'ချယ်'(အပိုင်း-၄၅)

1.8K 95 0
                                    

အသက်ထားကို ပြန်လိုက်ပို့ပြီး အသက်ကိုယ်တိုင်လဲ အိမ်ကိုသာပြန်လာခဲ့တယ် ညနေမွေးနေ့ပွဲအတွက် ပြင်ဆင်စရာတွေရှိသေးတယ် အသက်အိမ်ရောက်တော့ ကားရပ်ပြီးအိမ်ထဲ၀င်၀င်ချင်း တွေ့ရသူမှာ ချယ်လွှာပင် ဒီကြားထဲချယ်လွှာနဲ့မတွေ့ဖြစ်တာလဲကြာပေါ့ ချယ်လွှာနဲ့ကအခုဆိုမိတ်ဆွေတွေလိုပါပဲ အရင်ကဘာတွေဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုတော့ ချယ်လွှာကအသက်ကိုမချစ်တော့ဘူးတဲ့ ဒီလိုကြားလိုက်တော့ ထားရောအသက်ပါ စိတ်ပေါ့သွားခဲ့တာအမှန်ပါ အသက်လဲချယ်လွှာကိုတွေ့တော့ မတွေ့တာကြာပြီနော် ချယ်လွှာဆိုတော့ ချယ်လွှာက အေးသမီးအခုတောင်သမီးမေမေကအတင်းမွေးနေ့ပွဲကိုလာခိုင်းတာ အသိသက်သေလေးလုပ်ပေးပါဆိုပြီး အကူအညီတောင်းလို့ဆိုပြီး ချယ်လွှာကပြောတော့ အသက်စိတ်ထဲထင်လိုက်တာက CEOရာထူးလွှဲပြောင်းပေးတာကိုအသိသက်သေလုပ်ပေးဖို့လို့ပဲထင်ပြီး ဟုတ်ချယ်လွှာ ဒါဆိုသမီးအပေါ်တက်ပြီး ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့ ခွင့်ပြုပါအုံးဆိုပြီး အသက်လဲ အပေါ်ထပ်ကိုတက်လာခဲ့တယ်...........

