'ချယ်'(အပိုင်း-၁၃)

2.4K 144 0
                                    


ချယ်-ကျမလဲကားရပ်ပြီးက​လေးဆင်းလေ ဒါချယ့်အိမ်ဆိုပြီး   ကလေးကိုခေါ်လိုက်တော့ ကလေးကလဲတက်ကြွစွာဖြင့် ဆင်းလာပြီး ဝိုးချယ့်အိမ်က နေချင်စရာလေးတဲ့လေ......

ကလေးက ဒီလိုပြောလာတော့ ကျမပြုံးမိပါတယ် ဘာ့ကြောင့်ဆို အိမ်ကောင်းကောင်းနဲ့နေရတဲ့ ကလေးက ကျမအိမ်သေးသေးလေးကို နေချင်စရာလေးဆိုပြီး ပြောလာတာကြောင့်လေ......

ကျမလဲတစ်ဖက်က ကလေးလက်လေးကိုဆွဲပြီး တစ်ဖက်ကပိုက်ဆံအိတ်နဲ့ ကားသော့ကို ကိုင်ကာအိမ်ထဲဝင်လာခဲ့တယ်လေ.....

အိမ်ထဲရောက်တော့ ဧည့်ခန်းမှာထိုင်ပြီး စာဖတ်နေတဲ့မေမေကို ကျမတွေ့ရတယ် ကျမလဲမေမေလို့ခေါ်ပြီး မေမေ့အနား
သွားထိုင်လိုက်တယ်......

မေမေက ကျမကိုမော့ကြည့်လာပြီး ဟောသမီးပြန်လာတာ
စောသားကွဲ့ မေမေ့ကိုပြောတော့ တပည့်လေးတွေကို မုန့်လိုက်ဝယ်ကျွေးပြီး ညနေမှပြန်လာမယ်ဆို အခုတော့....

အခုတော့ဆိုပြီး မေမေကပြောနေရင်းနဲ့မှ ကလေးကိုမြင်သွားတယ်လေ အဲတော့မှ အော်သမီးတပည့်လေးလဲ
ပါလာတာကိုတဲ့ ဆိုပြီးမေမေကပြောတော့.....

ကလေးကလဲ ဟုတ်ကဲ့ မေမေ အဲလေဟို ဟုတ်ကဲ့ချယ်ရဲ့ မေမေတဲ့လေ.......(အမလေးအစုတို့များနော်)

မေမေကရပါတယ် သမီးလေးရဲ့ အန်တီလို့ပဲ့ခေါ်နော် သမီး
ဆရာမရဲ့မေမေဆိုပြီး အန်တီ့ကိုကြောက်စရာမလိုဘူးတဲ့လေ........

အဲတော့မှကလေးကလဲ ဟုတ်အန်တီ သမီးနောက်ကိုအန်တီလို့ပဲ ခေါ်ပါ့မယ်နော်တဲ့ စကားကိုအထစ်အထစ်နဲ့ပြော
နေတဲ့ကလေး ကျမသိလိုက်ပြီ ကလေးကြောက်နေတယ်ဆိုတာကိုလေ.....

အဲတော့ကျမလဲမြန်မြန်လေး မေမေ့ကိုမေမေသမီးတို့ ထမင်းမစားလာခဲ့လို့ အဲဒါအခု သမီးတပည့်လဲ ဗိုက်ဆာနေပြီမို့
သမီးတို့ထမင်းသွားစားလိုက်ပါအုန်းမယ်မေမေ လို့သာပြော
ပြီး မေမေ့အနားကနေ ကလေးကို လက်ဆွဲပြီးခေါ်လာခဲ့တယ်.......

ထမင်းစားခန်းထဲရောက်တော့ အိမ်အကူညမလေးက ထွက်လာပြီး မမနွယ် သမီးထမင်းပွဲပြင်ပေးရမလားဟင်တဲ့...

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now