'ချယ်'(အပိုင်း-၁၆)

2.2K 136 0
                                    

အစု-မုန့်ကုန်သွားတော့မှ ချယ်က ကလေးကျောင်းထဲဝင်ရအောင်နော် ဆိုပြီးပြောကာနောက်တစ်ကြိမ်ထပ်နမ်းအပြု အစုကချယ့်ဘက်လှည့်လိုက်​တော့ အစုနဲ့ချယ့်ရဲ့ နှုတ်ခမ်းနှစ်စုံကထပ်တူကျသွားတယ်........

အစုကသာ ကြောင်အမ်းအမ်းဖြစ်နေပြီး တုံပြန်အနမ်းမပေးမိပေမဲ့ ချယ်ကတော့ အစုလည်တိုင်လေးကို လက်သွယ်သွယ်လေးနဲ့ကိုင်ခါ အနမ်းတွေပေးနေတယ်လေ......(အမလေးကျမရှက်လိုက်တာ)

အစုအသက်ရှုရကြပ်လာလို့ ချယ့်ရင်ဘတ်ကို မနာအောင်ဖွဖွလေးထုကာ လွှတ်ဖို့အသိပေးမိတယ် ဒီတော့မှ ချယ်ကအသာလွှတ်ပေးလိုက်ပြီး အစုကိုကြည့်ကာ ကလေး ဆောတီးပါကွယ်နော် ချယ်.....ချယ်လေ...တောင်း တောင်းပန်ပါတယ်ကလေးရယ်......

ဆိုပြီးချယ်က မျက်ရည်အပြည့်နဲ့ ဆိုလာတော့ အစုလဲ ဘာဆက်ပြောရမှန်းမသိအောင်ဖြစ်ပြီး ကားပေါ်ကနေသာဘာမှမပြောပဲပြေးဆင်းလာမိတယ်.......

စာသင်ခန်းထဲအထိ ဘယ်သူ့ကိုမှမကြည့်ပဲလာခါ အစုနေရာမှထိုင်လိုက်ပြီး ခေါင်းသာမှောက်နေလိုက်တယ်လေ
ဒီလိုပြုမူမိခြင်းသည် ချယ့်ကို စိတ်ဆိုးလို့မဟုတ် ချယ့်ရဲ့ချိုမြတဲ့နှုတ်ခမ်းတစ်စုံကို ထိတွေ့မိလို့ ရင်တွေခုန်ပြီး အရမ်းပျော်မိလို့ပဲ......

ချယ်-ကလေးကိုဆုချမယ်ဆိုပြီး ကျမကပါးလေးကိုနမ်းလိုက်တော့ ကလေးက ရှက်သွားပြီး ပေါင်မုန့်ကိုသာ စားနေခဲ့တယ်လေ အကုန်စားလို့ပြီးတော့ ကျမလဲ ကလေးကျောင်းထဲဝင်ရအောင်လို့​ပြောလိုက်ပြီး နောက်တစ်ကြိမ်ထပ်နမ်းဖို့ကို ကျမအစပြုကာကလေးဘက်ကိုလှည့်လိုက်တယ်....

ကျမလှည့်လိုက်တဲ့အချိန်မှာပဲ ကလေးကလဲကျမဘက်ကိုလှည့်လာခဲ့တယ်လေ ဒီတော့ ကလေးနှုမ်ခမ်းလေးနဲ့ကျမနှုတ်ခမ်း နှုတ်ခမ်းနှစ်စုံထပ်တူကျသွားတယ်လေ......

ကျမပြန်လွှတ်ဖို့ကြိုးစားခဲ့ပေမဲ့ ကလေးက မျက်လုံးလေးမှိတ်ထားပြီး ငြိမ်နေတယ်လေ ဒီတော့ ကျမလဲ နောက်မှသာ ကလေးကျေနပ်တဲ့အထိ ချော့မယ်လို့ စိတ်ဆုံးဖြတ်ပြီး ကလေးနှုတ်ခမ်းလေးကို အမိအရ ညှင်သာစွာ နမ်းနေမိတယ်လေ.....

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now