'ချယ်'(အပိုင်း-၂၇)

1.7K 110 2
                                    

အသက်-အသက်နှုတ်ခမ်းကို ဖွဖွလေးနမ်းပြီး ချယ်ကပြန်လွှတ်ကာ ချယ့်ရဲ့အသက်ကလေးရယ် ချယ်တော့ ဒီနှစ်​မွေးနေ့လေးကို ဒီတစ်သက်မမေ့နိုင်တော့ဘူးလိုဆိုလာတယ် အသက်ကလဲ ချယ်ရယ်ဒီနှစ်မွေးနေ့မှမဟုတ်ဘူး နောင်နှစ်ပေါင်းများစွာ
ကြာတဲ့အထိ ချယ့်မွေးနေ့တိုင်းမှာ ချယ့်ရဲ့အသက်ကအမြဲရှိနေမှာပါ လို့ဆိုလိုက်တော့ ချယ်က အရမ်းချစ်တယ်အသက်ကလေးရယ်တဲ့လေ........

အသက်တို့ရဲ့အချစ်တွေကြားထဲ မုန်တိုင်းကတော့စလာပြီဆိုတာ အသက်ရော ချယ်ပါမသိခဲ့ရိုးအမှန်ပါ.......

ချယ်လွှာ-ဒီနေ့မနက် ကျမကလေးကိုအိမ်ကနေ ကျောင်းသွားဖို့ သွားခေါ်ခဲ့တယ်လေ ဘာရယ်မသိ ကလေးကဒီနေ့မှ အတော်တက်ကြွနေတာ အဲတော့ကျမလဲ မနေနိုင်စွာဖြင့် မေးမိတယ် အသက်သမီး ဘာပျော်စရာရှိလို့လဲလို့ မေးလိုက်တော့ ကလေးက ပြုံးပြုံးလေးနဲ့ ဒီနေ့လေ အသက်ချယ်ရဲ့မွေးနေ့ အဲဒါကျောင်းမှာ ချယ့်ကိုSupeiseလုပ်ပေးမလို့ပါ ချယ်လွှာလဲလာရမယ်နော်တဲ့ ကလေးကပြောတော့ ကျမလဲအင်းလို့သာပြန်ဖြေလိုက်တယ်လေ.......

ကျမမလာချင်ဘူးလို့လဲ မပြောရက်ပါ ဘာကြောင့်ဆို ကျမဒီကလေးမျက်နှာညှိုးမှာ အရမ်းကြောက်လို့ပါ သူလေးကိုကျမအဲလောက်ထိချစ်တာပါ ကျမကိုအတ္တကြီးတယ်ပဲဆိုဆို တစ်ချိန်ချိန် ကျမရင်ခွင်ထဲပဲ ကလေးရောက်ရမယ်ဆိုတဲ့ အသိစိတ်က
ကျမကိုစိုးမိုးထားတယ်လေ......

ကျောင်းရောက်တော့ ကလေးကကားပေါ်ကဆင်းပြီး ကျောင်းထဲသာဝင်သွားတယ်လေ နောက်တော့ မသက်ထားရဲ့ မွေးနေ့ပွဲလုပ်ပေးဖို့အချိန်ကျလာပြီလေ ကျမလဲအဲအဆောင်ဘက်ကိုနောက်ကျမှ သွားခဲ့တယ် ဘာလို့ဆို အရမ်းပျော်နေကြတဲ့ မြင်ကွင်းကို ကျမမကြည့်ရက်နိုင်ဘူးလေ သို့ပေသော် ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ကျမ ကျမစိတ်ထဲ ဒေါသတို့သာကြီးစိုးလာခဲ့တယ် မသက်ထားကကလေးကိုအနမ်းပေးနေတဲ့ မြင်ကွင်းကို ကျမအမိအရဓာတ်ပုံရိုက်ယူခဲ့တယ်လေ.......

ကျမတွေးလိုက်တယ် ကျမကိုလူကြမ်းတစ်ယောက်လို့ပဲဆိုဆို အိုအကုန်ကုန်ပြောမယ် ကလေးကကျမကိုမုန်းမယ်ဆိုရင်တောင် အဲအမုန်းကိုကျမကြေကြေနပ်နပ်လက်ခံပြီး သူတို့ကိုရအောင်ကျမခွဲမယ်လို့ဆုံးဖြတ်ကာ အဲအခန်းနားကနေကျမပြန်လှည့်ခဲ့တယ်လေ..........

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now