'ချယ်'(အပိုင်း-၃၃)

2K 128 0
                                    

၈နှစ်ကြာသော........

ချယ်-အော်ကလေးရယ် ၈နှစ်တောင်ကြာခဲ့ပါပေါ့လား ချယ့်ရင်ခွင်ထဲကနေကလေးထွက်ခွာသွားခဲ့တာ ချယ်အရမ်းသတိရတယ် ချယ့်အသက်ကလေးရယ် အခုအချိန်လောက်ဆိုကလေးက ဘယ်လိုပုံလေးဖြစ်နေမလဲ အရင်ကထပ်အရပ်တွေရှည်လာပြီး အရမ်းလဲချောလာမှအသေအချာပါပဲလေ ကလေးပြန်လာမဲ့အချိန်ကို ချယ်စောင့်နေပါတယ်နော် ချယ့်ရဲ့အသက်ကလေးရေ.........

လွန်ခဲ့သော၈နှစ်........

ချယ်-ကျမနောင်တကြီးစွာရမိပါတယ် ကလေးအရှေ့မပြောသင့်တဲ့ အကြောင်းကိုကျမပြောမိလို့ အခုတော့ကလေးနဲ့ကျမဝေးကွာခဲ့ရပြီလေ တစ်ဖက်မှာလဲ ကျမကိုမေမေကအိမ်ထောင်ချပေးဖို့ အတင်းစီစဉ်နေပြီ ကျမဘာဆက်လုပ်ရမလဲ ကလေးကထွက်မသွားခင်ပေးခဲ့တဲ့စာလေး ကျမရခဲ့တယ် ဒီတော့ ကျမသေချာတဲ့ဆုံးဖြတ်ချက်ချခဲ့တယ်လေ ကျမဒီမင်္ဂလာပွဲကိုလုံးဝလက်မခံဖို့ ပြီးတော့ ကျမကလေးပြောခဲ့သလို ကလေးပြန်လာတဲ့အထိစောင့်ဖို့ ကျမဆုံးဖြတ်ကာ မေမေ့ဆီသွားခဲ့တယ် မေမေ့ဆီရောက်တော့ မေမေသမီးပြောစရာရှိတယ် သေချာနားထောင်ပေးပါနော်.......

ဒီတော့မေမေက အေးပြောလေသမီးဆိုတော့ ကျမလဲ သမီးကိုဘုန်းမြတ်နဲ့မင်္ဂလာပွဲကိုလုံးဝလက်မခံနိုင်ဘူး မေမေပြီးတော့ သမီးမှာချစ်ရမဲ့သူရှိတယ် သူ့ကိုပဲသမီးချစ်တယ်မေမေလို့ဆိုကာ ပြောလိုက်တော့ မေမေကဒေါသမထွက်ပဲ အော်သမီးရယ် အဲဒါကိုမေမေ့ကိုဘာလို့စောစောမပြောခဲ့တာလဲ မေမေကသမီးမှာချစ်သူမရှိဘူးအထင်နဲ့ မောင်ဘုန်းမြတ်နဲ့ပေးစားဖို့စီစဉ်တာလေ အခုတော့သမီးမှာချစ်သူရှိတယ်လို့ပြောလာတော့ မေမေကဝမ်းသာရတာပေါ့ သမီးလေးချစ်သူကိုမေမေတို့ဆီခေါ်လာခဲ့လေ မေမေတို့ချင်းတွေ့ပြီး မင်္ဂလာကိစ္စကိုစီစဉ်ရတာပေါ့တဲ့ ဆိုကာပြောလာတော့ ကျမဘာဆက်ပြောရမည်နည်း ကျမချစ်သူကယောကျာ်းလေးမဟုတ်တဲ့အပြင် မိန်းကလေး မိန်းကလေးတောင်မှ ရိုးရိုးမဟုတ်ဘူး ကျမတပည့်လေး ဆိုတာကျမဘယ်လိုပြောရမလဲ.......

မေမေကသမီး.....သမီးအော်ဒီကလေးဘာလဲအရမ်းဝမ်းသာပြီးမေမေပြောတာတောင်မကြားတော့ဘူးလားတဲ့လေ ကျမလဲမစဉ်းစားတော့ပဲ မေမေသမီးချစ်သူကမိန်းကလေးပါဆိုပြီးပြောလိုက်တော့ ဘာ.....ဘာပြောတယ် သမီးပြန်ပြောစမ်း ဆိုတော့ ကျမလဲသမီး....သမီးချစ်သူကယောကျာ်းလေးမဟုတ်ဘူး မိန်းကလေးတစ်ယောက်ပါမေမေ ဆိုတော့ မေမေဒီနေရာတင်ပဲသတိလစ်သွားခဲ့တယ်လေ ဒီတော့မေမေ့ကိုဆေးရုံတင်ခဲ့ရတယ် ဆေးရုံရောက်ပြီးမကြာဘူး မေမေသတိရလာတယ် ကျမကိုမြင်တော့ မေမေကအလွန်ဒေါသထွက်နေတဲ့အသံနဲ့ သက်ထားနွယ် ငါ့အနားကိုအခုလာခဲ့စမ်းတဲ့လေ........

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now