'ချယ်'(အပိုင်း-၅၃)

2K 94 6
                                    

ဒီနေ့လဲ သာယာတဲ့နေ့လေးတစ်နေ့ကို ချစ်ရသူလေးကို အနားမှာထားပြီး စတင်ခဲ့ပြန်သည် အမြဲတမ်းလိုလိုအသက်ထက်အရင်နိုးတဲ့ထား အသက်အိပ်ယာနိုးလို့ ဘေးကိုကြည့်မိရင် ထားမရှိသည်မှာ အသက်ရောထားပါ အလုပ်တွေစလုပ်ပြီး နောက်နေ့ကပင် သို့သော် အသက်မငြိုငြင်ရက်ပါ ဘာလို့ဆို ထားကစောစောထပြီး အိမ်မှုကိစ္စတွေ အသက်ရုံးသွားရင်ယူဖို့ ထမင်းချိုင့်ကအစပြင်ပေးနေတာမလို့ပါ အသက်ရဲ့ထားပင်ပန်းနေတာမလို့တောင် အသက်ကပင်ပိုအားနာရတယ် အသက်နိုးပြီးသိပ်မကြာဘူး ထားကအပေါ်တက်လာကာ အခန်းတံခါးကိုဖွင့်ပြီးအဝင် အော်မောင်နိုးနေပြီလား အခုပဲထားကအကုန်ချက်ပြုတ်ပြီးလို့ မောင့်ကိုနှိုးဖို့ထားလာတာ အခုမောင်ကအရင်နိုးနေပြီဆိုတော့ ထတော့လေ ပြီးရင်ရေချိုးတော့ ထားမောင်ဝတ်ဖို့အဝတ်အစားအဆင်သင့်ထုတ်ထားပေးမယ်နော် မောင်ပြီးမှထားရေချိုးမယ်လို့ပြောပြီး အသက်ကိုကျောပေးကာ အဝတ်ဗီရိုထဲက အသက်ရုံးသွားရင်ဝတ်ဖို့ အဝတ်ကိုသေချာရွေးပြီးထုတ်နေတယ် အသက်လဲထားခါးလေးကိုဖက်ကာ ပုခုံးလေးပေါ်မေးတင်ပြီး ထားအခုလိုတွေလိုက်လုပ်ပေးနေရတာ ထားမပင်ပန်းဘူးလားဟင် မနက်ဆိုလဲစောစောထပြီး အိမ်အတွက်ထမင်းဟင်ပြင်ဆင်ချက်ပြုတ်ပေးတယ် ပြီးရင်မောင့်အတွက်ထမင်းချိုင့် အခုလဲမောင်ဝတ်ဖို့အဝတ်တွေအထိပါအကုန်လိုက်လုပ်ပေးနေရတော့ ကြာရင်ထားအရမ်းပင်ပန်းလာမှာ မောင်စိုးရိမ်မိတယ်ဆိုကာပြောလိုက်တော့ ထားကအသက်ဘက်ကိုလှည့်လာကာ အော်မောင်ရယ်မပင်ပန်းဘူးလားမေးရင်တော့ ဒီလိုတွေလုပ်ပေးနေရတာက ပင်ပန်းတာပေါ့ ဒါပေမဲ့ ကိုယ်ချစ်တဲ့သူတွေအတွက်လုပ်ပေးရတာပဲ ပြီးတော့မောင့်အတွက်ကို ထားပဲအစစအရာရာအကုန်လုပ်ကိုင်ပေးချင်တာ မောင်ကဟိုးတုန်းထဲက ထားရဲ့ကလေးလေးဖြစ်သလို အခုထိလဲထားရဲ့ကလေးလေးပဲ မပြောင်းလဲဘူး ဒါကြောင့်ထားကအကုန်လုပ်ပေးချင်နေတာ အသက်တွေကြီးသွားလို့သာ မောင့်ကိုထားမှီခိုရအုန်းမယ်ဆိုပေမဲ့ မောင်ကထားအရင်တွေ့တုန်းကလိုပဲ အခုထိလဲကလေးပဲလို့မြင်မိတယ် ထားကတော့ ထားရဲ့အသက်ကလေးအတွက်အပင်ပန်းခံရကျိုးနပ်ပါတယ် ဒီအတွက်မောင်ကထားကိုအရင်ကထပ်ပိုချစ်ပေး ဒါဆိုဒီအမောတွေကပြေပြီး ပင်ပန်းတာတွေပါထားအတွက်ရှိနိုင်တော့မှာ မဟုတ်ဘူးမောင်ရဲ့လို့ ထားကပြောတော့ အသက်သဘောကျစွာရီမိတယ် အသက်ရဲ့ထားကအခုထိကို အသက်ကိုကလေးလို့မြင်နေသေးတာကို ဒါကြောင့်အခုထိအကုန်လိုက်လုပ်ပေးနေတာ ဒီညတော့ ထားရဲ့ကလေးကဘယ်လိုတွေလူကြီးဆန်ပြီး ဘယ်လောက်တောင်တော်ကြောင်းထားသိအောင်မောင်ပြမယ်လို့ စိတ်ထဲမှာတွေးတောပြီး ထားကိုဖက်ထားတဲ့လက်ကိုလွှတ်ကာ အသက်ရေချိုးခန်းထဲဝင်ခဲ့တယ် အသက်ရေချိုးပြီးပြင်ဆင်ကာ အားလုံးပြီးမှ ထားကရေဝင်ချိုးခဲ့တယ် ထားရေချိုးခန်းထဲကထွက်လာတဲ့ချိန် အရင်လိုပဲ သနပ်ခါးလိမ်းပြင်ဆင်ကာပြီးလို့ အောက်ဆင်းမယ်ဆိုပြီးလုပ်နေတဲ့အချိန် အသက်ကထားလက်လေးကိုဆွဲပြီး ထားကိုအသက်ရဲ့ပေါင်ပေါ်မှာထိုင်ခိုင်းကာ ထားမောင်ပြောစရာရှိတယ် ညနေကြရင်လေ မောင့်ကိုအလုပ်အတူတွဲလုပ်တဲ့ ကုမ္ပဏီကညစာစားပွဲရှိလို့ ဖိတ်ထားတာရှိတယ် အဲဒါသွားရမယ် ထားလဲမောင်နဲ့လိုက်ခဲ့နော် ထားကိုမောင့်ရဲ့စီးပွားဖက်လုပ်ငန်းရှင်တွေက အကုန်တွေ့ဖူးချင်နေတာ မောင်ကလဲမောင့်အိမ်သူလေးကို ပွဲထုတ်ချင်လို့ ဒီလိုလှပလွန်းတဲ့သူလေးကို မောင်ပိုင်ဆိုင်ထားတယ်ဆိုပြီးတော့လေနော် နော်လို့လိုက်ခဲ့မယ်မလားဟင်ဆိုတော့ ထားကအဲလိုပွဲတွေ ထားမသွားတက်ပေမဲ့ မောင့်ရဲ့ဇနီးအနေနဲ့တက်ရမယ်တော့ ထားလိုက်ပါ့မယ် ဒါမှကြားနေရတဲ့အသံတွေအကုန်ငြိမ်ပြီး ပြောနေကြတဲ့ပါးစပ်တွေအကုန်ပိတ်သွားမှာမလား ဆိုပြီးပြောကာ အသက်ရောထားပါ အတူတူအောက်ထပ်ကိုဆင်းလာတယ်......

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now