'ချယ်'(အပိုင်း-၂၄)

1.8K 116 0
                                    

ချယ်သက်-ကလေးအိမ်ကိုရောက်တော့ ကျမတို့လဲ စာစသင်တယ် ကျမရဲ့ကလေးမလို့ပြောတာမဟုတ်ပါဘူး သူလေးကညဏ်အရမ်းကောင်းတယ် တစ်ခါပဲရှင်းပြရတယ် အကုန်
နားလည်တယ်လေ........

စာကျက်ခိုင်းပြန်တော့လဲ ခနလေးနဲ့ရပြန်ရော ဒီလိုတပည့်မျိုးကိုပိုင်ဆိုင်ထားရတဲ့ ဆရာမတစ်ယောက်ဖြစ်လို့် ဂုဏ်လဲယူရသလို ကျမချစ်ရသူလေးအနေနဲ့လဲ ကျမပီတိဖြစ်မိတာအမှန်ပါ.......

ကျမစာသင်ချိန်ပြီးမှာကို ကျမစိတ်ထဲမလိုလားဘူး ဘာ့ကြောင့်ဆို နောက်အချိန်က လွှာအချိန်ဖြစ်နေလိုပဲ ကျမကလေးနဲ့သူ့ကိုနှစ်ယောက်ထဲထားခဲ့ရမှာ ကျစိတ်မချဘူး ကလေးကိုအပြည့်အဝယုံကြည်ပေမဲ့ ကျမလွှာ့ကိုမယုံဘူး​လေ..

ညနေ၅နာရီကျမစာသင်ချိန်လဲပြီးပြီလေ ကလေးက ချယ်မ
ပြန်နဲ့အုံးနော် အသက်နဲ့ထမင်းအတူတူစားသွားပါတဲ့လေ ဆိုတော့ ကျမကအသက်ကလေးရယ် ကလေးမာမီကိုအားနာတယ်ကွဲ့ ပြီးတော့ဆိုပြီး ကျမစကားမဆုံးလေးဘူး ကလေးပေါက်စလေးလို ရင်ခွင်ထဲဝင်လာပြီး ချွဲကာ ဟာရပါဘူး ဒီကကိုယ့်ရဲ့အိမ်သူသက်ထားလေးနဲ့ ထမင်းအတူစားချင်တာကိုကွာတဲ့.......

ကြားလိုက်ကြလား ကျမတော့အသေအချာကြားလိုက်မိ
တယ် ဘာတဲ့ ကျမကသူ့ရဲ့ အိမ်သူသက်ထားလေးလို့ ကျမ
အသက်ကလေးကဆိုလိုက်တာကိုလေ......

ကျမလဲ ဒီစကားကြားတော့ လုံးဝမငြင်းသာတော့ပဲ ဟုတ်ပါ
ပြီကွယ် ဒီကရှင့်ရဲ့အိမ်သူသက်ထားလေးက အတူတူထမင်းစားပြီးမှပြန်မှာပါလို့ပြောလိုက်တော့ ခေါင်းလေးမော့လာ
ပြီး ဒါမှအသက်ရဲ့အချစ်တဲ့လေဆိုတော့.......

အချစ်တဲ့လား ဒီကလေးဘာလို့အဲလောက်စကားတက်နေရတာလဲ ချယ့်ရဲ့ရေခဲတုံးအသက်ကလေးက ဘယ်တုံးကအဲ
လောက်စကားတက်သွားတာလဲလို့မေးတော့ ချယ့်ကိုစချစ်
မိတဲ့နေ့ထဲကတဲ့လေ ဖြေတက်လိုက်တာ.........

ကျမတို့ရဲ့ ရယ်သံတွေတွေလွင့်တဲ့အခန်းကို တိတ်ဆိတ်ငြိမ်သက်အောင်လုပ်လိုက်သူမှာ ကလေးရဲ့မေမေပင် ကျမလဲချက်ချင်းဆိုသလို ဖက်ထားတာကိုလွှတ်လိုက်ပြီး ပုံမှန်
အတိုင်းရပ်နေကာ ကလေးမေမေကို ကျမစာသင်တာပြီးလို့ ပြန်လိုက်ပါအုံးမယ်ဆိုတော့.......

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now