ညနေတဖြေးဖြေးစောင်းလာသလို ခြံထဲလဲအသိမိတ်ဆွေတွေ စုံသလောက်ဖြစ်နေပြီပေါ့ အသက်လဲအ၀တ်အစားလဲပြီး မွေးနေ့ရှင်တာ၀န်ကို ထမ်းဆောင်ဖို့ ခြံထဲဆင်းရမယ်လေ ခက်တာက အသက်၀တ်ရမဲ့အ၀တ်ပဲ မာမီကပြင်ပြီးထုတ်ပေးထားတာ ဂါ၀န်ဖြစ်နေတယ် အသက်မ၀တ်တက်ဘူးပြီးတော့ လည်ဟိုက်ဖြစ်နေတာကပိုဆိုးတယ် ဒီတော့အသက်လဲ ကိုယ်၀တ်နေကျ အ၀တ်ထဲက Shirtအဖြူလေးကိုအပေါ်ကကုတ်အနီထပ်ကာ ဘောင်းဘီနဲ့၀တ်ပြီး အောက်ဆင်းခဲ့တယ် အောက်ရောက်တော့ မာမီနဲ့ဆုံတော့ မာမီကမျက်နှာတစ်ချက်မပျက်ပဲ ထင်သားမာမီထုတ်ပေးတာကိုသမီးမ၀တ်ပဲ ကိုယ့်စိတ်ကြိုက်ကို၀တ်လိမ့်မယ်ဆိုတာ ဒါတွေထားပါတော့ အခုတော့ဧည့်သည်တွေကို ဧည့်ခံဖို့ ပြီးတော့သမီးကိုမာမီ့ရဲ့စီးပွားဖက်အချို့နဲ့လဲ မိတ်ဆက်ပေးမယ်လာလိုက်ခဲ့ ဆိုပြီးမာမီခေါ်တော့ အသက်လဲမာမီ့နောက်ကိုပါသွားတယ် လူကသာမာမီတို့နဲ့အတူစကားပြောနေတာ စိတ်ကထားကိုသာမျှော်နေမိတယ် နည်းနည်းကြာတော့ ချယ်ယုတို့ကားလေးရပ်လိုက်တာကိုအသက်မြင်လိုက်တယ် ဒီတော့မာမီ့အနားကနေမသိမသာလေး ထွက်လာခဲ့တယ် ကားပေါ်ကနေအရင်ဆုံးဆင်းလာကြသူတွေမှာ ချယ်ယုရယ်ပပရယ်ဟန်နာရယ်သာ ထားလိုက်ဆင်းလာတာကို အသက်မမြင်မိပါ ဒီတော့အသက်လဲချယ်ယုကို ချယ်ယု ထားရောဟင်ဆိုတော့ သမီးသာကိုယ်တိုင်သွားခေါ်ပါတော့ကွယ် အိမ်ကထွက်ထဲက သမီးရဲ့ထားကစိုးရိမ်စိတ်တွေများနေတာ သမီးမာမီနဲ့တွေ့ရမှာကိုလေ ဒါကြောင့်အခုထိကားပေါ်ကမဆင်းသေးတာနေမှာ သွားပြီးအားပေးစကားလေးဘာလေးပြောပြီး ခေါ်လာခဲ့ချယ်ယုတို့စောင့်နေမယ်ဆိုပြီးပြောတော့ အသက်လဲကားနားသွားကာ တံခါးခေါက်ပြီး ထားအချစ်ပါခန၀င်လာခဲ့မယ်နော်ဆိုပြီးပြောတော့ အထဲကနေအသံမပေးတော့ အသက်ကိုယ်တိုင်တံခါးဖွင့်၀င်ပြီး ထားဘေးထိုင်ကာ ထားလက်လေးကိုကိုင်ပြီး ဘာမှမစိုးရိမ်နဲ့နော် အချစ်တစ်ယောက်လုံးရှိတယ် ထားကိုမာမီဘာမှပြောလို့လဲမရသလို အချစ်တို့ကိုလဲခွဲလို့မရနိုင်စေရဘူး ပြီးတော့ အရင်ကလိုစော်ကားမှုတွေလဲ ထပ်မရှိစေရဘူးထား အချစ်ကတိပေးတယ် အချစ်ကိုယုံတယ်မလားဟင်ဆိုတော့ ခေါင်းလေးမော့လာပြီး အသက်လက်တစ်ဖက်ကိုပြန်ကိုင်ကာ ယုံပါတယ်အချစ်ရယ်တဲ့ ဒီတော့အသက်လဲထားလက်လေးကိုဆွဲကာ ကားပေါ်ကဆင်းလာခဲ့တယ် ပြီးတော့ချယ်ယုတို့၀ိုင်းမှာပဲ အသက်ရောထားပါအတူတိုင်လိုက်ကြတယ် ထိုအချိန်မှာ စင်ပေါ်ကိုမာမီကတက်သွားပြီး ဒီညကျမသမီးလေးမွေးနေ့မှာ ကျမကြော်ငြာစရာနှစ်ခုရှိပါတယ် တစ်ခုကတော့အခုဒီနေ့ဒီအချိန်ကစပြီး ကျမပိုင်တဲ့ရှယ်ယာအကုန်လုံးကို ကျမသမီး"စုသက်ထက်"ကိုအကုန်လွှဲပေးပြီး ကုမ္ပဏီရဲ့ CEOရာထူးကိုလွှဲပြောင်းပေးလိုက်ပြီဆိုတာပါပဲ ကျမနဲ့အတူအမြဲလုပ်ကိုင်ခဲ့တဲ့ စီးပွားဖက်တွေကိုလဲ ကျမသမီးလေးကိုအပ်ပါတယ်..........

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now