'ချယ်'(အပိုင်း-၆၀)

2.6K 138 10
                                    

အသက်စိတ်ထဲတွေးနေမိတဲ့အရာတစ်ခု ဒီအရာကိုအသက်လုပ်မယ်လို့ဆုံးဖြတ်ခဲ့တယ် ဘယ်တော့လုပ်မလဲဆို ပပတို့မင်္ဂလာဆောင်ကြမှ လုပ်မယ်လို့ စဥ်းစားကာနေခဲ့တယ်

ထိုအကြောင်းအရာသည် အခြားမဟုတ် ထားကိုလဲဒီလိုလက်ထပ်ပွဲလေးဖန်တီးပေးချင်မိသည် ဘယ်လောက်ပဲအသက်တွေကြီးကြီး ကိုချစ်တဲ့သူနဲ့တော့ ဒီလိုမင်္ဂလာပွဲလုပ်ချင်မှာ အသေအချာပါပဲ ဒီရက်ပိုင်းအသက်အလုပ်ရှုပ်ချင်ယောင်ဆောင်နေခဲ့တယ်

အခြားသူတွေအကုန်သိသောလဲ ထားကိုမရိပ်မိစေရန် အကုန်ဝိုင်းကြိုးစားကြသည် ဒီနေ့တော့ ပပကမင်္ဂလာဝတ်စုံအစမ်းဝတ်ဖို့ အသက်ရယ်ထားရယ် ချယ်ယုရယ်ကိုခေါ်ခဲ့တယ် ထားနဲ့ချယ်ယုကအရင်ရောက်နှင့်နေတယ် အသက်နဲ့ဟန်နာအလုပ်ကနေအတူတူလာကြတာ အသက်တို့ရောက်တော့ ပပကပင်ဝတ်စုံကိုစမ်းဝတ်နေပြီလေ

ပပကိုမြင်လိုက်တဲ့အချိန် ဟန်နာဘယ်လိုဖြစ်မယ်ဆိုတာ အသက်မကြည့်ပဲနဲ့တောင်သိပါတယ် ဒီဝတ်စုံကပပကိုယ်နဲ့ပင် တိုင်းချုပ်ထားသလားမှတ်ရအောင် အလွန်ကိုလိုက်ဖက်နေတယ် ဟန်နာကပပအနားသွားပြီး ဟန်ရဲ့သတို့သမီးလေးကလှလိုက်တာ ဆိုကာ ပြုံးရယ်နေကြတယ်

ဒီအချိန်ဟာဂွယ်ပဲလေ ဒါနဲ့အသက်လဲ ထားအနားလေးသွားထိုင်ကာ ထားအဲဝတ်စုံလေးတွေဝတ်ကြည့်ပါလား တစ်ခါလောက်မောင်မြင်ဖူးချင်လို့ပါ မောင့်အိမ်သူလေးနဲ့ဆို ဘယ်လောက်လှနေမလဲဆိုတာ အိုမောင်ရယ်ထားကဖြင့် အသက်ကြီးနေပြီ ဒီလိုတွေနဲ့မသင့်တော်ပါဘူး ရှက်စရာကြီး ဘာရှက်စရာလိုလို့လဲ ထားကဘယ်တော့မှအသက်မကြီးဘူး နော် နော်လို့ ဝတ်ကြည့်ပါနော် အေးလေထားရဲ့ဝတ်ကြည့်ပါလားဆိုကာ ချယ်ယုကပါဘေးကနေဝင်ပြောပေးတယ်

နောက်ဆုံးတော့ ထားခေါင်းငြိမ့်လာတယ် မငြိမ့်လို့လဲမရနိုင်တော့ပါ ဘာလို့ဆိုလေးမဲတစ်မဲဖြစ်နေပြီလေ အသက်လဲဆိုင်ကဝန်ထမ်းလေးဆီထသွားကာ အသက်စောစောထဲကရွေးထားတဲ့ ဝတ်စုံလေးပဲ ပေးဖို့မှာခဲ့တယ် ခနကြာတော့ ဝန်ထမ်းအမခေါ်တဲ့ အနောက်ကို ထားလိုက်သွားတယ် အသက်ရင်တွေခုန်နေပြီ မကြာပါဘူး လိုက်ကာပွင့်လာတယ်

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Wo Geschichten leben. Entdecke jetzt