'ချယ်'(အပိုင်း-၆၂)

2.9K 108 4
                                    


ဒီ​နေ့ဆိုရင် သမီးလေးလူ့လောကထဲကိုရောက်တာပင်ရင် ၃နှစ်ပြည့်ခဲ့ပြီလေ ဒီတော့အိမ်မှာမွေးနေ့ပွဲလုပ်ဖို့ ထားကပြောလာတော့ အသက်လဲသဘောတူခဲ့တယ် ဒီနေ့လဲအိမ်ကနေရုံးကိုမသွားခင် ထားကသေချာမှာတယ် အိမ်ပြန်နောက်မကျဖို့ကို အသက်လဲထားရဲ့ဆန္ဒကိုလိုက်လျောဖို့အတွက် အလွန်အရေးကြီးတဲ့ အစည်းအဝေးတစ်ခုကလွဲပြီး ကျန်တဲ့ကိစ္စတွေကိုနောက်နေ့ကိုရွှေ့ဖို့ အသက်ရဲ့အတွင်းရေးမှုးမသီတာကိုမှာခဲ့တယ်

အသက်ကထားရဲ့စကားကိုဆို အကုန်လိုက်လျောဖို့အသင့်ရှိနေတဲ့သူပါ အသက်ကိုအသိမိတ်ဆွေတွေနောက်ပြီးခေါ်ကြတဲ့ နာမည်ကမယားကြောက်တဲ့ အဲလိုခေါ်သောလဲအသက်မှာစိတ်မဆိုးနိုင် ဘာကြောင့်ဆိုတကယ်လဲဟုတ်နေတာကို မယားကြောက်ဆိုတာထပ် အသက်အိမ်သူလေးစိတ်ဆိုးစိတ်ပျက်သွားမှာ အလွန်ကြောက်တာဆိုပိုမှန်မယ်

အခုလဲ၃နာရီသာရှိသေးသည် အသက်ကိုဖုန်းဆက်ပြီး အိမ်အမြန်ပြန်လာဖို့ သမီးလေးမွေးနေ့ပွဲကိုနောက်မကျဖို့ခနခန ဖုန်းဆက်ကာပြောနေသည် အသက်ဆိုသည်မှာလဲထားပြောသမျှက အမိန့်တစ်ခုလိုပင် ရုံးဆင်းချိန်ထိမနေတော့ပဲ ထားဖုန်းချသွားတာနဲ့ အသက်လဲမသီတာကိုမှာစရာရှိတာတွေမှာပြီး ပြန်လာခဲ့တယ်

အသက်အိမ်ရှေ့ကိုကားရပ်လိုက်တာနဲ့ အိမ်ပေါက်ဝမှာ ရပ်ကာစောင့်နေတဲ့ အမျိုးသမီးလေးနှစ်ယောက် တစ်ယောက်မှာအသက်ရဲ့အိမ်သူချစ်ဇနီးလေးထား နောက်တစ်ယောက်မှာတော့ အသက်ရဲ့ပျော်ရွှင်ခြင်းကမ္ဘာလေးဖြစ်တဲ့ အသက်ရဲ့ချစ်လှစွာသောသမီးလေး အသက်ကားပေါ်ကဆင်းလိုက်သည်နှင့် ထားလက်ထဲကသမီးလေးက အတင်းရုန်းပြီး အသက်ဆီလာဖို့သာပြင်နေတယ် ထားကလဲအတင်းရုန်းနေတော့ ချီထားတာပြုတ်ကျမှာဆိုးတာကြောင့် အသာတကြည်ပဲလွှတ်ပေးလိုက်ကာ ရပ်ကြည့်နေတယ်

အသက်လဲသမီးလေးကိုချီကာ ထားအနားကိုလျှောက်လာတော့ အသက်ဗိုက်ကိုလိမ်ဆွဲလာတဲ့ထား အား.....နာလိုက်တာထားရယ် မောင်ဘာလုပ်မိလို့လဲ ဘာလုပ်မိလို့လဲဟုတ်လား ကိုယ့်အပြစ်ကိုမသိဘူးလားပြော သမီးလေးကလိုချင်တာကိုရအောင်လုပ်တဲ့အကျင့်က ရှင်နဲ့တစ်ပုံထဲ အခုလဲကြည့်လေ သူဖြစ်ချင်တာကိုရအောင်လုပ်သွားတယ် ဒီမှာတစ်ယောက်ထဲကျန်ခဲ့ရတယ် ရှင်တို့နှစ်ယောက်စလုံးအချိုးတွေကအတူတူပဲ

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now