'ချယ်'(အပိုင်း-၄၆)

1.9K 97 1
                                    

ဒီလက်ထပ်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မှာပါ ဒါပေမဲ့ ကိုထက်အောင်ကိုနဲ့မဟုတ်ပဲ ကျမရဲ့အသက်တမျှချစ်ရတဲ့သူ ဒေါ်သက်ထားနွယ်နဲ့ပါလို့ပြောလိုက်တော့ ပြေးထွက်တော့မယ့်ထားခြေလှမ်းတွေရပ်တန့်သွားသလို ပွဲရှိလူအကုန်လုံးလဲ အံ့ဪကာ အသံတွေအကုန်တိတ်ဆိတ်သွားခဲ့တယ် မာမီကလဲဒေါသတကြီးနဲ့အသက်ကိုကြည့်နေတယ် ပြီးတော့မာမီက အားပါပါနဲ့ အသက်ပါးကိုတစ်ချက်ချကာ သမီးမိုက်နင်ကငါလက်နဲ့ရေးတာကို ခြေနဲ့ဖျက်တယ်ပေါ့ဟုတ်လား နင်အတော်သိတ္တကောင်းနေတယ်ပေါ့ ဒီကြားထဲငါကဘာမှဝင်မပြောပဲလွှတ်ထားတာကိုအကာင်းထင်နေတယ်ဟုတ်လား မာမီကဒီလိုပြောတော့အသက်လဲ အသက်အစထဲကမာမီ့ကိုပြောခဲ့ပါတယ် ဒီတစ်ခါအသက်နဲ့ထားကိုဘယ်သူမှခွဲလို့မရစေရဘူးလို့ ကိုထက်အောင်ကိုကိုတော့အသက်တောင်းပန်ပါတယ် အခုလိုဖြစ်သွားရတဲ့အတွက် အသက်ကမိန်းကလေးချင်းချစ်သူပါ အစထဲကဘယ်ယောကျာ်းကိုမှစိတ်မ၀င်စားဘူး အခုလဲစိတ်မ၀င်စားဘူး ပြီးတော့ ကိုထက်အောင်ကိုက အသက်စကားတောင်မဆုံးသေးခင် တော်ပြီတော်ပြီ ငါဘာကိုမှဆက်မကြားချင်ဘူး ဒီလိုလူတွေကိုငါသိပ်ရွံတယ် အခုလိုဘာမှရှေ့မဆက်ခင်သိလိုက်ရလို့လဲ ငါကံကောင်းတယ် အေးဒါပေမဲ့ ငါတစ်ခုပြောခဲ့မယ် စုသက်ထက် ငါသိပ်ရွံတဲ့မင်းကတစ်ချိန်ကြရင် ငါ့မယာပဲဖြစ်လာရမယ် ဘာလို့ဆို အခုလိုမင်းတို့သားမိငါ့ကိုလူပုံလည်မှာ အရှက်ခွဲတဲ့အတွက်ပဲ ဆိုကာ ကြိမ်းဝါးပြီး ဒေါသတကြီးနဲ့ ခြံထဲကနေထွက်သွားခဲ့တယ်.........

ဧည့်သည်တွေလဲအသီးသီး ပြန်ကုန်ကြပြီလေ ခြံထဲကျန်ခဲ့သူတွေမှာ အသက်ရယ် ထားရယ် မာမီ ပပနဲ့ဟန်နာ ချယ်ယုနဲ့ချယ်လွှာတိုပင် အကုန်တိတ်ဆိတ်နေခဲ့တယ် အသက်လဲနောက်ဆုံးမာမီ့ကို ကန်တော့တောင်းပန်ကာ ထားလက်ကိုဆွဲပြီး ခြံထဲကနေကားမောင်းထွက်လာခဲ့တယ် ခုနကခြံထဲကထွက်လာထဲကရော အခုကားပေါ်ရောက်တဲ့အထိ ထားကစကားတစ်ခွန်းမှမပြောဘူး ဒီတော့မနေနိုင်စွာဖြင့် လမ်းဘေးကိုကားခနရပ်ကာ ထားလက်လေးကိုကိုင်ပြီး ထားတစ်ခုခုတော့ပြောပါအုန်း ဒီလိုကြီးအသံတိတ်ပြီး မနေပါနဲ့နော် အချစ်မနေတက်လို့ပါ ဘာလို့လဲဒီလိုကြော်ငြာလိုက်တာကို ထားမကြိုက်လို့လားဟင် ဒါမှမဟုတ်မာမီပြောလိုက်တဲ့စကားတွေကြောင့်လားဟင် ဘာကြောင့်လဲလို့ ထား ထား အချစ်ခေါ်နေတယ်လေကွာ တစ်ခုခုဆိုပြီး အသက်စကားမဆုံးသေးဘူး ထားက အသက်ရင်ခွင်ထဲ ခေါင်းတိုးဝင်လာပြီး ထားတို့ချစ်ခဲ့တာမှားများနေသလားဟင် ထားလေသိပ်များတစ်ကိုယ်ကောင်းဆန်သွားပြီလားဟင် အချစ်မာမီ့ရဲ့စိတ်ကိုမမြင်မိခဲ့ဘူး အချစ်မာမီကလဲသူ့သမီးလေးကောင်းစားတာကို မြင်ချင်လို့ဒီလိုတွေလုပ်နေတယ်ဆိုတာကိုလေ ပြီးတော့ဟိုကောင်လေး အဲကောင်လေးပြောသွားတဲ့စကားတွေပဲထားနားထဲပြန်ကြားနေရတယ် ထားကိုချစ်မိလို့အချစ်တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲဟင် ထားရင်ကျိုးရမှာ ထားသေလိမ့်မယ် အခုဘာဆက်လုပ်ရမလဲ ထားမစဥ်းစားတက်တော့ဘူးအချစ်ရယ် အချစ်ကိုဆုံရှုံးမခံနိုင်တာပဲ ထားသိတယ်လို့ ထားကပြောလာတော့ အသက်လဲမပူနဲ့နော် ထားအချစ်ရှိရင်လေ ဘယ်လိုအရာမျိုးကိုမှ ထားကြောက်နေစရာ ပူပန်နေစရာ စိုးရိမ်နေစရာမလိုဘူး အခုထားအချစ်လက်ကိုယုံယုံကြည်ကြည်နဲ့တွဲထားနော် အချစ်ကထားလက်ကိုဘယ်တော့မှမလွှတ်ဘူး အဆုံးထိထားနဲ့အတူလက်တွဲသွားမှာ ဟုတ်ပြီလားဆိုတော့ ရင်ခွင်ထဲကချစ်ရသူလေးက ခေါင်းတငြိမ့်ငြိမ့်နဲ့ အသက်ကိုပိုလို့တောင် တိုးပြီးဖက်လာတယ် ဒီတော့အသက်လဲ ပိုတိုးကာဖက်ထားပြီး နှစ်သိမ့်ပေးနေခဲ့တယ်.....

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now