'ချယ်'(အပိုင်း-၅)

3.7K 210 0
                                    

ဘာလိုလိုနဲ့ကျမဒီကျောင်းကိုရောက်တာ၁ပတ်ပင်ပြည့်တော့မယ်အခုထိပြန်တွေ့မယ်လို့ပြောထားတဲ့ကျမကလေးလေးကိုကျမမတွေ့ရသေးပါဘူး.........

ဘာလို့ဆိုအခုထိကျောင်းအလုပ်တွေကျောင်းကဆရာမတွေကျောင်းသူကျောင်းသားတွေနဲ့အသားကျအောင်ကျမကြိုးစားနေရတယ်လေ

ကလေးလေးကိုတွေ့ချင်တဲ့စိတ်ကိုချိုးနှိမ်ပြီးကျမအလုပ်တွေမပျက်လုပ်နေရတယ်.......ဒီလိုလုပ်ရတာကျမအတွက်အရမ်းခက်ခဲတယ်ကျမကလေးမျက်နှာလေးကိုမြင်ရဖို့ကျမဘက်ကပဲစကြိုးစားရတော့မှာပေါ့

ကလေးလေးကကျမတို့နားနေခန်းမှာဆရာမတွေအမြဲမပျက်တော်ကြောင်းချီးကျူးတဲ့ကလေးတွေထဲမှာထိပ်ဆုံးပေါ့

ကလေးလေးအကြောင်းတွေသူ့၈တန်းအတန်းပိုင်ဆီကနေသိခဲ့ရတယ်ကလေးလေးက ကဗျာစပ်တာသိပ်တော်သလိုစာမှာလဲတော်တဲ့ကလေးတစ်ယောက်တဲ့သူ့မှာအဖေမရှိတော့ဘူးအမေကစီးပွားရေးလုပ်ငန်းရှင်တဲ့

အဖေမရှိတော့ဘူးလို့ကြားတော့ကျမရင်ထဲကလေးလေးနဲ့ထပ်တူဝမ်းနည်းရတယ်ပိုပြီးလဲချစ်လာမိတယ်

ဒီနေ့တော့ကျမဆုံးဖြတ်ချက်ချခဲ့တယ်မုန့်စားဆင်းချိန်ကြရင်ကလေးလေးရှိတဲ့၈တန်းအဆောင်ဘက်ကိုရအောင်သွားမယ်လို့

ပြောသာပြောရတာပါကလေးလေးကရောကျမကိုတွေ့ချင်ပါ့မလား.........

မုန့်စားဆင်းချိန်ရောက်တော့ကျမဆုံးဖြတ်ချက်အတိုင်း၈တန်းအဆောင်ဘက်ကိုခြေလှမ်းတွေလှမ်းခဲ့တယ်

ကျမသွားနေတုန်းမှာအမှတ်မထင်ကျောင်းသူလေးတစ်ယောက်နဲ့ဝင်တိုက်မိခဲ့တယ်ကျမကဘာမှမဖြစ်သွားပေမဲ့ကျောင်းသူလေးကတော့နောက်ကိုဖင်ထိုင်ရက်လဲကျသွားတယ်

ကျမလဲလန့်သွားတာပေါ့အဲကလေးဘာဖြစ်သွားလဲဟင်ဆရာမမမြင်လို့ဝင်တိုက်မိတာပါကွယ်လို့ဆိုတော့ကျောင်းသူလေးကခေါင်းမော့လာတယ်

ဟောဝင်တိုက်မိတဲ့ကျောင်းသူလေးကကျမကလေးလေးဖြစ်နေပါရောလား

ကလေးကအံ့ဩသွားတယ်နဲ့တူတယ်.......'ချယ်'လို့ခေါ်လိုက်တယ်

ကျမအရမ်းဝမ်းသာသွားတယ်ကလေးလို့လဲနှုတ်ကနေထွက်သွားပြီးဘယ်နားနာသွားလဲဟင်အုံဖွဆိုပြီးလုပ်ပေးနေမိတယ်

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now