'ချယ်'(အပိုင်း-၂၈)

1.7K 112 3
                                    

အသက်-အသက်ညကငိုခဲ့တယ် ​သေလောက်အောင်လဲ နာကျင်ရတယ် ချယ့်အနားကနေဘယ်မှလဲထွက်မသွားနိုင်ဘူး ဒီ​တော့ အသက်ဆုံးဖြတ်ချက်ချခဲ့တယ်လေ သို့​သော်လဲကြောက်နေမိတာအမှန်ပါ အသက်ဒီနေ့မနက်အိပ်ယာကိုမထချင်တဲ့ အထိပဲလေ ဘာကြောင့်ဆိုမနက်ရောက်တာနဲ့ ချယ်လွှာ့သဘောအတိုင်း အသက်နေရတော့မယ်လေ မနေချင်သောလဲ ချစ်ရသူဒုက္ခမရောက်ရေးအတွက် အသက်ပဲအနစ်နာခံမယ်လို့ ဆုံးဖြတ်ထားတယ် ဘာလို့ဆို ဒီကိစ္စကို အသပ်မာမီသာ သိသွားရင် ချယ်ကအရင်ထိခိုက်မဲ့သူဆိုတာ အသက်ကျိန်းသေသိနေတယ်လေ........

အသက်ကျောင်းသွားဖို့ ပြင်ဆင်တော့လဲ အရင်လိုမတက်ကြွနေပါ အောက်ကိုဆင်းလာပြီး ထိုင်နေတော့လဲ စိတ်နဲ့လူမကပ်တာအမှန်ပါ တီ....တီ....တီ
ဆိုတဲ့ကားဟွန်းသံကိုကြားလိုက်ရတယ် အသက်သိပ်မုန်းတဲ့သူနဲ့ အတူသွားရမယ်ဆိုတဲ့အသိကြောင့် အသက်မျက်နှာဟာ အလွန်ကိုတင်းမာထားကာ ကားနားကိုလျှောက်သွားခဲ့တယ်လေ.......

ကားနားရောက်တော့ ချယ်လွှာကအသက်ကို ကားတံခါးဖွင့်ပေးတယ်လေ အရင်ဆိုပြုံးပြပြီးမှ ဝင်ထိုင်ခဲ့ပေမဲ့ အခုတော့ အသက်ရဲ့အမုန်းတရားမျက်နှာနဲ့သာ ချယ်လွှာ့ကိုကြည့်ပြီး ဝင်ထိုင်ခဲ့တယ်လေ ကားထဲရောက်တော့လဲ ချယ်လွှာက ကလေးဘာစားလာပြီးပြီလဲတဲ့ ဆိုပြီးမေးလာတော့ ဆရာမ သမီးနာမည်ကစုသက်ထက်ပါ ကလေးမဟုတ်ဘူး ကလေးလို့မခေါ်ပါနဲ့ အသက်နာမည်ကိုသာခေါ်ပါလို့ ပြန်ပြောခဲ့တယ်လေ ချယ်လွှာက အသက်လက်ကိုကိုင်ပြီး ကလေးချယ့်ကိုအဲလောက်တောင်မုန်းသွားပြီလားဟင် ဆိုကာပြောလာတော့ အသက်လဲ ဟုတ်တယ်ချယ့်လွှာ့ကို အသက်သိပ်မုန်းတယ် မုန်းတယ်......... မုန်းတယ်လို့် ပြောပြီး အသက်ထပ်ပြောခဲ့တဲ့စကားက ချယ်သက်ထားနွယ်အနားကနေ အသက်ဘယ်ကိုမှထွက်မသွားဘူးဆိုပြီး သေချာတဲ့ ဆုံးဖြတ်ချက်ချပြီး အသက်ချယ်လွှာကို့ ကြည့်ကာဆိုခဲ့တယ်လေ........

ချယ်လွှာကလဲ ဘာကလေး ဘာပြောတယ် ထွက်မသွားဘူးဟုတ်လား သေချာလား မင်းဆုံးဖြတ်ချက်မပြင်တော့ဘူးလားလို့ပြောတော့ အသက်လဲ မပြင်ဘူး ဆရာမကြိုက်တာလုပ်နိုင်တယ် မာမီ့ကိုပြန်ပြောမယ်ဆိုလဲရတယ် ဒါပေမဲ့သိထားဖို့က ချယ့်ကိုသာထိခိုက်လာမယ်ဆိုရင် အသက်ဆရာမကိုဘယ်တော့မှ ခွင့်မလွှတ်ဘူးဆိုကာပြောလိုက်တယ်...

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Opowieści tętniące życiem. Odkryj je teraz