'ချယ်'(အပိုင်း-၂၁)

2.2K 133 2
                                    

ချယ်သက်-ကျမလဲရင်ခွင်ထဲထည့်ထားကာ အခုထိဖက်ထားပြီး အသက်ကလေးရေ အသက်ကလေးလို့ ခေါ်မိနေပြန်တော့လဲ ကလေးက ရှင် ရှင် ဆိုပြီးပြန်ထူးနေတယ်လေ ပြီးတော့ကလေးက စကားဆိုလာတယ်.......

ချယ် မာမီကလေ အသက်ကိုအိမ်မှာ ကျောင်းကဆရာမ
တွေခေါ်ပြီးစာသင်မယ်တဲ့ အဲဒါ ချယ်ပါလာသင်မှာလားဟင်တဲ့ ကျမချစ်ရသူလေးကမေးလာတယ်လေ.......

ကျမလဲလာသင်မှာပေါ့ ဒါပေမဲ့ ကျမစဉ်းစားလိုက်မိတယ် ကျမတောင်သင်မဲ့အထဲပါရင် ဝတ်လွှာလဲသေချာပေါက်ပါနိုင်တယ်ဆိုတာ ကျမသိသောလဲ ကျမမသိဟန်ဆောင်ကာ အသက်ကလေး အတန်းပိုင်ရောပါမှလားဟင်ဆိုတော့.....

မာမီပြောတာတော့ ချယ်လွှာက အိမ်မှာစာသင်ဖို့ကို အကြံပေးတာ ချယ်လွှာတဲ့လေ အဲတော့ ပါမယ်ထင်တယ် ချယ်တဲ့လေ.....

ကျမသိလိုက်ပါပြီ ဒီကလေးကို ကျမဆီကနေ သူကလုယူဖို့အထိ ဆုံးဖြတ်ထားတယ်ဆိုတာ ဒါကြောင့် ကျမလဲစိတ်ပိုင်းဖြတ်ခဲ့တယ် ကျမအသဲအသက်လေးကို ကာကွယ်ရမယ်
ဆိုတာကိုလေ......

အဲတော့ကျမလဲ အသက်ကလေး ညနေကျောင်းဆင်းရင်
ချယ်လိုက်ပို့မယ်နော် ချယ်အသက်ကလေး မာမီဆီလိုက်ပြီး စာသင်ဖို့အကျိုးအကြောင်း လိုက်ပြောမယ်ဟုတ်ပြီလား အသက်ကလေးဆိုတော့.......

ကျမရင်ခွင်ထဲကနေ အခုထိမထွက်သေးတဲ့ ကလေးငယ်
ကခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြပြီး ကျမကိုမော့ကြည့်လာတယ် ဒီတော့ ကျမလဲ မနေနိုင်စွာဖြင့် ကျမပိုင်သောအသက်ကလေးရဲ့ နှုတ်ခမ်းရဲရဲလေးကို တစ်ချက်နမ်းလိုက်တော့ ရှက်သွားဟန်နဲ့ ရင်ခွင်ထဲပိုတိုးဝင်လာတယ်လေ......

ကျမတို့ရဲ့ကြည်နူးစရာအချိန်လေးကို မုန့်စားပြန်တက်တဲ့
ခေါင်းလောင်းကြောင့် ရပ်တန့်လိုက်ရတယ်လေ ကျမလဲအသက်ကလေး လာပြန်ကြမယ် အခန်းအထိလိုက်ပို့ရမလားဆိုတော့ ကျမအသက်ကလေးက ဟာကွာချယ်အရမ်းပိုနေတယ်မထင်ဘူးလားတဲ့လေ......

ကျမလဲအိုမပိုပါဘူး ကျမအသက်ကလေးကို ဘယ်သူမှကြည့်တာမကြိုက်ဘူး သိရဲ့လားရှင်လေးက မနှစ်ကထပ်ပိုအ
ရပ်ရှည်လာသလို အရမ်းလဲချောလာတာကိုလေ.....

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now