'ချယ်'(အပိုင်း-၁၄)

2.3K 145 0
                                    

'ချယ်'

အပိုင်း-၁၄

အစု-ဒီတော့ အစုကပဲ ချယ့်အနားကိုသွားပြီး ချယ့်ခေါင်းလေးကို မော့စေခါ ကလေးပြောပြမယ်နော် ဆိုပြီး ချယ့်လက်လေးကို ကိုင်လိုက်တော့.......

ချယ်က မျက်ဝန်းဝိုင်းဝိုင်းကလေးနဲ့ မော့ကြည့်ပြီး အင်း​ပြော
လေ ကလေး ချယ်နားထောင်နေတယ် ဆိုပြီး ပြောလာတယ်လေ.......

ဒီတော့ အစုလဲ ချယ်ကသာ အသက်ကွာတယ်ပြောနေတာ ချယ်ရဲ့ ကလေးမျက်လုံးထဲမှာတော့ ချယ်က အသက်၁၈နှစ်သမီးလေးကျနေတာပဲ နုပျိုပြီးလှနေလိုက်တာဆိုပြီးပြောလိုက်တော့.......

ချယ့်ရဲ့အရမ်းကို ကျက်သရေရှိတဲ့ မျက်နှာလေးပေါ်ကို အလွန်လှပတဲ့ အပြုံးလေး တစ်ခုဖြတ်ပြေးသွားတယ်လေ.....

အဲတော့ချယ်က အိုဒီကလေး စကားတက်တိုင်းလျှောက်
ပြောနေတယ် ဟင်ဟုတ်လား အဲလောက်လဲမဟုတ်ပါဘူး
နော်လို့ပြောပြီး မျက်စောင်းထိုးကာ ဆိုလာတယ်လေ....

ချယ်-ကလေးက ကျမရဲ့အသက်ကိုမေးလာတယ်လေ ဒီအမေးကို ကျမကလေးဆီက တစ်နေ့ ရလိမ့်မယ်ဆိုတာ ကျမတွက်ထားပြီးသားပါ.......

မေးလာရင် ဖြေရမယ်ဆိုတာ ကျမသိသောလဲ ကျမမဖြေချင်ပါ ဘာကြောင့်ဆို ကျမအသက်က ကလေးရဲ့ အသက်ထပ်များစွာ ကွာနေခြင်းကြောင့်ပဲ.......

သို့ပေသော် ချစ်ရသူလေး အမေးကို မဖြေရင် မျက်နှာညှိးသွားမှာမို့ ကျမမြန်မြန်ဆန်ဆန်ပဲ ချယ့်အသက်က၃၄ဆိုပြီးသာဖြေလိုက်တယ်.......

ဖြေလိုက်ပေမဲ့ ဘာရယ်မသိ ကျမရင်ထဲ ဝမ်းနည်းမှုတို့ ကြီးစိုးလာတယ်လေ........

ကလေးက ချယ်.....ချယ်.....ချယ်.....လို့ခေါ်တာတောင်
ပြန်မထူးနိုင်တဲ့အထိပေါ့.....

ကလေးက ကျမအနားကိုလာထိုင်ကာ ကျမခေါင်းလေးကို မော့စေပြီး ကျမလက်ကိုကိုင်ကာ ဒီလိုစကားဆိုလာတယ်လေ.........

ကျမအသက်ကို ကလေးက ၁၈နှစ်လို့တောင် ထင်မှတ်တာတဲ့လေ ကြည့်ပါအုံး လူကို ကျေနပ်အောင်ပြောနေတာလေးကလေးရဲ့အပြောကြောင့် ကျမပြုံးမိတာအမှန်ပါ........

ဒီလိုအပြောကို ကျမကျေနပ်သောလဲ ကျမကလူကြီးတစ်ယောက်မလား အဲတော့ မျက်စောင်းလေးထိုးကာ စကားတက်တိုင်းလျှောက်ပြောနေတာပဲဆိုပြီး ပြန်ပြောလိုက်တယ်..

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now