'ချယ်'(အပိုင်း-၃၈)

4.1K 148 2
                                    


ချယ်-မနက်ခင်းအစ ချစ်ရသူရင်ခွင်ထဲကနေ နိုးထဖို့ဆိုတာ ကျမမက်ခဲ့ဖူးတဲ့အိမ်မက်ပါ အခုတော့ဒီအိမ်မက်က ကျမကလေးကြောင့်ပြည့်ခဲ့ပြီလေ ကျမကလေးရင်ခွင်ထဲကနေ ကလေးမျက်နှာလေးကိုသေချာစွာ မော့ကြည့်မိတယ် ကြည်လင်နေတဲ့ မျက်နှာလေး မျက်တောင်ကော့ကော့လေးတွေ နှာတံစင်းစင်းလေး ကျမကိုအနမ်းတွေပေးတက်တဲ့ အလွန်ချိုမြတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေ ကျမကလေးမျက်နှာတလျှောက်ထိတွေ့ကာကြည့်နေမိတော့ အိပ်နေတဲ့ ကျမကလေးလေးက လူးလွန့်ကာနိုးလာတယ်လေ ဒီတော့ကျမလဲ မျက်လုံးမှိတ်ထားကာ အိပ်ချင်ယောင်ဆောင်နေမိတယ်......

အသက်-ညကချယ့်ကိုအချစ်ဒဏ်တွေအများကြီးပေးမိတာ အသက်ပါ ဒါပေမဲ့အသက်ထပ်ချယ်က အရင်နိုးနေတယ်လေ အသက်မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကိုလဲ ကိုင်ကြည့်ကာသဘောကျနေတယ်လေ အသက်အနည်းငယ်လူးလွန့်လိုက်တော့ ချယ်ကအိပ်ချင်ယောင်ဆောင်နေတယ်လေ အိပ်ချင်ယောင်ဆောင်နေတဲ့ပုံလေးကိုကြည့်ကာ အသက်လဲရီချင်စိတ်ကိုမထိန်းနိုင်တဲ့အဆုံး ရီမိတယ် ချယ်ရယ်အခုမှနာနေတယ်တဲ့လား ညကတော့လေဟီးဟီး ဆိုတော့ချယ်က အသက်ရင်ဘတ်ကိုထုကာဖြင့် ဘာကိုဟီးဟီးလုပ်နေတာလဲဟင် သူများကိုအရမ်းလုပ်တာဘယ်သူလဲလို့ဆိုကာ​ပြောလာတော့ အသက်လဲချယ့်နားနားလေးကပ်ကာ အင်းကလေးအဲနေရာလေးဆိုပြီးပြောတာကရော ဘယ်သူတုန်းဆိုကာပြန်ပြောလိုက်တော့ အသက်ရင်ခွင်ထဲကချယ်ကငိုပါလေရော ဒီတော့အသက်လဲဆက်မစတော့ပဲ ချယ်ရယ်အသက်တောင်းပန်ပါတယ်နော် အသက်ကလေချစ်လို့စတာပါ ချယ်မကြိုက်ရင်မပြောတော့ဘူးနော်ဆိုတော့မှ ငိုနေရာကနေပြီး သေချာလား တကယ်နော် နောက်မစရဘူး ဒီကသူ့ကိုချစ်လွန်းလို့ အနှစ်၄၀ကျော်ထိန်းသိမ်းလာတဲ့ အပျိုဘဝကို ပေးခဲ့တာပါလို့ဆိုလာတော့ အသက်မှာအရင်ကထပ်ပိုပြီး အချစ်ပိုရပြန်တယ်လေ အသက်တို့နှစ်ဦးသားအချစ်တွေပြည့်နေတဲ့ မနက်ခင်းလေးနဲ့အတူ အလွန်လှပတဲ့နေ့လေးတစ်နေ့ကို ချစ်ရတဲ့သူလေးနဲ့အစပြုခဲ့ကြတယ်.........

အသက်တို့အိပ်ယာကနေထမယ်ဆိုမှ သတိရသွားတယ် ချယ်ရောအသက်ပါ ဘာမှမဝတ်ထားတာကိုလေ ဒီတော့ချယ်ကရှက်ပြီး စောင်ကိုအတင်းဆွဲကာ သူ့ကိုယ်လေးကိုပတ်ထားတယ် အသက်လဲဘေးမှာရှိတဲ့အသက်အင်္ကျီလေးကိုဝတ်ကာ စောင်နဲ့ပတ်ထားတဲ့ချယ့်ကိုယ်လေးကိုပွေ့ချီကာ ရေချိုးခန်းထဲခေါ်လာလိုက်တယ် ရေချိုးခန်းထဲရောက်တော့ ချယ်ကမျက်နှာသစ်ပေးဖို့တောင်းဆိုလာတယ် ဒီတော့အသက်လဲ ချယ့်ကို ကိုယ်တိုင် မျက်နှာသစ် သွားတိုက်ပေးခဲ့တယ် အားလုံးပြီးတော့ ချယ့်ကိုရေချိုးခန်းထဲကနေပြန်ပွေ့ချီလာကာ ကတင်ပေါ်လေးမှာ ထိုင်စေပြီး နှဖူးလေးကိုအနမ်းတစ်ချက်ပေးကာ ချယ်အသက် ကျောင်းအင်္ကျီထုတ်ပေးမယ်နော် ချယ်ဝတ်ပြီးရင်အောက်ဆင်းခဲ့ ချယ့်အတွက်အသက်အားရှိအောင်မနက်စာလုပ်ပေးမယ် ဟုတ်ပြီလား အသက်ရဲ့အိမ်သူသက်ထားလေးရဲ့ ဆိုကာပြောပြီး အသက်လဲအောက်ထပ်ဆင်းလာခဲ့တယ်........

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now