'ချယ်'(အပိုင်း-၁၅)

2.3K 151 2
                                    

အစု-ချယ်ကအိမ်အထိ ကိုယ်တိုင်ကားမောင်းပြီး လိုက်ပို့ခဲ့တယ် အစုလဲအိမ်ရောက်တော့ မာမီ သမီးပြန်ရောက်ပြီဆိုတော့ မာမီကအေး အခုနားတော့ ပြီးရင်အခန်းထဲခနလာခဲ့တဲ့လေ........

အစုလဲ အစုအခန်းထဲဝင်ကာ ရေချိုးလိုက်တယ် ပြီးတော့ အိမ်နေရင်းပေါ့ပေါ့ပါးပါးလေးဝတ်ပြီး မာမီးအခန်းဆီသွားခဲ့တယ်..........

မာမီ့အခန်းရှေ့ရောက်တော့ အစုတံခါးခေါက်လိုက်တယ် အထဲကနေ မာမီကဝင်ခဲ့ဆိုပြီး အသံပြုမှ အစုလဲဝင်သွားတယ်လေ......

အထဲရောက်တော့ မာမီက ဒီမှာထိုင်ဆိုတဲ့ သဘောနဲ့ခေါင့်ညှိမ့်ပြတော့ အစုလဲ မာမီအိပ်ယာဘေးက ခုံမှာဝင်ထိုင်လိုက်တယ်လေ.......

ပြီးတော့မာမီက စကားစလာတယ် စုသက်ထက် အခုဆိုရင်
၈တန်းလဲ နှစ်ဝက်စာမေးပွဲဖြေပြီးပြီ နောက်လနည်းနည်း
ကြာရင် Finalလဲဖြေရတော့မယ် အဲတာတွေပြီးရင် ရှေ့ဆက်ဘာလုပ်ဖို့ တွေးထားလဲ.......

မာမီဘာကြောင့် ဒီလိုမေးလဲဆိုတာ အစုသိပါသည် ၈တန်းအောင်လို့ ၉တန်းတက်ရရင် ဘယ်ဘာသာအတွဲယူပြီး ဘာလုပ်မယ်ဆိုတာကို မေးခြင်းသာဖြစ်တယ်ဆိုတာလေ...

အစုကလဲ ဟုတ်မာမီ သမီးစဉ်းစားထားပါတယ် သမီးEco
တွဲယူပြီး စီးပွားရေးကျောင်းတက်ဖို့အထိ သမီးပြင်ဆင်ထားပါတယ် ဆိုတော့ မာမီက အစုကိုကြည့်ပြီး ရွေးချယ်တာမှန်တယ်......

ငါဘာကြောင့်ဒီလိုမေးလဲ သိမှာပါလို့မာမီဆိုလာတော့ အစုလဲအစုသိပါတယ် အစုအသက်ကြီးရင် မာမီ့ကုမ္ပဏီကို ဦးစီး
နိုင်အောင် အခုထဲကလေ့ကျင့်ထားရမယ်ဆိုတာ......

အစုလဲ မာမီနဲ့ စကားပြောပြီး အပေါ်ကိုသာ တက်လာခဲ့တယ် ချယ့်ဆီဖုန်းဆက်ချင်မိတယ် လွမ်းနေမိတယ် ဒီအချိန်ချယ်ဘာလုပ်နေလဲနော်.....

အစုလဲမနေနိုင်တဲ့အဆုံး အလွတ်မှတ်မိနေတဲ့ ချယ့်ဖုန်းလေးကိုနှိပ်ခါ ဖုန်းခေါ်လိုက်တယ် တီ...တီ...တီ...ဆိုပြီးအသံကြားပေမဲ့ ကိုင်မဲ့သူတော့အခုထိမရှိသေး.....

ချယ်-ကလေးကို ကျမအိမ်ပြန်လိုက်ပို့ပြီးတော့ အိမ်ကိုသာပြန်မောင်းလာခဲ့တယ် ပြန်ရောက်တော့လဲ တစ်နေကုန်ပင်ပန်းနေတာနဲ့ ကျမရေချိုးလိုက်တယ်လေ.....

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now