'ချယ်'(အပိုင်း-၅၇)

2.3K 104 11
                                    

အသက်လဲထားကိုအနမ်းလေးပေးကာ ရေဝင်ချိုးခဲ့တယ် အသက်လက်တစ်ဖက်က ဒဏ်ရာရထားတာကြောင့် ရေချိုးတာကအတော့အဆင်မပြေဖြစ်နေပါတယ် ဒါကိုသိတဲ့ထားက ရေချိုးခန်းထဲဝင်လာကာ အသက်ကိုနောက်ကနေသိုင်းဖက်လာပြီး မောင်ရေချိုးတာအဆင်မပြေမှာဆိုးလို့ ထားလိုက်လာတာ အခုတော့ထင်တဲ့အတိုင်းပဲ လာထားချိုးပေးမယ်လို့ပြောလာတော့

အသက်လဲ ထားကိုယ်လေးကိုပါ ရေပန်းအောက်ဆွဲလိုက်ပြီး ရေဆိုစေခဲ့တယ် အခုဆိုထားရဲ့မြန်မာဝတ်စုံလေးဟာဆိုရင် ရေဆိုကာ ထားရဲ့ကိုယ်လုံးလေးနဲ့တစ်သားထဲ ဖြစ်သွားခဲ့ပြီ ထားရဲ့ကိုအနှံ့အသက်လက်တွေကလှုပ်ရှားနေသည်ကိုပင် ထားကအလျင်အမြန်တားကာ မောင်အအေးပတ်မယ်နော် ထားတို့ရေမြန်မြန်ချိုးရအောင်

အသက်ရဲ့ရွေ့လျားနေတဲ့ လက်တွေရဲ့အကြောင်းကိုသိတဲ့ထားက အလျင်အမြန်တားကာ ရေချိုးဖို့ဆီသာဦးတည်ခဲ့တယ်

အသက်လဲထားရဲ့သဘောကိုမလွန်ဆန်နိုင်ဘူး ဒါကြောင့်နာနေသည့်လက်ကိုပင် အပေါ်မြှောက်ထားကာ ထားလုပ်ပေးသမျှကိုသာ ​ငြိမ်ခံနေခဲ့တယ် ရေချိုးခေါင်းလျှော်ပြီး ရေချိုးခန်းထဲကထွက်ကာ အသက်ခုံပေါ်ထိုင်နေခဲ့တယ်

အသက်ရဲ့နောက်ကနေ ထားကဝင်ရပ်ပြီး အသက်ရဲ့ခေါင်းကိုခြောက်အောင်သုတ်ပေးနေတယ် အသက်ကလဲ ထားခါးလေးကိုဖက်ကာ ရင်ခွင်ထဲတိုးဝေ့ရင်း ကလေးလေးတစ်ယောက်လို စ​နောက်ပြုမူနေသည်ကိုပင် ထားကမငြိုငြင်ပဲ အသက်ခေါင်းကိုသာသုတ်ပေးနေတယ်

"ထား မောင့်ကိုချစ်ရဲ့လားဟင်"ဒီလိုမေးလိုက်တိုင်းလဲ မဆိုင်းမတွပြန်ပေးလာတက်သေးတာ

"ချစ်တာပေါ့မောင့်ရဲ့ အရမ်းချစ်တယ် မောင့်ကိုမောင့်ရဲ့အိမ်သူလေးကအရမ်းချစ်တာ"ဆိုပြီးပြောလဲပြော နှဖူးလေးကိုပါအနမ်းဖွဖွလေးပေးလာတယ်

ခေါင်းသုတ်ပြီးလို့ ထားကလှည့်ထွက်မယ်အလုပ် အသက်ကထလိုက်ပြီး ထားကိုယ်လေးကိုပွေ့ချီကာ ကတင်ပေါ်တင်လိုက်ပြီး ထား မောင်တစ်ခုလောက်ပြောပရစေနော် အခုထားဖြစ်ချင်တဲ့ ဆန္ဒကိုမောင်ကလိုက်လျောပေးတယ်မလား အင်းလေမောင်ပဲရင်သွေးလေးယူဖို့ခွင့်ပြုတယ်ဆို အဲဒါကိုအခုမှဘာလဲ ခွင့်မပြုချင်တော့ဘူးလားမောင်က ဟာမဟုတ်ပါဘူးထားရယ်

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now