'ချယ်'(အပိုင်း-၅၉)

2.7K 113 8
                                    


မနက်ခင်းရဲ့နေရောင်ခြည်က အရမ်းမပူသောလဲ လိုက်ကာမှကျော်ကာ အသက်မျက်နှာပေါ်ကျရောက်လာကြောင့် အသက်ဆက်အိပ်မရတော့ပါ ဆက်မအိပ်သောညားလဲ မျက်လုံးတို့ကိုတော့ မဖွင့်သေးပါပဲ အိပ်ယာထဖို့ လုပ်လိုက်တဲ့အချိန် အသက်ကိုယ်ပေါ် တစ်ယောက်ယောက်ဖိထားတယ် ဆိုတာသေချာပါတယ် အသက်မျက်လုံးတို့ကို ဖြေးဖြေးဖွင့်ကြည့်မိတော့ အသက်ကိုယ်ပေါ်မှာရှိနေတာ ထားရဲ့ကိုယ်လုံးလေးပင်

အသက်မဖယ်ရက်ပါပဲနဲ့ ဆက်ကြည့်နေမိတော့ "အွန်း ဆိုတဲ့အသံလေးနဲ့အတူ ရင်ဘတ်ပေါ်က ထားကအနည်းငယ်လူးလွန်းလာကာ မောင်နိုးနေပြီလားဟင်"ခေါင်းရောကိုက်နေသလား ပြပါအုံးဆိုကာ အသက်နှာဖူးနားကို တယုတရထိတွေ့လာသော ထားလက်ချောင်းလေးတွေ

အသက်နားမလည်နိုင်စွာ ထားကိုသေချာစိုက်ကြည့်နေမိတယ် မနေ့ကအထိ"မုန်းတယ် မုန်းတယ်"လို့ အသက်ကိုကြည့်ပြီး အကြိမ်ကြိမ်ပြောခဲ့တဲ့ထား ဒီနေ့မနက်မှာတော့ အရာရာဟာ ပြောင်းပြန်ဖြစ်နေတယ်လေ အသက်ညကအိမ်ကိုဘယ်လိုပြန်ရောက်လဲတောင် မသိပါ အသက်စဥ်းစားနေတုန်း မောင်ထားပြောတာကြားလား ခေါင်းကိုက်နေသလားလို့ ခေါင်းလားမကိုက်ပါဘူးထား

ဒါနဲ့လေ မရှင်းတာမေးလို့ရမလားဟင် အသက်ရင်ဘတ်ပေါ် ခေါင်းတင်ထားတဲ့ထားက ခေါင်းလေးတဆတ်ဆတ်ငြိမ့်ကာ မေးလေဆိုတဲ့ပုံလေးနဲ့ အသက်ကိုမော့ကြည့်လာတယ် ဟို ဟိုလေ ညကဘယ်လိုပြန်ရောက်လာတာလဲ ပြီး ပြီးတော့ ထားစိတ်မဆိုးတော့ဘူးလားဟင် အင်းဆိုကာ စဥ်းစားဟန်လေးလုပ်ကာ

"အင်း ဘယ်အကြောင်းအရာကို မောင့်ရဲ့ဇနီးလေးက အရင်ပြောရမလဲဟင် အိမ်ကိုဘယ်လိုပြန်ရောက်တဲ့အကြောင်းလား ဒါမှမဟုတ် ထားစိတ်မဆိုးတော့တဲ့အကြောင်းလားဟင် မောင်ကထားသဘောပါ ထားဘယ်အကြောင်းကိုအရင်ပြောပြော မောင်နားထောင်မှာပေါ့ ထားရဲ့

ဒါဆိုထားစိတ်မဆိုးတော့တဲ့ အကြောင်းအရင်ပြောပရစေနော် မပြောရရင်ထားလေ အပြစ်ရှိသလိုခံစားနေရလို့ပါ ဘာလို့အပြစ်ရှိရမှာလဲထား ဒါတွေကထားအပြစ်တွေမှမဟုတ်တာ မောင်မှားတာပါ မောင့်အပြစ်တွေ ထားမကြိုက်တာသိရဲ့နဲ့ မောင်ကသစ္စာနိုင်ဆိုတဲ့ မိန်းမနဲ့ပတ်သတ်မိတာ မောင်မှားတာ ထားမမှားပါဘူး မောင့်ရဲ့ထားလေးက ဘယ်တော့မှမမှားဘူး ထားကိုမောင်ကနာကျင်အောင်လုပ်နေမိသူပါ အပြစ်ရှိတာမောင်ပါ ဟင့်အင်း ထားမောင့်ကိုမယုံကြည်မိတာကိုက ထားအမှားဖြစ်နေတာ တကယ်ဆိုဘယ်သူမှားလဲမှန်လဲ မြင်နေတာတောင် အပြစ်တွေအားလုံး မောင့်အပေါ်ကိုပုံချမိတာပါ

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now