'ချယ်'(အပိုင်း-၄၀)

2.2K 118 0
                                    

အသက်-အသက်လဲချယ့်လက်လေးကိုကိုင်ကာ ချယ်တို့ နားနေခန်းအထိလိုက်ပို့ခဲ့တယ် နားနေခန်းရှေ့ရောက်တော့ အသက်ခြေထောက်တွေက အလိုလိုရပ်သွားမိတယ် အသက်စိတ်ထဲလဲ ချယ်လွှာ့ကို မတွေ့ချင်ဘူး ထပ်ပြီးလဲအရင်ကလို ချယ်တို့ပြသနာဖြစ်မှာကို မလိုလားဘူး သို့ပေသော် ချစ်ရသူလေးက အသက်လက်ကိုတင်းနေအောင် ကိုင်ထားတဲ့အတွက် အသက်လဲဘာကိုမှ နောက်မတွန့်ပဲရင်ဆိုင်မယ်လို့ဆုံးဖြတ်ကာ အသက်ဒီနားနေခန်းထဲကိုဝင်ခဲ့တယ် အသက်နားနေခန်းထဲရောက်တော့ ဆရာမတွေရဲ့အကြည့်တွေအကုန်လုံးက အသက်ဆီမှာပဲ ကြည့်နေတဲ့အကြည့်တွေရဲ့ အဓိပ္ပါယ်ကိုအသက်သိတာပေါ့ သူကဘယ်သူလဲဆိုတဲ့အကြည့်မျိုးနဲ့လေ အဲအကြည့်တွေကိုကျော်ကာ ကြည့်နေမိတာအသက်ပါ ဘာကိုကြည့်တာလဲဆိုရင် ချယ်လွှာရှိမရှိကိုကြည့်နေခြင်းပါ အသက်လိုက်ကြည့်မိတော့ နားနေခန်းထဲမှာချယ်လွှာရှိမနေတော့မှ အသက်သက်ပြင်းရဲရဲချမိတယ် ထိုအချိန် ဆရာမတစ်ယောက်က စကားဆိုလိုက်တယ် သက်ထားညမ အဲကလေးကဘယ်သူတုန်း အမတို့တစ်ခါမှမတွေ့ဖူးဘူးဆိုတော့ ချယ်က အသက်ခါးကိုလက်လေးနဲ့ကိုင်ကာ အမတို့သေချာကြည့်ပါအုံး သူလေးကိုဆိုတော့ အဲဒါ'စုသက်ထက်'လေအမတို့ရဲ့ ဒီကျောင်းကကျောင်းသူလေး အမတို့မှတ်မိအောင်အလွယ်ပြောရရင် ၂၀၁၃ပညာသင်နှစ်တုန်းက ၈တန်းအစိုးရစစ်ကို ကျောင်းမှာပထမနဲ့အောင်သွားတဲ့ကလေးလေဆိုပြီး ပြောလာတဲ့ ဆရာမကိုလှည့်ကြည့်မိတော့ ချယ်လွှာပင် ဖြစ်နေတော့ အသက်အလွန်ကိုလန့်သွားတာပါ........

ချယ်လွှာ-ဒီမနက်ကျမဂိတ်ဂျူတီစောင့်ရမဲ့အလှည့်ပါ ဒါကြောင့်မို့ ကျောင်းကိုစောစောရောက်ကာ နားနေခန်းထဲကျမ ခြင်းတောင်းဝင်ထားကာ ဂိတ်ကိုပြန်လာပြီး ဂိတ်ထဲဝင်ထိုင်နေခဲ့ပါတယ် ၇နာရီခွဲလောက်ဆိုတဲ့အချိန်တစ်ခုမှာ ကျမရင်းနှီးနေတဲ့ကားတစ်စီးက ကျောင်းရှေ့မှာ ရပ်လိုက်တာကိုကျမတွေ့လိုက်ပါတယ် ဒီတော့ကျမလဲဂိတ်ထဲကနေဆက်ကြည့်မိနေတော့ ကားထဲကနေမိန်းကလေးတစ်ယောက် ဆင်းလာတာကိုကျမတွေ့တယ် အင်္ကျီကShirtအမဲလေးနဲ့ ဘောင်းဘီကလဲအမဲပါတွဲပီးလိုက်ဖက်အောင်ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက် ထိုမိန်းကလေးက ကားတံခါးကိုဖွင့်ပေးနေတယ် ဆင်းလာမဲ့သူကိုကျမကြည့်မိတော့ သက်ထားပင် ဒါဆိုသေချာပါပြီ ထိုမိန်းကလေးက ကျမချစ်ရတဲ့သူ​လေး ကျမအနှစ်နှစ်အလလစောင့်မျှော်နေသူလေး မြန်မာပြည်ပြန်လာပြီလို့ ကလေးမေမေပြောထဲက တွေ့ဖို့ကျမကြိုးစားခဲ့တယ် ကလေးကလုံးဝအတွေ့မခံခဲ့လို့ ကျမအခုထိသူလေးကိုမမြင်ဖူးသေးဘူးလေ သူလေးကအသက်ကြီးလာပေမဲ့လဲ အရင်အတိုင်းချစ်ဖို့ကောင်းတဲ့မျက်နှာလေး ရှိနေသေးတယ်လေ ကျမလဲလိုက်ကြည့်နေမိတယ် ကျမအရှေ့ကနေ သက်ထားနဲ့ကလေးကဖြတ်သွားတယ် ဒီတော့ ကျမလိုက်သွားဖို့ပြင်လိုက်ပေမဲ့ တာဝန်ရှိတယ်ဆိုတဲ့အသိနဲ့ ကျောင်းတက်ချိန်ထိစောင့်ကာ ကျမဂိတ်မှာထိုင်နေခဲ့တယ် မကြာဘူး ကျောင်းတက်ချိန်ရောက်ခဲ့ပြီလေ ဒီတော့ကျမလဲ နားနေခန်းကိုခပ်သွက်သွက်သွားခဲ့တယ် ကျမ သိပ်များအတ္တကြီးနေပြီလားဟင် ကျမလေဒီလိုမြင်ကွင်းတွေကို မြင်ရတာမကြိုက်ပါဘူး ဘာလို့ဆို ကျမနားနေခန်းအရှေ့ရောက်တော့ ကလေးခါးကိုသက်ထားကဖက်ထားကျမတွေ့လိုက်ရခြင်းကြောင့်သာ........

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now