'ချယ်'(အပိုင်း-၅၈)

2.5K 111 10
                                    

မနက်ခင်းနေရောင်ခြည်လေးရယ် အေးမြတဲ့လေလေးရယ်က အခန်းအတွင်းလိုက်ကာကို​ဖြတ်သန်းပြီး ဝင်ရောက်လာခြင်းနဲ့အတူ အသက်ရင်ခွင်ထဲမှာ ကလေးသဖွယ်အိပ်မောကျနေတဲ့ ထားကလေရဲ့အေးမြမှုကြောင့် အသက်ရင်ခွင်ထဲ ပိုလို့ပင်တိုးဝေ့လာ​တော့ အသက်လဲပိုလို့ပင် တင်းကြပ်စွာပြန်ဖက်ထားခဲ့တယ်

"ချိုသာတဲ့မင်းရဲ့ စကားသံတွေနာခံရင်းသာ သိပ်ခေါင်းမာတဲ့အကျင့်ဆိုးလေးတောင် ပြန်ရှာလို့မရတော့ပါ"ဆိုပြီး ခုံပေါ်မှာတင်ထားတဲ့ အသက်ရဲ့ဖုန်းကထမြည်လာတယ် ဖုန်းမြည်သံကြောင့် ထားနိုးသွားမှာမလိုလားတဲ့အတွက် အသက်အလျင်အမြန်ပဲ ဖုန်းကိုကောက်ကိုင်ကာကြည့်လိုက်မိတော့

"Contact Nameမှာပေါ်လာသူဟာ သစ္စာပင်"

အသက်လဲမကိုင်ပါပဲနဲ့ ဖုန်းကိုသာချလိုက်ပြီးခုံပေါ်ပြန်တင်ခဲ့တယ် ဘယ်လောက်အရေးကြီးတဲ့ကိစ္စဖြစ်ပါစေ ထားမကြိုက်ဘူးပြောထားတဲ့အလုပ်ကို အသက်ဆက်မလုပ်ချင်တာအမှန်ပါ သစ္စာနဲ့ရင်းရင်းနှီးနှီးနေတာ ထားမကြိုက်မှန်း အသက်သိတယ်

သို့သော်ဇွဲမလျော့တဲ့ သစ္စာကတော့ ဖုန်းကိုဆက်တိုက်ခေါ်နေခဲ့တယ် ဒီတစ်ခါတော့ ဖုန်းကိုPowerပါပိတ်မယ်လို့ ဆုံးဖြတ်ပြီးယူလိုက်မိတဲ့အခါ မောင်ကိုင်လိုက်လေ ဘာကိစ္စတွေအရေးကြီးတယ်မှမသိပဲ မောင်မကိုင်ချင်ပါဘူးကွာ မောင့်ထားလေးမောင့်ကြောင့် အိပ်ရေးပျက်ရပြီ အချိန်ကိုလဲကြည့်ပါအုံးမောင်ရယ် ၇နာရီပင်ထိုးရောပေါ့ ဒါဆိုထကြတော့မလားထား အင်းထမယ်ထားရေချိုးခန်းထဲဝင်လိုက်အုန်းမယ်နော် မောင်ဖုန်းပြောနှင့်တဲ့ပြောပြီး ရေချိုးခန်းဘက်ထသွားသောထား

ထားထသွားသည်နှင့် နောက်တစ်ကြိမ်ထပ်မံ ခေါ်ဆိုလာတဲ့ဖုန်း ဒီတစ်ခါတော့ အသက်ကိုင်လိုက်ပါတယ် ဟလိုသစ္စာ ဘာကိစ္စရှိလို့ မနက်စောစောဖုန်းခေါ်ရတာလဲ ဟာကွာသက်ကလဲ တို့ကိုအရမ်းစိမ်းကားတာပဲ ကိစ္စရှိမှခေါ်ရမှာလား ခုနကတို့ဖုန်းကိုဘာလို့ချတာလဲ ကိုယ်ချရမှာပေါ့သစ္စာရဲ့ ကိုယ့်ရဲ့ဇနီးက ကိုယ့်ရင်ခွင်ထဲ အိပ်နေတာ ဖုန်းလာတဲ့အသံကြောင့် အနှောက်အယှက်ဖြစ်သွားမှာ မလိုလားဘူးလေ ကဲပြောဘာကိစ္စလဲ တို့နဲ့သက်မနက်စာအတူစားကြမယ်လေ

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now