🔞'ချယ်'(အပိုင်း-၄၈)🔞

6.8K 146 7
                                    

အသက်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေကို အသက်တို့ရဲ့ ဖြစ်တည်မှုကို နားလည်လက်ခံပေးနိုင်သူတွေနဲ့ပဲ ​ပျော်ရွှင်စွာဖြတ်သန်းခဲ့တယ် ဒီလိုနဲ့ အကုန်လုံးစားသောက်သိမ်းဆဲကြပြီး ပပတို့ကအိမ်ပြန်ကြမယ်တဲ့ ဒီတော့ထားကမပြန်ကြပါနဲ့လား ဒီမှာပဲအိပ်သွားကြပါဆိုပြီးပြောတော့ အသက်ကကြားထဲကနေပြီး ဟင်အဲလိုမရဘူးလေ ပြန်ပါစေထားကလဲနော် သူတို့တွေလဲ ကိုယ့်အိမ်ကိုပဲပြန်ချင်ကြမှာပေါ့နော် မဟုတ်ဘူးလားပပဆိုတော့ ပပကအင်းဟုတ်တာပေါ့ ချယ်ထားကလဲပပတို့က မြန်မြန်လာကြတာဆိုတော့ အဝတ်အစားအပိုတွေက ပါမလာဘူးလေ ပြီးတော့ ပပအိမ်ကိုလဲ ဒီမှာအိပ်မယ်ဆိုပြီး မပြောခဲ့ရဘူး ဒီတော့ အိမ်ကစိတ်ပူနေမှာဆိုးလို့ ပြန်ခွင့်ပြုပါနော် ချယ်ထားဆိုတော့ ထားကအင်းလေ ပပကအိမ်ကိုမပြောခဲ့ရလို့ ပြန်မယ်ဆိုတော့ မတားတော့ပါဘူး ဒါပေမဲ့မမယုကတော့ ဘယ်သူ့ခွင့်ပြုချက်မှ မလိုဘူးမလား အဲတော့ဒီည ဒီမှာပဲအိပ်သွားနော် ညကသိပ်မမှောင်သေးပေမဲ့ မမယုကိုစိတ်မချလို့ ဆိုပြီးပြောတော့ အသက်ကပဲချယ်ယုကို မနေဖို့အနောက်ကနေ လက်အုပ်ချီကာ တောင်းဆိုလိုက်တော့ အကြောင်းအရာကို ချယ်ယုကချက်ချင်းသဘောပေါက်ကာ ထားရယ်မမယုကလာထဲက ကားယူလာတာမှမဟုတ်တာ သမီးပပနဲ့အတူလာတာလေ ပြီးတော့မနက်အမှတ်စရင်းတွေအပ်စရာတွေလဲရှိသေးတယ် ဒါကြောင့်မယုဒီမှာအိပ်လို့အဆင်မပြေလောက်ဘူးကွဲ့ဆိုပြီး ပြောကာပပရောဟန်နာနဲ့ချယ်ယုတို့က အသက်နဲ့ထားကိုနှုတ်ဆက်ကာ မြန်မြန်ပင်ပြန်သွားကြတယ်..........

