'ချယ်'(အပိုင်း-၅၄)

2.2K 101 1
                                    

စင်ပေါ်ကဦးကျော်ထွန်းက ဒီနှစ်ကျွန်တော်တို့ရဲ့ စီးပွားရေးလောကထဲမှာ အသက်ကငယ်ငယ် ထက်ထက်မြတ်မြတ်နဲ့ ဇနီးချောချောလေးကိုပိုင်ဆိုင်ထားတဲ့ ကျွန်တော့်ရဲ့စီးပွားဖက်ဒေါ်စုသက်ထက်နဲ့ အားလုံးကိုကျွန်တော်ကမိတ်ဆက်ပေးချင်ပါတယ်

လက်ခုတ်လေးတွေတီးပေးကြပါအုံး ဆိုကာပြောပြီး အသက်ကိုစင်ပေါ်လာဖို့ဖိတ်ခေါ်လို့ အသက်လဲသွားခဲ့တယ် အသက်စင်ပေါ်ရောက်တော့ ဟုတ်ကဲ့အားလုံးပဲတွေ့ရတာ အထူးပဲဝမ်းသာလှပါတယ်

ခုနကဦးကျော်ထွန်းပြောသွားသလိုပဲ အသက်ငယ်ငယ် ထက်ထက်မြတ်မြတ်နဲ့အလုပ်လုပ်တယ်ဆိုတယ်ဆိုတာက မှန်သင့်သလောက်မှန်ပေမဲ့ ဇနီးချောချောလေးပိုင်ဆိုင်ထားတယ်ဆိုတာကတော့ အပြည့်အဝကိုမှန်ပါတယ် ဆိုကာအသက်ကပြောလိုက်တော့ သဘောကျစွာနဲ့အကုန်ရီခဲ့ကြတယ်

အသက်လဲကိုယ့်ကိုကိုမိတ်ဆက်ပြီး စင်အောက်ပြန်ဆင်းကာ အသက်ထိုင်တဲ့နေရာကိုပြန်လာတော့ အကုန်လုံးရဲ့အကြည့်တွေက အသက်ဆီမှာပင် အသက်ရဲ့ဇနီးချောချောလေးကို ဘယ်သူများလဲဆိုကာသိချင်နေကြတယ်ဆိုရင် မမှားနိုင်ဘူး

ထားရှိရာစားပွဲဆီ အသက်လျှောက်လာခဲ့တယ် ထားအနားရောက်မှ ထားပခုံးလေးကိုကိုင်ပြီး ထားဆံနွယ်လေးကိုမသိမသာနမ်းရှိုက်လိုက်ပြီး ဒါကျမအမျိုးသမီးလေးပါဆိုပြီး အမူအရာနဲ့ပြသခဲ့တယ်

အသက်လဲထားအနားမှာဝင်ထိုင်လိုက်ပြီး ထားလက်လေးကိုကိုင်ကာ ထားပျင်းနေပြီလားဟင် ဒါမှမဟုတ် ထားဗိုက်ဆာနေပြီလား မောင်တစ်ခုခုသွားယူပေးရမလားဆိုတော့ ထားက မောင်ရယ်ထားမပျင်းပါဘူး ပြီးတော့ဗိုက်လဲမဆာပါဘူး ဘာလဲမောင်ဆာနေလို့လား ​မောင်လဲမဆာပါဘူးထားရယ် ထားဆာနေမှာဆိုးလို့

ဒါဆိုခနနေမောင်တို့ပြန်ကြမယ်နော် ဒီမှာကြာကြာနေရင် မောင့်ရဲ့ဒေါသတွေကပိုပြီးထွက်တော့မှာထားရဲ့ ဒီတော့ထားက ဟင်မောင်ဘာဖြစ်လို့လဲဟင် မောင့်ကိုသူတို့ကဘာပြောကြလို့လဲ ထားအမြင်မှာတော့ ဒီစီးပွားရေးလောကကလူတွေက မောင့်ကိုလက်ခံကြတယ်မလား ထားကအဲလိုမြင်လို့ပြောပြတာပါနော်

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now