'ချယ်'(အပိုင်း-၄၂)

2.1K 110 2
                                    

6:00 Am

အသက်ဒီနေ့မနက်စောစောAlarm​ပေးထားတယ် ဒီနေ့အလုပ်စတက်မဲ့နေ့ဖြစ်သလို အသက်ရဲ့ထားကိုလဲကျောင်းလိုက်ပို့ရမဲ့နေ့လေ အသက်လဲAlarmကိုပိတ်ကာ အိပ်ယာကထပြီး ရေချိုးပြင်ဆင်ခဲ့တယ် အသက်ပြင်ဆင်ပြီးနာရီကြည့်မိတော့ ၆နာရီပင်ခွဲနေပြီ ဒီတော့ထားဆီသွားဖို့ အမြန်အောက်ကိုဆင်းလာခဲ့တယ် နောက်ကျနေလို့မနက်စာတောင်မစားပဲ မြန်မြန်သွားမယ်လို့ တွေးထားပေမဲ့ ထမင်းစားခန်းထဲကမာမီ့ရဲ့ခေါ်သံ 'သက်ထက်' အခုဒါကဘယ်လဲ မနက်စာစားသွားပြီးမှအလုပ်သွားတဲ့ ဆိုပြီးမာမီကပြောလာတော့ အသက်လဲ မာမီသမီးမစားတော့ဘူး ဟန်နာ့ကိုဝင်ခေါ်ရအုံးမှာ လမ်းကြမှစားမယ်လို့ ပြောကာမာမီစကားဆက်မပြောခင်ပဲ အသက်မာမီ့ရှေ့ကထွက်လာလိုက်တယ် ကားပေါ်ရောက်တော့ ထားဆီမြန်မြန်ပဲမောင်းထွက်ခဲ့တယ် မနက်စောစောမလို့ထင်ပါတယ် ကားလမ်းသိပ်မပိတ်ဘူး သိပ်မကြာဘူး ထားတို့အိမ်ရှေ့ရောက်တော့ ကားပေါ်ကဆင်းကာ အိမ်ထဲဝင်သွားတော့ ထားရေ ထားရေ အချစ်ရောက်ပြီလေလို့အသံပြုလိုက်ပေမဲ့ ထားအသံပြန်လာတာမကြာပါ နည်းနည်းကြာတော့ အိမ်ပေါ်ထပ်ကနေဆင်းလာသူမှာ ချယ်ယုပင် ချယ်ယုက အသက်သမီး သမီးရဲ့ထားကထမင်းစားခန်းထဲမှာထိုင်နေတာ အဲဒါကိုသပ်သပ်မထူးတာသမီးရေလို့ ချယ်ယု
ပြောတော့ အသက်လဲထားရှိရာကိုသွားပြီး ဟောအချစ်ရဲ့ထားကဒီမှာကို ဒီမှရှိတာအချစ်ကိုဘာလို့မပြောတာလဲထားရဲ့ ဒီမှာမှန်းသိရင်ချက်ချင်းထားအနားပြေးလာမှာပေါ့ အခုတော့ဆိုပြီး အသက်စကားတောင်မဆုံးသေးဘူး ထားက အခုတော့ သူခေါ်တာပြန်မထူးလို့ လူကိုစိတ်ကုန်နေပြီမလားတဲ့ အင်းသိပါတယ်အချစ်တွေလျော့ကုန်ပြီဆိုတာကို ဆိုပြီးထားကပြောတော့ အသက်မျက်လုံးပါပြူးမိတယ် အသက်ထားကိုပြောတဲ့အထဲဒီလိုသက်ရောက်တဲ့စကားများ ပါသွားလေသလားလို့တောင်ပြန်စဉ်းစားမိတယ် နောက်တော့မှ မဟုတ်တာထားရယ် အချစ်ကထားကိုဘာလို့စိတ်ကုန်ရမှာလဲပြီး​တော့ ဘာလို့အချစ်လျော့ရမှာလဲထားရဲ့မဟုတ်တာဆိုပြီး ထားကိုယ်လေးကိုသိမ်းကာဖက်ပြီးရင်ခွင်ထဲထည့်ကာ ထားနားထောင်ကြည့်ကြားရလား အချစ်ရဲ့နှလုံးခုန်နေတဲ့အသံ အိမ်ကနေခုနကအထိပုံမှန်ပဲ အခုထားအနားရောက်မှ နှလုံးခုန်တာပိုမြန်လာတာ အဲဒါဘာလို့လဲသိလားဆိုတော့ ရင်ခွင်ထဲကထားက ဟင့်အင်းတဲ့လေ ဒီတော့အသက်လဲ အဲဒါထားကိုချစ်တဲ့အချစ်တွေကပြည့်လျှံနေလို့ ထားအနားရောက်တိုင်း ဟောဒီထားအပိုင်နှလုံးသားလေးက အလွန်မြန်မြန်ခုန်နေရတာပါထားရယ် ဆိုတော့မှ ရင်ခွင်ထဲကထွက်ကာပြုံးပြီး အချစ်နော်အပြောကောင်းလို့ခွင့်လွှတ်လိုက်မယ် မဟုတ်ရင်ဆက်ကောက်မလို့ဆိုပြီးပြောမှ အသက်လဲထားကောက်နေမှန်းသိရတော့တယ်......

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now