'ချယ်'(အပိုင်း-၂၀)

2.2K 134 1
                                    

ချယ်သက်-ကျမဘက်ကနေစပြီး ဝတ်လွှာကို စကားပြောဖို့ခေါ်ခဲ့ပေမဲ့ တကယ်တန်း ကျမသူ့ကို ဘယ်ကနေဘယ်လိုစပြောရလဲနော် ကလေးအနားကိုမကပ်ဖို့ ပြောလိုက်ပြန်ရင်လဲ ကျမဘယ်လို အကြောင်းကြောင့် မကပ်ဖို့ပြောရမလဲ
ကျမအတွေးတွေကိုရပ်တန့်ပြီး..........

ကျမတို့နှစ်ယောက်ထဲ စကားပြောဖို့ စာကြည့်တိုင်ကိုသာထွက်လာခဲ့တယ်လေ ဝတ်လွှာကလဲ အရှေ့က သွားနှင့်သလို ကျမလဲကိုယ့်အတွေးနဲ့ကိုယ် အနောက်ကသာ လိုက်ဝင်ခဲ့တယ်.......

စာကြည့်တိုက်ထဲရောက်တော့ ကျမသတ္တိတွေမွေးပြီး ဝတ်လွှာကို ဒီလိုဆိုခဲ့တယ်လေ ဝတ်လွှာညမ အမအတ္တကြီးစွာနဲ့ပြောပရစေ စုစက်ထက်လေး နားကိုမကပ်ပါနဲ့လို့ပြောလိုတော့......

ဝတ်လွှာက ကျမကိုမဲ့ပြုံးပြုံးပြီး ဘာလို့မကပ်ရမှာလဲ မသက်ထား စုသက်ထက် ဆိုတဲ့ကလေးက အမပိုင်တဲ့အရာမှမဟုတ်တာ ပြီတော့ ဆိုင်လဲမဆိုင်ဘူးဆိုတာ ညမသိတယ်တဲ့လေ.......

ကျမလဲ ဟုတ်တယ် ဝတ်လွှာပြောသလိုပဲ စုသက်ထက်က အရာဝတ္တုမဟုတ်ပေမဲ့ အမပိုင်တဲ့ပစ္စည်းတွေထဲမှာတော့ တန်ဖိုးအကြီးဆုံးနဲ့အဖိုးမဖြတ်နိုင်တဲ့ အမရဲ့အသက်အမရဲ့အသဲနှလုံးပဲ ဒါကြောင့် အမကလေးနဲ့ ဝေးဝေးနေပါလို့ ကျမပြတ်သားစွာ ဆိုလိုက်တယ်လေ.......

ချယ်လွှာ-ကျမက ဒီကလေးကိုမြင်မြင်ချင်းထဲကချစ်ခဲ့သူပါ သူလေးကအနေအေးသလို အရမ်းလဲချစ်ဖို့ကောင်းတဲ့ကလေးတစ်ယောက် ဆိုတာမငြင်းနိုင်တာအမှန်ပါ.......

အခုတော့ဒီနှစ်မှပြောင်းလာတဲ့ ဆရာမသက်ထားနွယ်နဲ့ ဘယ်လိုသိမှန်းမသိပဲ အရမ်တွေခင်တယ်နေတယ်လေ ကျမသူတို့ကိုတွဲမြင်ရတိုင်း ကျမနှလုံးသားနာကျင်ရတယ် အခုတော့ ကလေးရဲ့အမေက ကျမငယ်သူငယ်ချင်းဖြစ်​နေတာကတစ်ကြောင်း ကျမကိုယုံကြည်လိုအပ်ထားတာကတစ်ကြောင်း ကျမအရဲစွန့်ကာဒီကကေလေးကိုပိုင်ဆိုင်ဖို့ ကျမကြိုးစားတော့မယ်လို့ဆုံးဖြတ်လိုက်တယ်လေ.....

ကျမကအရင်ထဲက လိုချင်တာကိုရအောင်ယူတက်သူပါ အရမ်းလဲ အစွဲအလမ်းကြီးတဲ့သူတစ်ယောက်ပါ ကျမဘဝမှာ ဖေဖေနဲ့မေမေက ကျမ၃နှစ်သမီးထဲက ကွာရှင်းထားတာကြောင့် ကျမမိဘတွေရဲ့အချစ်ကိုမရခဲ့ဘူးလေ.......

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Donde viven las historias. Descúbrelo ahora