'ချယ်'(အပိုင်း-၁၇)

2.1K 135 0
                                    

အစု-ဒီလိုနဲ့ ချယ်နဲ့အစု မတွေ့ပဲနေလာတာ ကြာခဲ့ပြီလေ
ချယ်ကလဲ လာမတွေ့တော့သလို အစုလဲအရင်လို သွားမတွေ့ဖြစ်ပဲ စာကိုသာဖိလုပ်နေမိတယ်လေ......

ချယ်-ကျမကလေးကိုမတွေ့ရတာ ၃လနီးပါးရှိပြီလေ ကျမအရမ်းတွေ့ချင်သော်လဲ ကလေးရဲ့အစိုးရစစ်စာမေးပွဲကြောင့်ရယ် ကျမကိုခွင့်မလွှတ်သေးတာကြောင့်ရယ် ကျမသွားမတွေ့ဖြစ်ဘူးလေ.........

ဒီနေ့ ကျောင်းမှာအငယ်တန်းလေးတွေ စာမေးပွဲFinalဖြေရတဲ့နေ့လေ ကျမကလေးကို လိုက်ရှာနေမိတယ် ကလေးစာဖြေတဲ့ အခန်းမှာများ ကျမအခန်းစောင့်ကျရင်တော့ဖြင့် ကျမကအရင်စကားဆိုပြီး ကလေးရဲ့ခွင့်လွှတ်မှုကို ကျမတောင်းခံမယ်........

ဒီလိုစပြောလိုက်မိလို့ ကျမရဲ့ဆရာမ သိက္ခာတွေ ကျသွားမယ်ဆိုရင်တောင် ကျမအကျခံပြီး ကလေးကိုမျက်နှာချင်းဆိုင်မယ်လေ ဘာ့ကြောင့်ဆို ကျမကလေးကိုအရမ်းချစ်နေမိပြီဆိုတာသေချာသလို အရမ်းလဲလွမ်းနေမိတဲ့အတွက်ကြောင့်ပါ........

စာမေးပွဲရက်၎ရက်သာကုန်သွားတယ် အခုထိကျမကလေးကိုမတွေ့ရသေးပါ အရင်လိုစာမေးပွဲဖြေပြီးရင်ကျောင်းမှာမနေရပဲ ကလေးတွေကအိမ်တန်းပြန်ရတဲ့အတွက်ကြောင့်
ကျမနဲ့ကလေးမဆုံဖြစ်တာနေမယ်လို့တွေးမိတယ်.........

၅ရက်မြောက်နေ့ ဒီနေ့ကျမမနက်အစောကြီး နိုးနေတယ်စိတ်ထဲလဲကျောင်းကိုစောစောသွားဖို့သာ စိတ်စောနေတယ်လေ ကျမကျောင်းရောက်တော့လဲ ပေါ့ပါးနေသည်မှာအမှန် ဒီလိုဘာကြောင့်ဖြစ်မှန်း ကျမမသိရိုးအမှန်ပါ......

စာမေးပွဲဖြေချိန်ရောက်တော့ ကျမအခန်းစောင့်တာဝန်ကျတဲ့အခန်းကို ကျမဝင်လိုက်တော့ ကျမခြေလှမ်းတွေရပ်တန့်သွားရတယ်လေ နှုတ်ကလဲ ကလေးလို့ခေါ်လိုက်မိတယ် ကျောင်းသူလေးတွေက အကုန်မော့ကြည့်လာကြတယ်....

ကျမလဲ ဆရာမမှားခေါ်မိတာ အေးဆေးဖြေကြနော်ဆိုပြီး အရှက်ပြေသာပြောခဲ့တယ် တစ်ကယ်တန်း ကလေးကိုလဲတွေ့ရော တွေ့ရင်ပြောမဲ့ စကားတွေအလိုလိုပျောက်ရှကုန်တယ်လေ.........

ကလေးကစာကို အာရုံစိုက်ဖြေနေသလို ကျမလဲကလေးကိုသာ အာရုံစိုက်ကြည့်နေမိတယ် စာတွေဘယ်လောက်ပိုင်တဲ့ ကလေးလဲဆိုတာ ကလေးစာမေးပွဲဖြေတဲ့ အချိန်ကို ကြည့်ခြင်းဖြင့်သိနိုင်တယ် ၃နာရီအချိန်ပေးထား​သော်လဲ ကျမလက်ပတ်နာရီကိုကြည့်မိတော့ အခုမှ၁နာရီခွဲကျော်ကျော်သာရှိသေးတယ် ကလေးကပြီးလို့ ခေါင်းမှောက်အိပ်နေလေရဲ့........

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now