'ချယ်'(အပိုင်း-၃၂)

2K 120 3
                                    

ချယ်သက်-ကျမကျောင်းထဲ​ရောက်တော့ ကျောင်းအုပ်ရုံးခန်းရှေ့မှာရပ်နေတဲ့ ကလေးနဲ့ကလေးမေမေရယ် ဝတ်လွှာရယ်ကိုတွေ့လိုက်ရတယ် ဘာအကြောင်းကြောင့်လဲဆိုတာ ကျမသိချင်လို့ ရုံးခန်းအနားကိုရောက်အောင်သွားခဲ့တယ် အိုကျမမြင်လိုက်ရတဲ့မြင်ကွင်း ကျမရဲ့နှလုံးသားတွေ တစ်စဆီများဖြစ်သွားသလားလို့တောင် ကျမထင်မိတယ် ဘာလို့ဆို ကျမအသက်ကလေးရဲ့ပါးမှာလက်ဝါးရာကို ကျမတွေ့လိုက်ခြင်းကြောင့်ပါ သေချာပါတယ် ကလေးမေမေရိုက်လိုက်တာဆိုတာလေ ကျမလဲအနားရောက်ရော ဝတ်လွှာကကျမရှေ့ကနေပိတ်ရပ်လိုက်တယ်လေ ဒီတော့ ကျမလဲဒါဘာလုပ်တာလဲ ဝတ်လွှာဆိုတော့ ဝတ်လွှာကပြောမလို့ပဲရှိသေးတယ် ကလေးမေမေကကြားထဲကနေ လွှာရှေ့ကဖယ်လိုက်ပါ ငါပြောမယ်တဲ့လေ.......

ကျမလဲကလေးမေမေပြောတာကို နားထောင်နေသလို ကျမရဲ့ချစ်လှစွာသောအသက်ကလေးကိုကြည့်နေမိတယ် ကလေးကခေါင်းလေးငုံ့ပြီး မျက်ရည်တွေကျနေတယ်လေ ကျမကိုကလေးမေမေက ဒီမှာဆရာမသက်ထားနွယ် ကျမသမီးကိုအဲလောက်ကြည့်နေစရာမလိုပါဘူး ပြီးတော့ အခုလဲကျောင်းထုတ်ဖို့လာတာ ပြီးတော့စာလဲလာသင်စရာမလိုတော့ပါဘူး သူ့ကိုလဲနိုင်ငံခြားပို့မှာပါ ဆရာမသက်ထားနွယ်လဲဆက်မြူဆွယ်ဖို့မလိုတော့ဘူးလို့ဆိုကာ ပြောလာတော့ ကျမ.....ကျမရင်ထဲ အလွန်ကိုဝမ်းနည်းမိပါတယ် သို့သော်ကလေးမေမေရဲ့ ဒီစကားကြောင့်ကျမရဲ့ကျလုဆဲဆဲမျက်ရည်တွေကိုထိန်းကာ ဒီမှာအမကျမရဲ့သိက္ခာကိုမစော်ကားပါနဲ့ ဒီကလေးကိုကျမမမြူဆွယ်ခဲ့ဘူးဆိုတာ ဒီကလေးရောကျမပါသိတယ် ပြီးတော့မေတ္တာငတ်နေတဲ့ကလေးလေးကို ကျမရဲ့အချစ်တွေနဲ့ဖြူစင်တဲ့မေတ္တာတွေပဲ ကျမပေးခဲ့တာပါ........

ကျမဒီစကားကိုပြောဖို့မရည်ရွယ်ခဲ့ပေမဲ့ ကျမပြောမိလိုက်တယ်လေ အခုလဲကျမအိမ်ထောင်ပြုတော့မှာပါ မကြာခင်အမအိမ်ကိုရော ဝတ်လွှာအိမ်ကိုပါအတူတူဖိတ်စာလာပို့ပါ့မယ် ဒီကလေးကိုတော့နိုင်ငံခြားမပို့ပါနဲ့လို့ကျမတောင်းဆိုလိုက်တော့ ကလေးမေမေက ဆရာမဘာသာဘာပဲလုပ်လုပ် ကျမရဲ့ဆုံးဖြတ်ချက်ကိုပြင်ဖို့အစီအစဉ်မရှိဘူးတဲ့လေ သွားပြီကျမစကားမှားသွားပြီ သေချာပါတယ် ဘာလို့ဆို ကျမရဲ့အသက်ကလေးက ခေါင်းမော့လာပြီး သိပ်ကိုမုန်းတယ်ဆိုတဲ့အကြည့်နဲ့ကျမကိုကြည့်ကာ သူ့မေမေကိုဒီလိုပြောလာတယ်လေ.......

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now