'ချယ်'(အပိုင်း-၅၆)

2.2K 97 1
                                    

အသက်နဲ့ထား တစ်​ယောက်လက်တစ်ယောက်တွဲကာ ချယ်ယုအိမ်ကနေထွက်လာပြီး အိမ်ကိုတန်းမပြန်ပဲ စျေးဝယ်စင်တာတစ်ခုကိုဝင်ခဲ့ကြတယ် ထားကကိုယ်တိုင်ဟင်းချက်ကျွေးမယ်ဆိုသောကြောင့် အသက်တို့ဝင်ကာစျေးဝယ်ခဲ့ကြတယ်

စျေးဝယ်စင်တာရဲ့ ကားပါကင်ထားတဲ့နေရာကနေပြီး စျေးဝယ်စင်တာရဲ့ဒုတိယအထပ် ဟင်းသီးဟင်းရွက်တန်းကို လျှောက်လာတဲ့အထိ ထားကအသက်လက်ကိုကိုင်ကာ မလွှတ်တမ်းလမ်းလျှောက်ခဲ့တယ်

အသက်လက်ကိုလွှတ်ပြီးလျှောက်ဖို့ ပြောတိုင်းလဲ ထားဆီကကြားရတဲ့စကားလေးတစ်ခွန်း"ထား မောင့်လက်ကိုလွှတ်ပါအုံးဆိုလဲ မောင်ချစ်တယ်"တဲ့ ဒီစကားလေးတစ်ခွန်းနဲ့တင်အကုန်ပြည့်စုံပြီ

ထားကအသီးအရွက်တွေရွေးလိုက် အသားငါးရွေးလိုက်နဲ့အလုပ်ရှုပ်နေသောလဲ အသက်လက်ကိုတွဲထားဖို့မမေ့သလို လွှတ်လဲမလွှတ်ပါ ဒါကြောင့်ထားပုံလေးကိုကြည့်ပြီး အသပ်တစ်ခုစဥ်းစားမိကာ သွားနေတာကိုရပ်လိုက်ပြီး ထားကိုအသက်ဘက်ကိုဆွဲလှည့်ကာ

"ထား မောင်တို့ဒီလိုလေးလုပ်ကြမလား" ထားလဲလက်နှစ်ဖက်နဲ့ အဆင်ပြေပြေပစ္စည်းတွေ ရွေးနိုင်အောင် မောင်လဲအနောက်ကနေဖြေးဖြေးလိုက်လို့ရအောင်"ထား မောင့်ရင်ခွင်ထဲလာ မောင်ကတွန်းလှည်းကို တွန်းပေးရင်းသွားမယ်"ဟုတ်ပြီလား ဒီတော့"ထားက မောင်လူလည်တဲ့ ပြောပြီး အသက်ရင်ခွင်ထဲဝင်လာတယ်

အသက်တို့ရဲ့ပုံစံကို အားကျကာကြည့်တဲ့သူတွေရှိကြသလို မိန်းမချင်းဆိုကာ နှာခေါင်းရှုံ့ပြီး ကြည့်ကြတဲ့သူတွေလဲရှိပါတယ် ဒါကိုအသက်တို့ လုံးဝဂရုမစိုက်နိုင်ခဲ့ပါ ဘာလို့ဆို "အသက်ဘေးမှာထားသာရှိရင် လောကကြီးတစ်ခုလုံးက ပြောချင်တာတွေပြောကြပစေ အသက်ထားလက်ကိုတွဲပြီး ရဲရဲရင်ဆိုင်ဖို့ ဆုံးဖြတ်ပြီးသား" ထားနဲ့သာဆိုအရာအားလုံးက ပြည့်စုံနေခြင်းကြောင့်သာ

အသက်နဲ့ထားလဲ ပျော်ရွှင်စွာစျေးဝယ်ရင်း တစ်ယောက်နဲ့တစ်ယောက်စနောက်ကာ တွန်းလှည်းတွန်းလာကြတာ အမှတ်မထင် အိမ်အသုံးအဆောင်ပစ္စည်းတန်းအရောက် လူတစ်ယောက်ရဲ့စျေးဝယ်ပစ္စည်းလှည်းနဲ့ မတော်တဆတိုက်မိသွားတယ်

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now