'ချယ်'(အပိုင်း-၅၀)

2.5K 94 0
                                    

အသက်နဲ့ထားလဲ အကုန်သိမ်းဆဲပြီးတော့ ချယ်ယုအိမ်ကနေထွက်လာခဲ့တယ် ချယ်ယုရဲ့အိမ်သော့ကိုတော့ဘေးအိမ်ကို ပေးခဲ့တယ် အသက်အိမ်ကိုကားမောင်းလာတဲ့ လမ်းတစ်လျှောက်မှာလဲ ထားကအသက်လက်ကိုကိုင်ထားခဲ့ပြီး ထားမျက်နှာမှာစိုးရိမ်စိတ်တွေကို အသက်တွေ့လိုက်ရတယ် အိမ်နားရောက်ခါနီးလေ ထားရဲ့စိုးရိမ်စိတ်တွေက ပိုလာလေဆိုတာကို အသက်ရိပ်မိခဲ့တယ် ဘာလို့ဆို အသက်လက်ကိုကိုင်ထားတဲ့ ထားလက်တွေက ပိုလို့ပင်တင်းနေအောင်စုတ်ကိုင်ထားလာတယ် အသက်လဲအိမ်နားရောက်တော့ ကားရပ်ကာ ထားဘက်ကိုလှည့်ပြီး ထားလက်လေးကိုကိုင်ကာ ထားအရမ်းကြီးမစိုးရိမ်နဲ့နော် ခုနကမောင်ပြောထားတယ်မလား အရမ်းကြီးစိတ်ထဲမထားနဲ့ မောင့်လက်ကိုသေချာကိုင်ထား ဟုတ်ပြီလား အခုတော့အိမ်ထဲဝင်ကြမယ်နော်လို့ပြောကာ အသက်ကအရင်ဆင်းပြီး ထားကိုကားတံခါးဖွင့်ပေးကာ ထားလက်ကိုတွဲပြီး အိမ်ထဲဝင်ခဲ့တယ် အိမ်ထဲရောက်တော့ မာမီ့ကိုတော့မတွေ့ ဒေါ်ဒေါ်ဝင်းကိုသာအရင်တွေ့ခဲ့တယ် ဒေါ်ဒေါ်ဝင်းက အသက်ကိုတွေ့တော့ဟယ်သမီးလေးစုအိမ်ပြန်လာတယ်ဟုတ်လား ဒေါ်ဒေါ်ဝင်းဝမ်းသာလိုက်တာ သမီးလေးမာမီသိရင်လဲဝမ်းသာမှာ သမီးမာမီအိမ်မှာရှိတယ် ဒေါ်ဒေါ်ဝင်းသွားပြောလိုက်မယ်လေ သမီးလေးအိမ်ပြန်ရောက်ပြီဆိုတာကို ဆိုပြီးသွားပြောမယ်လုပ်နေသောကြောင့် ဒေါ်ဒေါ်ဝင်းလက်ကိုဆွဲကာတားပြီး မာမီ့ကိုသွားမပြောပါနဲ့ သမီးအိမ်ခနပြန်လာတာ သမီးပစ္စည်းတွေလာယူတာ မာမီနဲ့သမီး မျက်နှာချင်းဆိုင်ဖို့ အဆင်သင့်မဖြစ်သေးလို့ပါ ဒေါ်ဒေါ်ဝင်းရယ်လို့ပြောနေတုန်း ဒေါ်ဒေါ်ဝင်းနောက်ကနေ မာမီက အေးစုသက်ထက်နင်က မျက်နှာချင်းဆိုင်ဖို့အဆင်သင့်မဖြစ်သေးပေမဲ့ ငါကတော့ဆိုင်ရမှာပဲ အခုကုမ္ပဏီမှာဘာတွေဖြစ်နေလဲ နင်သိလား ငါ့ချွေးတွေသွေးတွေနဲ့တည်ထောင်ထားတဲ့ ငါ့ကုမ္ပဏီကိုလေ နင်ကနေ့ချင်းညချင်း အရှုံးပေါ်အောင်လုပ်လိုက်တာ စုသက်ထက်ဆိုတဲ့သမီးမိုက်ရဲ့ နင်ကထွက်သွားလိုက်တာနဲ့ ပြသနာတွေအကုန်ပြေလည်သွားမယ်လို့ ထင်နေပုံရတယ် အခုဦးထက်အောင်တို့သားအဖက ကုမ္ပဏီကရှယ်ယာတွေ ပြန်ထုတ်သွားသလို အခြားရှယ်ယာရှင်တွေကိုလဲ စည်းရုံးရေးဆင်းသွားလို့ အကုန်ရှယ်ယာတွေပြန်ထုတ်သွားကုန်ကြပြီ အဲဒါတွေကိုနင်သိရဲ့လား စုသက်ထက်ဟင်သိရဲ့လားလို့ ငါမေးနေတယ်လေဆိုကာ မာမီကထိုင်ခုံပေါ်ထိုင်ကာ ကျသွားတယ် ဒီတော့အသက်လဲ မာမီ့အနားသွားကာ မာမီ့ခြေထောက်နားကို အသက်ထိုင်ချကာ သမီးတောင်းပန်ပါတယ်မာမီ သမီးလေအဲလိုတွေဖြစ်ပါစေတော့ဆိုပြီးတော့ ဘယ်တုန်းကမှမတွေးခဲ့မိပါဘူး သမီးအရှေ့အနောက်မကြည့်ပဲ ဆုံးဖြတ်ခဲ့မိပါတယ်မာမီ အဲအတွက်လဲမာမီ့ကိုသမီးစိတ်ကျေနပ်အောင်ဘာပဲဖြစ်ဖြစ် သမီးပြန်လုပ်ပေးပါ့မယ် မာမီဒီလိုတော့မနေပါနဲ့ မာမီတစ်ခုခုတော့ပြောပါနော်လို့ပြောလိုက်တော့ မာမီက အေးငါစိတ်ကျေနပ်အောင်တစ်ခုခုလုပ်ပေးမယ်ဆိုရင် အဲစိတ်ကျပ်နပ်မှုဖြစ်ပေါ်လာဖို့အတွက် နင်လုပ်ပေးမယ်ဆိုရင် အခုချက်ချင်းအဲသက်ထားနွယ်ဆိုတဲ့ မိန်းမနဲ့မပတ်သတ်နဲ့ ပြီးရင်မောင်ထက်အောက်ကိုနဲ့ ချက်ချင်းလက်ထပ်ရမယ် အဲဒါကငါ့ကိုကျေနပ်အောင်လုပ်ပေးနိုင်မဲ့အရာပဲလို့ မာမီကပြောလာတော့ အသက်ထားကိုတစ်ချက်ပြန်ကြည့်မိတော့ အသက်ကိုကြည့်နေတဲ့ထားရဲ့အကြည့်တွေက ထားမသွားပါနဲ့ဆိုတဲ့အကြည့်တွေ ဒီအကြည့်တွေကိုအသက်မလွန်ဆန်နိုင်ဘူး တစ်ဖက်ကမိဘ တစ်ဖက်ကအသက်ထပ်ချစ်ရသူ အသက်ဘယ်ဘက်ကိုရွေးရမလဲ မာမီ့ဘက်ကိုရွေးချယ်လိုက်ရင် ထားကိုပေးထားတဲ့ကတိတွေ အချစ်တွေကအလကားဖြစ်ကုန်မယ် ထားကိုရွေးပြန်ရင်လဲ အသက်ကသမီးမိုက်ဖြစ်လေအုံးမယ် သို့သော်အသက်သေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာချရမယ်လေ မဟုတ်ရင် ဘယ်သူ့အတွက်မှမကောင်းဘူးဆိုတာ အသက်သိနေတယ် ဒါ့ကြောင့် မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို အသက်ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့တယ်......

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now