'ချယ်'(အပိုင်း-၃၁)

1.9K 107 2
                                    

အသက်-အသက်အရမ်းကိုနာကျင်ရပါတယ် ဘယ်ကနာကျင်ရသလဲမေးရင် မာမီရိုက်လိုက်လို့နာသွားတဲ့ပါးမဟုတ်ပဲ အသက်ရဲ့ရင်ထဲနာကျင်ရတာပါ အသက်ရဲ့ချယ်ကိုမာမီမို့ဒီလိုပြောရက်တယ် အသက်မာမီ့ကိုသိပ်မုန်းတယ် ပြီးတော့ဒီလိုတွေဖြစ်အောင်ဖန်တီးခဲ့တဲ့ ချယ်လွှာကိုဆိုပြောငါမလိုလောက်အောင်မုန်းတယ် အခုချိန်မှာအသက်ခံစားနေရတယ် ချယ်နဲ့လုံးဝမခွဲနိုင်ဘူးလေ အရမ်းလဲနောင်တရမိတယ် ဘာလို့ဆို အသက်ကြောင့် ချယ့်ရဲ့သိက္ခာကျရတာလေ အသက်လဲအိပ်ယာထပ်မှာတွေးနေရင်းသာ ဒီညကိုကုန်ဆုံးခဲ့တယ်လေ.......

အသက်မနက်အိမ်ယာကနေထပြီး မျက်နှာသစ်ဖို့ရေချိုးခန်းထဲဝင်တော့ မာမီရိုက်လို့ထင်သွားတဲ့လက်ဝါးရာက အသက်မျက်နှာမှာ ထင်းနေတယ်လေ အသက်ဒီပုံနဲ့ကျောင်းကိုဘယ်လိုသွားရမလဲ ကျောင်းသွားတာထပ်အရေးကြီးတာက ချယ့်ကိုဘယ်လိုမျက်နှာနဲ့ရင်ဆိုင်ရမလဲ အသက်အတွေးတို့ကိုရပ်ကာ ကျောင်းသွားဖို့ပြင်ခဲ့တယ် ပြင်ပြီးအိမ်ပေါ်ကနေဆင်းလာတော့ ထမင်းစားခန်းထဲမှာ အသက်မျက်နှာချင်းမဆိုင်ချင်တဲ့သူနှစ်ယောက်အတူရှိနေတယ်လေ သူတို့ကအခြားသူတွေမဟုတ် မာမီနဲ့ချယ်လွှာ ထိုအချိန်မာမီက စုသက်ထက် ဒီကိုခနလာအုံး ငါပြောစရာရှိတယ်ဒီမှာလာထိုင်ဆိုပြီးခေါ်တော့ အသက်ညကအော်ခဲ့ပေမဲ့ အခုတော့မာမီ့ရဲ့အမိန့်ကို လွန်ဆန်နိုင်စွမ်းမရှိတာကြောင့် ဟုတ်လာပါပြီမာမီဆိုကာ မာမီ့အနားသွားထိုင်ခဲ့တယ်လေ.......

အသက်မာမီ့အနားရောက်တော့ မာမီကဆိုလာတယ် စုသက်ထက် နင့်ကိုဒီကျောင်းကနေငါထုတ်ဖို့ စဉ်းစားထားတယ် ပြီးရင်ငါ့အကိုနင့်ဦးလေးရှိတဲ့ USမှာကျောင်းတက်ရမယ် ပြီးရင်အဲမှဆက်နေပြီး စီးပွားရေးဘွဲ့ရအောင်လုပ်ရမယ် ပြီးရင် ငါ့ကုမ္ပဏီကိုဦးစီးဖို့ အတွက်အသင့်ဖြစ်အောင်ကြိုးစားရမယ်ဒါက ငါ့ရဲ့အမိန့်ပဲတဲ့လေ ဆိုကာမာမီကပြောလာတော့ အသက်အတင်းငြင်းဆိုခဲ့တယ် မာမီသမီးမသွားဘူးနော် လုံးဝမသွားဘူးဆိုတော့ မာမီကဘာလဲစုသက်ထက်နင်ကငါ့အမိန့်ကို လွန်ဆန်တာလားပြော ဆိုပီးထရိုက်ဖို့လက်ရွယ်လိုက်တော့ ချယ်လွှာကကြားထဲကနေ သက်ရယ်ကလေးကိုရိုက်ဖို့အထိမလိုပါဘူး နားဝင်အောင်ပြောလို့ရပါတယ်ဆိုပြီးပြောတော့ အသက်ကဒီလိုပြန်ပြောလိုက်တယ် ချယ်လွှာ အသက်တို့သားအမိကြား ဘာမှဝင်ပါစရာမလိုပါဘူး အခုဒီလိုအရိုက်ခံရတယ်ဆိုတာလဲ ချယ်လွှာ့ကြောင့်လို့ပြောတော့ မာမီကနင်တော့ကိုယ့်ဆရာမကိုပြန်ပြောနေတယ်တဲ့လေ........

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now