'ချယ်'(အပိုင်း-၅၁)

2K 93 5
                                    

မနက်မိုးလင်းလို့ အသက်နိုးတော့ အသက်ဘေးမှာ ထားကမရှိတော့ဘူး ဒီတော့အသက်လဲ ရေချိုးခန်းထဲဝင်ကာ ရေချိုးပြီးပြင်ဆင်ပြီး အိမ်အောက်ဆင်းလာတယ် အိမ်အောက်ရောက်တော့ ထမင်းစားခန်းထဲမှာထားအသံကြားလို့ဝင်ကြည့်မိတော့ မနက်စာပြင်ရင်းအလုပ်ရှုပ်နေတဲ့ ထားကိုအသက်တွေ့လိုက်တယ် အသက်လဲနောက်ကနေတိုးတိုးလေးသွားကာ ထားကိုလန့်အောင်လုပ်မယ်ဆိုပြီး လုပ်မလို့ပြင်တုန်းရှိသေးတယ် ထားကမောင်လာပြီလား ထားကမောင်အိပ်နေလို့ မနှိုးရက်လို့ထားခဲ့တာဆိုပြီးပြောလိုက်တော့ အသက်အံ့ဪသွားရတယ် ဒီတော့အသက်လဲ ထားကမောင်ဆိုတာဘယ်လိုသိတာလဲဟင် မောင်အသံလဲမထွက်မိပါဘူးဆိုတော့ ထားကဒါကလွယ်ပါတယ် မောင်ရယ် မောင့်ရဲ့လမ်းလျှောက်ရင်မြည်တဲ့အသံ မောင့်ရဲ့ရေမွှေးအနံ့ကအစ ထားကအလွှတ်ရနေတာလေ ဒီတော့ထမင်းစားခန်းထဲကိုမောင်ဝင်လာထဲက ထားကသိတယ်ဆိုတော့ အသက်လဲထားရဲ့ခါးလေးကိုဖက်ထားကာ မောင့်ရဲ့ထားလေးကအရမ်းကိုချစ်ဖို့ကောင်းနေတာပဲဆိုပြီးပြောကာ ပါးလေးအနမ်းပေးရင်း ထားကိုကျီစယ်နေခဲ့တယ် အသက်တို့စနေတဲ့အချိန်အနောက်က အဟန့်ဆိုပြီး ချောင်းဟန့်သံကြားလို့ လှည့်ကြည့်မိတော့ မာမီပင် ထမင်းစားခန်းအဝကနေ ရပ်ကာငါရှိနေသေးတယ် အနေအထိုင်ဆင်ခြင်ကြလို့ ဆိုကာပြောပြီး ထမင်းဝိုင်းမှာဝင်ထိုင်လိုက်တဲ့အချိန် ထားဆီကနေပြီး မာမီမနက်စာစားတော့မလား ထားပြင်ပေးမယ်လေမာမီဆိုပြီးခေါ်ကာ မာမီ့ကိုစ​တေယ် အဲလိုခေါ်တာမာမီမကြိုက်မှန်း သိသိနဲ့ကိုစကာခေါ်နေပြီး ပြောနေခဲ့တာ ဒီ​​တော့မာမီကလဲ သက်ထားနွယ် ငါ့ကိုဒီလိုမခေါ်ပါနဲ့ နင်နဲ့ငါကသက်တူရွယ်တူတွေပါ ပြီးတော့မာမီဆိုတာ ငါ့သမီးတစ်ယောက်ပဲခေါ်ဖို့ထားတာ နင်ခေါ်ဖို့မလိုဘူး ဆိုကာပြောတော့ ထားကလဲ အိုမဟုတ်တာမာမီကလဲ ဘယ်လိုပဲ အသပ်အရွယ်တူတယ်ပြောပြော မာမီ့သမီးနဲ့ထားကအခုဆို တရားဝင်လက်ထပ်ထားတဲ့သူတွေလေ မာမီရဲ့ မောင်ရဲ့မာမီဆိုမှတော့ ထားရဲ့မာမီပဲပေါ့လို့ လေးစားသမှုနဲ့ ထားကခေါ်တာပါ နင်နဲ့ငါလို့ခေါ်ပြီးပြောရင် လူကြားမကောင်းဘူလေ ပြီးတော့ မောင့်သိက္ခာ မာမီ့သိက္ခာလဲရှိသေးတယ်လေ တော်ကြာလူတွေက ဟယ်ကြည့်ပါအုံး စုသက်ထက်ရဲ့ဇနီးက ယဥ်ကျေးမှုမရှိလိုက်တာ သူ့ယောက္ခမကို နင်နဲ့ငါပြောနေတော့ ဆိုပြီးပြောလာကြရင် မကောင်းဘူးမလား ဒီတော့ထားကအမြဲအကျင့်ဖြစ်နေအောင် အခုထဲကမာမီ မာမီလို့ခေါ်နေရတာပါ ဆိုကာထားကပိုပိုပြီးပြောတော့ မာမီကလက်ကာပြကာ အေးနင်ကြိုက်သလိုသာလုပ်တော့ ပြီးတော့တစ်ခါထဲပြောထားမယ် ငါ့ကိုခနခနမာမီလို့မခေါ်နဲ့ ငါမကြိုက်ဘူး လိုအပ်တဲ့နေရာ ခေါ်ရမဲ့နေရာကြမှခေါ်ကြားလား ဒီလိုခေါ်ခိုင်းလို့လဲ နင်တို့နှစ်ယောက်ကို ငါသဘောတူလိုက်တာမဟုတ်ဘူးနော် အနေအထိုင်လဲဆင်ခြင်ကြ ဒါငါ့အိမ် မပြောလိုက်ချင်ဘူး မနက်စောစောစီးစီး မျက်စိနောက်တယ် ဟိုတစ်ယောက်လဲရီမနေနဲ့ မနက်စာစားပြီးရင် ငါ့အခန်းထဲလာခဲ့ ကုမ္ပဏီကိုဦးဆောင်မယ်ဆိုတဲ့သူက ဘာမှမပြင်ဆင်မလေ့လာပဲ ဘယ်လိုပုံနဲ့များ သွားဖြေရှင်းမှာလဲ နားကိုမလည်တော့ဘူး အခန်းထဲမှာဖိုင်တွေလာယူ ပြီးရင်စရင်းတွေ ​​ငွေအဝင်အထွက်တွေပါပြောပြမယ် အခုတော့ ငါအရင်သွားပြီ ဒီမှာဆက်နေရင်အသက်တိုနိုင်လို့ ကိုယ့်ဘာသာကိုသာနေခဲ့ကြဆိုပြီးပြောကာ မာမီထွက်သွားမှ ထားကအသက်နားလာထိုင်ကာ ဟီးမောင့်မာမီတော့အတော်တင်းသွားပုံရတယ် သူ့ကိုထားကမာမီလို့ခေါ်လို့ ထားလဲမခေါ်သင့်မှန်းသိပါတယ် ထားတို့ကအသက်မှသိပ်မကွာတာ မောင့်မာမီမကြိုက်ဘူးဆိုလဲ မကြိုက်ချင်စရာပါပဲ ထားကဆိုပြီးပြောနေရင်း ဝမ်းနည်းလာကာ မျက်ရည်ဝဲလာတော့ အသက်လဲမနေနိုင်တော့ပဲ ဝမ်းနည်းစရာတွေတွေးမနေပါနဲ့ ထားရယ် အသက်မကွာလဲဘာဖြစ်လဲ ဘာမှမဖြစ်ဘူး ထားမှတ်မိလား ထားမောင့်ကိုထားအိမ်ကို ပထမဆုံးအလည်ခေါ်တုန်းကလေ ထားအသက်ကိုမေးတုန်းက ထားဒီလိုပဲဝမ်းနည်းလာလို့ မောင်ဘာပြောခဲ့လဲမှတ်မိလား ဆိုတော့ ထားကအင်းမှတ်မိတာပေါ့မောင်ရဲ့ ထားကိုလေမောင်ကခေါ်ပြီး ထားအခန်းထဲကမှန်ရှေ့မတ်တက်ရပ်ပြီး ကြည့်ပါအုံးချယ်က ဒီလိုယှဥ်ရပ်နေတော့ ချယ်ကတောင်ပိုနုနေသေးတယ်ဆိုပြီးမောင်ပြောခဲ့တာလေ ထားမှတ်မိတာပေါ့ဆိုတော့ အင်းလေအဲတုန်းကမောင်ပြောခဲ့တဲ့အတိုင်းပဲ အခုလဲထားကအရင်ကအတိုင်းနုနေစဲ လှနေစဲပါ မောင်ပြောတာယုံနော်ဆိုပြီး ထားခါးလေးကိုဖက်ထားကာ အသက်ထားနှဖူးလေးကိုအနမ်းပေးမယ်အလုပ် အပြင်ကမာမီ့အသံ ကဲထမင်းစားခန်းထဲက ဟိုတစ်ယောက် ဘယ်အချိန်ကြမှ ပြီးမှာလဲ ဒီမှာမအေတစ်ယောက်လုံးစောင့်နေတယ်ဆိုတာလဲ သတိရပါအုံး စားပြီးရင် လာခဲ့တော့ မတွေ့ရတဲ့သူတွေကြလို့ အချိန်တိုင်းပူးကပ်ပြီးနေနေတာ ကြာတော့ငါမျက်စိနောက်လာပြီဆိုကာ မာမီကပြောတော့ အသက်လဲစားလက်စ မနက်စာကိုမြန်မြန်စားကာ မာမီရှိရာဆီကိုသွားခဲ့တယ်.....

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now