'ချယ်'(အပိုင်း-၆၁)

2.8K 113 4
                                    

အားနာလိုက်တာ အား.....ကျွတ်.....ကျွတ်......
ဗိုက်ကနာလာတယ် အချိန်အားကြည့်မိတော့ ည၁၂နာရီပင်ခွဲနေပြီ ညနေထဲကနာနေပင်မဲ့ ညနေကအခုလောက်မနာပေ အခုအရမ်းကိုနာလာပြီ မွေးရက်ရောက်ဖို့လဲ သိပ်မလိုတာကြောင့်ထင်ပါတယ်

ဘေးမှာနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ မောင့်ကိုအားနာစွာနဲ့ နှိုးရတော့မယ် မနှိုးလျှင်လဲဒီမှာတင်မွေးတော့မယ်လို့တောင် ထင်မိတယ် မောင်......မောင်.....မောင်ဆိုတဲ့ အသံကြားတာနဲ့ မြန်ဆန်စွာနိုးလာတဲ့မောင် ထားဘာဖြစ်လို့လဲ ထားခေါ်လို့ အသက်နိုးလာတော့ ထားကိုကြည့်မိတော့ မျက်နှာလေးမှာရှုံ့မဲ့ကာ နှဖူးလေးကိုကြည့်မိတော့ ချွေးလေးတွေပင်စို့လို့
ထားဘာဖြစ်လို့လဲ မောင်ထားဗိုက်အရမ်းနာနေပြီ

အသက်လဲထားစကားဆုံးတာနဲ့ အဆင်သင့်ပြင်ထားတဲ့ လိုအပ်တဲ့အသုံးအဆောင်တွေကိုယူကာ ထားကိုဖြေးဖြေးချင်းတွဲပြီး ကားပေါ်တင်ခဲ့တယ် အသက်လဲမန်မြန်ပင်ဆေးရုံးကိုမောင်းခဲ့တယ် ဆေးရုံရောက်တော့ ကံကောင်းတယ်ဆိုရမလား ဆေးရုံထဲရောက်မှ ထားကရေမွှာပေါက်သွားခဲ့တယ်

ကတင်ပေါ်တင်ကာ မွေးခန်းထဲဝင်ခါနီး အသက်ကိုအားကိုးတဲ့အကြည့်နဲ့ ကြည့်လာတဲ့ထား ထားနှဖူးလေးကိုနမ်းကာ အဆင်ပြေမှာပါဆိုတဲ့ အကြည့်လေးနဲ့ နှစ်သိမ့်ခဲ့တယ် ဆရာဝန်ကိုလဲ ပြောခဲ့တယ် အသက်အန္တရာယ်သာဖြစ်လာခဲ့မယ်ဆိုရင် ထားကိုသာကယ်ပေးဖို့ ထားကတော့သဘောမတူချင်ဘူး အရမ်းနာနေလို့သာ ဘာမှဖြစ်မပြောခဲ့တာပါ

ဒီလိုနဲ့ ထားမွေးခန်းထဲရောက်ပြီး နာရီဝက်လောက်အကြာမှာ ပပတို့ချယ်ယုတို့ရောက်လာတယ် အသက်ရဲ့စိုးရိမ်စိတ်တွေ တစ်ဝက်လောက်တော့ လျော့ကျသွားတယ်သို့​​ပေသော် ၂နာရီကြာတဲ့အထိထားမွေးခန်းထဲက ထွက်မလာတော့ အသက်စိတ်တွေပူလာပြီ အသက်လဲတက်သမျှမှတ်သမျှ ဘုရားစာတွေအကုန်ရွတ်ခဲ့တယ်

၂နာရီခွဲဆိုတဲ့အချိန်ကိုကျော်လွန်လို့ အပြီးမှာတော့ မွေးခန်းထဲကနေ သူနာပြုဆရာမလေးထွက်လာတယ် ဒီမှာ ဒေါ်သက်ထားနွယ်ရဲ့ လူနာရှင်ရှိလား ဆိုတော့အသက်အပြေးအလွှားပင်သွားကာ ရှိပါတယ်ဆရာမလေး ဒီမှာပါဆိုကာပြောလိုက်တော့ ဟုတ်ကဲ့ဝမ်းသာစရာပါရှင် ဒေါ်သက်ထားနွယ် သမီးလေးမွေးပါတယ် ကလေးရောအမေပါကျန်းမာပါတယ် သွားခွင့်ပြုပါအုံးဆိုကာ မွေးခန်းထဲပြန်ဝင်သွားတယ်

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now