'ချယ်'(အပိုင်း-၄၃)

1.9K 95 1
                                    

မာမီကအားလုံးနဲ့ မိတ်ဆက်ပေးပြီးတော့ အသက်ကိုခနထိုင်ခိုင်းထားကာ ထိုအရိုင်းအစိုင်းနဲ့စကားပြောနေလေရဲ့ ပြောလို့ပြီးတော့ အသက်ဖက်ကိုလှည့်လာကာ အသက်သမီးဒါကမာမီတို့ကုမ္ပဏီမှာ ရှယ်ယာအများဆုံး၀င်ထားတဲ့ ဦးထက်အောင်ရဲ့သား မောင်ထက်အောင်ကိုအခုက ဦးထက်အောင်မလာနိုင်လို့ မောင်ထက်အောင်ကိုက အစည်းအဝေးကို အစားလာတက်ပေးတာ မနက်ကအကြောင်းလဲ မောင်ထက်အောင်ကိုပြောလို့ မာမီအကုန်သိပြီးပြီ လူငယ်တွေပဲဆိုတော့ နှစ်ဖက်စလုံးမမှားဘူး မာမီဒီလိုပြောတော့ အသက်သဘောပေါက်ပါတယ် ရှယ်ယာအများဆုံးဝင်ထားတဲ့သူရဲ့ သားဆိုတော့လဲမာမီကဘယ်အပြစ်ပြောမလဲ ဒီတော့အသက်လဲ မာမီပြောစရာမကျန်တော့ရင် အသက်ကိုခွင့်ပြုပါအုံး အသက်ကဒီနေ့မှအလုပ်စ၀င်တာဆိုတော့ လေ့လာစရာတွေများတယ် ပြီးတော့ အသက်ဒီအခန်းထဲနေရတာအသက်ရှူကြပ်လို့ပါ အသက်ကိုခွင့်ပြုပာအုံးမာမီဆိုတော့ မာမီကအသက်သမီး မောင်ထက်အောင်ကိုကိုလဲနှုတ်ဆက်သွားအုံးလေဆိုတော့ အသက်လဲ လူမှုရေးအရရော မာမီ့မျက်နှာကြောင့်ပါ ဟုတ်ကဲ့ကိုထက်အောင်ကို ကျမကိုခွင့်ပြုပါအုံးနော် လုပ်စရာလေးတွေရော လေ့လာစရာလေးတွေပါရှိနေလို့ဆိုပြီး ရွဲ့ပြောကာ မာမီတို့အရှေ့ကနေထွက်လာခဲ့တယ်...........

အသက်ရုံးခန်းထဲရောက်တော့လဲ ထိုအရိုင်းအစိုင်းကိုတွေ့လိုက်ရတာကြောင့်စိတ်မကြည်တော့ပဲ ဘယ်သူနဲ့မှစကားမပြောပဲ အသက်အလုပ်ကိုသာအသက်အာရုံထည့်ကာလုပ်နေခဲ့တယ် ညနေရုံးဆင်းချိန်ရောက်တော့လဲ ဟန်နာ့ကိုတောင်မစောင့်ပဲ အသက်အရင်အလုပ်ဆင်းခဲ့တယ် ဘာလို့ဆို အသက်ရဲ့ချစ်ရသူလေးကိုသွားကြိုရမယ်မလား ဒီတော့အလုပ်ကနေ တစ်ခါထဲထားတို့ကျောင်းကိုပဲ အသက်မောင်းလာခဲ့တယ် အသက်ကျောင်းရှေ့ရောက်တော့ အသက်ရဲ့ထားကပင် ကျောင်းရှေ့မှာကြိုစောင့်နေတယ် အသက်လဲကားပေါ်ကမြန်မြန်ပင်ဆင်းကာ ချစ်ရသူလေးကို ကားတံခါးဖွင့်ပေးခဲ့တယ် ထားကားပေါ်တက်ပြီးမှ ကားတံခါးပိတ်ကာ အသက်လဲကားပေါ်တက်ခဲ့တယ် အသက်ကားပေါ်ရောက်တော့ ထားကိုခါးပတ်ပတ်ပေးနေချိန် အသက်ပါးပေါ် ပူနွေးတဲ့အထိအတွေ့တစ်ခု သေချာပါတယ် ထားရဲ့အနမ်းတစ်ပွင့်ဆိုတာ အသက်မကြည့်လဲသိနေပါတယ် အသက်လဲခါးပတ်ပတ်ပြီးပြန်အခွာ ထားရဲ့နှုတ်ခမ်းဖူးဖူးလေးကို အသက်ဖွဖွလေးပြန်နမ်းပြီး ချစ်တယ်ထားဆိုပြီးပြောလိုက်တော့ ထားကလဲ ဒီကလဲအရမ်းချစ်ပါတယ်နော် အချစ်ရယ်လို့​ပြန်ပြောကာ အသက်တို့ရဲ့ ညနေခင်းလေးကအရမ်းကို လှပသွားခဲ့တယ်.........

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now