ပပတို့ပြန်သွားပြီးတော့ ခြံတံခါးကိုသော့ခတ်ကာ ဧည့်ခန်းထဲကိုပြန်လာတော့ ထားကရှိမနေတော့ဘူး ဒီတော့အသက်လဲ အိမ်ပေါ်ထပ်ကိုတက်ကာ အခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ ထားကအခန်းထဲက စာကြည့်စားပွဲလေးနားမှာထိုင်နေလေတယ် ဒီတော့အခန်းထဲကိုဝင်သွားပြီး တံခါးကိုပိတ်လိုက်ကာ ထားနားသွားပြီး ထားကိုယ်လေးကို ညှင်သာစွာဆွဲထူလိုက်ပြီး ထားကိုယ်လေးကိုဖက်မယ်အလုပ် ထားကခန ခနလေးနော် ထားရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ် သွားတိုက်ပြီးကိုယ်လက်သန့်စင်ချင်သေးတယ် အချစ်ရဲ့ ထားပြီးရင် အချစ်လဲ ကိုယ်လက်သန့်စင်ရမယ်နော်လို့ပြောပြီး အသက်ကိုမျက်စောင်းလေးထိုးကာ ရေချိုးခန်းထဲဝင်သွားခဲ့တယ် ထားကအကုန်လုပ်ပြီးလို့ ရေချိုးခန်းထဲကနေထွက်လာတော့ အသက်လဲရေချိုးခန်းထဲမြန်မြန်ဝင်ခဲ့တယ် မြန်မြန်ဝင်ရတဲ့အကြောင်းမှာ မကြာခင်ဒေါသတကြီးနဲ့ ထားအော်တော့မယ်ဆိုတာသိနေခြင်းကြောင့်သာ ဘာလို့ဆို အသက်ရဲ့Supriseကိုတွေ့ပြီး ဒေါသထွက်နိုင်တယ်ဆိုတာ အသက်အသေအချာသိနေလို့ပါပဲ အသက်ရေချိုးခန်းထဲမှာ တွေးနေတုန်း အပြင်ကနေ "စုသက်ထက်"ရေဆိုပြီး ဒေါသထွက်နေတဲ့အသံနဲ့အော်လိုက်တဲ့ ထား အခုလိုနာမည်အပြည့်အစုံကိုခေါ်ပြီဆိုထဲကထားဘယ်လောက်တောင်ဒေါသထွက်နေပြီလဲဆိုတာ အသက်မှန်းစလို့ရပါတယ်  ဒီတော့ အသက်လဲ ရေချိုးခန်းထဲကနေထွက်လာပြီး ရယ်ကျဲကျဲအမူအယာဖြင့် ထားရှေ့ရပ်ကာ ထားဟိုလေဆိုပြီးပြောမလို့အလုပ် ထားကလက်ကာပြကာ တော်တော့ ဒါကြောင့်နေ့လည်ကအဝတ်တက်လဲမယ်ဆိုတာကိုမလဲခိုင်းသလို မမယုတို့ကိုပါ မြန်မြန်ပြန်အောင်ပထုတ်နေတာဒါကြောင့်ကို စိတ်တိုတယ်အခုဘယ်လိုလုပ်မလဲ ထားအဲလိုကြီးတွေမဝတ်တက်သလို မဝတ်ချင်ဘူး ဆိုကာပြောတော့ အသက်လဲ အဝတ်ဘီရိုထဲက အဝတ်တစ်ထည်ကိုယူကာ ထားကြည့်ပါအုံး ဒီပန်းရောင်ဇာလေးက သိပ်မပါးသလိုသိပ်လဲမတိုဘူးလေနော် ပြီးတော့ဒီညကထားနဲ့အချစ်ရဲ့ မင်္ဂလာဦးညလေနော် ဒါကြောင့်ဒီလိုလှလှလေးဝတ်ထားတာကို အချစ်ကမြင်ချင်လို့ ဒီလိုစီစဥ်ထားမိတာပါ နောက်ဆိုထားမကြိုက်ရင် ဒီလိုတွေမလုပ်တော့ဘူးလေနော် အခုတော့အဲပန်းရောင်အင်္ကျီလေး အချစ်ကိုဝတ်ပြပါနော် ထားနဲ့လိုက်ရဲ့လားဆိုတာ ပြီးတော့လှနေရဲ့လားဆိုတာ အချစ်သိချင်လို့ပါနော်ဆိုပြီး ပြောလိုက်တော့ အဲမှာထိုင်ပြီးသာ ချွဲနေလိုက် ဒေါ်စုသက်ထက် ကျမကတော့လုံးဝဝတ်မပြဘူးလို့ ထားကပြောလာတော့ အသက်လဲ မာမီရေဒီမှာမာမီ့ချွေးမက သမီးကိုမချစ်ဘူး မာမီပြောတာတွေမှန်တယ်ဆိုပြီး အော်ငိုကာပြောလိုက်တော့ ထားကအသက်ထိုင်နေတဲ့အနားကိုရောက်လာပြီး တိတ် တိတ်ပါတော့နော် အချစ်ရယ်မငိုပါနဲ့ အချစ်ရဲ့မျက်ရည်ကျတိုင်းထားနှလုံးသားကို ဆူးနဲ့ထိုးနေသလိုခံစားရလို့ပါ အချစ်ကဒီအင်္ကျီဝတ်စေချင်တာမလား ထားဝတ်ပြပါမယ်နော် မငိုနဲ့တော့ဟုတ်ပြီလား ထားကိုအချိန်ခနတော့ပေးလေနော် ထားဝတ်ပြီးထွက်လာခဲ့မယ်လို့ပြောကာ ရေချိုးခန်းထဲဝင်ခဲ့တယ် ရေချိုးခန်းထဲရောက်တော့လဲ ဒီအင်္ကျီကိုဝတ်ဖို့ ကျမအနည်းငယ်တွေဝေမိပါတယ် ဘာလို့ဆိုအင်္ကျီပုံက လည်ပင်းဟိုက်ကာအနည်းငယ်ဆက်စီဆန်နေခြင်းကြောင့်သာ နောက်ဆုံးတော့လဲ ကျမရဲ့ကလေးစိတ်ချမ်းသာရေးကိုပဲ ဦးစားပေးကာ ဒီလိုပုံစံကိုဝတ်ပြီး ကျမရေချိုးခန်းထဲကထွက်လာခဲ့တယ် ရေချိုးခန်းထဲကထွက်ထွက်ချင်း ကလေးရဲ့အကြည့်စူးစူးတွေနဲ့တိုးတော့ ကျမမနေတက်စွာ ကိုယ်ကိုလက်နဲ့လိုက်ဖုံးနေမိတယ် ဒါကိုကလေးကပြုံးပြီးကြည့်နေကာ ကျမအနားကိုထလာပြီး ထားရယ်သိပ်လှတာပဲကွာလို့ပြောပြီး ကျမခန္ဓာကိုယ်ကိုပွေ့ချီကာ ကတင်ပေါ်သိူ့ဖြေးညှင်းစွာတင်ခဲ့တယ်........

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now