လာတာပါ.....

ပြီးတော့ ကျူရှင်သင်ဖို့ကိစ္စလဲပြောချင်တာနဲ့ တစ်ခါထဲလမ်း
ကြုံခေါ်လာတာပါ ကလေးကိုမဆူပါနဲ့အမရယ်လို့ ကျမပြော
လိုက်တော့......

ကလေးမေမေက ဟုတ်ပြီလေ လွှာကတော့ပြောထားပါတယ် ဒီကဆရာမက အင်္ဂလိပ်စာအသင်အပြအရမ်းကောင်းတယ်ဆိုတာကို လွှာပြောပြထားလို့ ကျမသိပါတယ်......

ဒါနဲ့ ကျမသမီးကို စာပဲသင်ပေးဖို့ ကျမတောင်းဆိုပါတယ် အခြားအရာတွေမသင်ပေးမိအောင် ကြိုးစားပါတဲ့ ကလေးမေမေပြောတဲ့စကားကို ကလေးကသာနားမလည်ရင်နေမယ်
ကျမကတော့ သက်တူရွယ်တူပီပီ ကလေးမေမေပြောတာကိုနားလည်ပါတယ်......

ကျူရှင်ကိစ္စတွေ အကုန်ပြောပြီးတော့ ကျမလဲအိမ်ပြန်ဖို့ပြင်ခဲ့တယ်လေ အချိန်ဇယားတွေပါအကုန်ညှိခဲ့တယ်လေ.....

တနလာၤေန႔-ျမန္မာ,သခ်ာၤ
အင်္ဂါနေ့-ဓာတု,ရူပ
ဗုဒ္ဓဟူးနေ့-ဘောဂ,အင်္ဂလိပ်
ကြာသာပတေးနေ့-မြန်မာ,ရူပ
သောကြာ​နေ့-သချာင်္,ဓာတု
စနေ-ဘောဂ,အင်္ဂလိပ်
တနင်္ဂနွေနေ့နားရက်တဲ့လေ...........

ကျမ လွှာရဲ့အကွက်ကျမှုကို လေးစားမိတယ် ဘာကြောင့် ဆို သူ့ဘောဂဗေဒဘာသာနဲ့ ကျမရဲ့အင်္ဂလိပ်ဘာသာကိုတွဲထားခြင်းကြောင့်ပဲလေ.......

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Donde viven las historias. Descúbrelo ahora