'ချယ်'(အပိုင်း-၄၉)

3.7K 100 2
                                    

အခန်းအတွင်းသို့ အေးမြတဲ့လေလေးက မနက်အလင်းရောင်နဲ့အတူ ၀င်ရောက်လာတယ် ဒီနေ့တော့အရင်ဆုံးနိုးသူမှာ အသက်ပင် ထားကတော့နိုးပေအုံးမည်မဟုတ် ဘာကြောင့်ဆို ညကအသက်ရဲ့ဆိုးချင်တိုင်းဆိုးထားမှုတွေကို ထားခံစားထားရတာကြောင့် စောင်အောက်ကအသက်ရင်ခွင်ထဲမှာ အလွန်ပင်အပြစ်ကင်းတဲ့ကလေးလေးတစ်ယောက်လိုအိပ်နေတဲ့ ချစ်ရသူဇနီးလေးရဲ့ မျက်နှာကို အသက်ကြည့်လေကြည့်မ၀လေပါပဲ အသက်လဲထားရဲ့မျက်နှာလေးကိုကြည့်မိနေရင်းကနေ အသက်ရဲ့အာရုံကိုဖမ်းစားနိုင်တဲ့ ထိုအရာလေးဆီကနေအသက်မျက်လုံးမခွာနိုင်တော့ပါ ထိုအရာလေးမှာ ထားရဲ့နီနီရဲရဲနှုတ်ခမ်းဖူးဖူးသာ အသက်အကြည့်မခွာနိုင်တဲ့ ထားရဲ့နှုတ်ခမ်းလေးကို ထားခွင့်ပြုချက်မရပါပဲ အသက်မက်မက်မောမောကို နမ်းရှိုက်နေမိတယ် အသက်နမ်းနေသည်မှာ ဘယ်လောက်ကြာသွားတယ်ဆိုတာမပြောတက် အသက်ရင်ခွင်ထဲကထားက အသက်ရင်ကိုဖွဖွလေးထုကာလာမှ အသက်လွှတ်ပေးမိတယ် အသက်လွှတ်ပေးလိုက်ပြီး ထားရဲ့မျက်နှာလေးကိုပြန်ကြည့်မိတော့ ရှက်သွေးဖြာနေတဲ့ထား အသက်လဲမနေနိုင်စွာဖြင့် ထားရဲ့နားလေးအနားသို့တိုးကာ တိုးလျှစွာနဲပင် ထား လို့ခေါ်လိုက်တော့ ခေါင်းမော့နေတဲ့ထားက ရှက်စွာဖြင့် ခေါင်းလေးပြန်ငုံသွားပြီး ရင်ခွင်ထဲကနေအသံသေးသေးလေးပြန်ပြုလာတယ် ဘာကိုအခုမှထားလဲ ဟွန့် သူများအိပ်နေတာကိုအခွင့်​ကောင်းယူပြီး သူ့သဘောအတိုင်း သူများကိုအသားယူနေတာဆိုပြီး ထားကပြောတော့ အသက်လဲ ဟင်ဘယ်သူ့ကိုများ မောင်ကသွားပြီး အခွင့်ကောင်းယူမိလို့လဲ တစ်ခြားဘယ်သူ့ကိုမှ အခွင့်ကောင်းမယူမိပါဘူးနော် အခုကမောင့်ရဲ့ထားလေးကိုပဲ မောင်ကချစ်လို့ အခွင့်အရေးယူမိတာပါ ဘာလဲထားကမကြိုက်ဘူးလား ဒါဆိုမောင်မထိတော့ဘူးလို့ပြောကာ စိတ်ဆိုးဟန်ဖြင့် ဟိုဘက်လှည့်ကာနေမိတော့ ထားကအနောက်ကနေ အသက်ခါးကိုတင်းကျပ်စွာ ဖက်တွယ်လာပြီး ထားကအဲသဘောမျိုးပြောတာမဟုတ်ပါဘူး ထားတို့ကအခုဆိုနှစ်ယောက်တစ်ဘ၀ဖြစ်နေပြီလေ ဒါနဲ့နေပါအုံး ထားမရှင်းတာတစ်ခုမေးမလို့ ဒီဘက်ခနလောက် လှည့်ပါအုံးနော် ဆိုမှအသက်လဲထားဘက်ကို မျက်နှာချင်းဆိုင်အနေအထားနဲ့ လှည့်ကာ မေးလေဆိုတဲ့အကြည့်နဲ့ကြည့်မိတော့ ထားက ဘယ်လိုကနေဘယ်လို ထားရဲ့ကလေးက အချစ်လို့ပြောင်းသုံးနှုန်းနေရာကနေပြီး ဒီမနက်မှဘယ်လိုဖြစ်လို့ ကိုယ့်ကိုကို တစ်မောင်ထဲမောင်နေရတာတုန်း ဘယ်သူ့ခွင့်ပြုချက်နဲ့ မောင်လို့သုံးနေတာတုန်းဆိုပြီး မေးလိုက်တော့ ကလေးကချက်ချင်းဆိုသလိုပင် ထားရဲ့ခွင့်ပြုချက်နဲ့ မောင်ကကိုယ့်ကိုကို မောင်လို့သုံးနေတာပါဆိုပြီးပြောတော့ ကျမတကယ့်ကိုလည်တယ်တယ်ဖြစ်သွားတာပါ ကျမဘယ်ချိန်တုန်းကများ မောင်လို့သုံးနှုန်းခိုင်းခဲ့မိတယ်ဆိုတာ ကျမကိုယ်တိုင်တောင်မသိပါ ဒါကြောင့်ကလေးကိုကျမထပ်မေးခဲ့မိတယ် ထားကဘယ်တုန်းကများမောင်လို့ခေါ်မိလို့လဲလို့မေးလိုက်တော့ ချက်ချင်းဆိုသလို အင်းပေါ့လေအခုတော့ ထားကမေ့သွားပြီပေါ့ မောင့်မှာတော့ ထားနဲ့ပတ်သတ်တဲ့ကိစ္စဆိုရင် အကုန်မှတ်မိနေတာ ထားပဲညက မောင်အဲနာလေးဆို ထားပဲပြောပြီးလို့ အသက်ကပြန်ပြောလိုက်တော့ သေချာအာရုံစိုက်နားထောင်နေတဲ့ ထားမျက်နှာက ချက်ချင်းဆိုသလို ရဲကာသွားပြီး ဟာဒီကလေးဘာမှန်းမသိဘူးလို့ပြောကာ စောင်အောက်ထဲပြန်တိုးဝင်ပြီး သူရှက်နေကြောင်းကို ပြသခဲ့တယ်........

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now