'ချယ်'(အပိုင်း-၃၀)

1.9K 112 0
                                    

ချယ်သက်-ကျမစိတ်တွေအတော်ပင်ပန်းရပါပြီ လောကကြီးရယ် ကိုယ့်ချစ်တဲ့သူနဲ့ကြတော့ဝေးကွာအောင်နေရမယ်တဲ့ မချစ်တဲ့သူနဲ့ကြတော့ပေါင်းဖက်ရမယ်တဲ့လား သိပ်ရက်စက်တယ် လို့သာကျမစိတ်ထဲပြောနိုင်တော့တယ် ထိုသူလဲပြန်သွားခဲ့ချေပြီ ကျမနဲ့မေမေစကားပြောရတော့မယ်လေ ဒီလူကိုကျမမယူနိုင်ကြောင်းကို ကျမပြောရပေအုံးမယ် ကျမမေမေ့ဘက်လှည့်ပြီး မေမေအဲကိုဘုန်းမြတ်ဆိုသူကိုသမီးမယူနိုင်ဘူးမေမေဆိုတော့ မေမေကဘယ်လိုပြောလိုက်တယ်သမီး မိဘကကောင်းမယ်ထင်လို့ စီစဉ်တာကိုလက်ခံရမယ်တဲ့လေ.......

ကျမလဲမေမေနဲ့ဆက်မငြင်းချင်တော့တာရယ်ကြောင့် မေမေသမီးကိုစဉ်းစားဖို့အချိန်လေးတော့ပေးပါနော်လို့ဆိုလိုက်တော့ မေမေကသမီးရယ်ဘာစဉ်းစားဖို့လိုမှာလဲ မေမေတို့ကသင့်တော်လို့ပြီးတော့ မောင်ဘုန်းမြတ်ကလဲအလွန်တော်တဲ့ လူငယ်တစ်ယောက် သမီးနဲ့လဲရှေ့သွားနောက်လိုက်ညီမယ်ထင်လို့ မေမေတို့လူကြီးတွေကစီစဉ်တာလေလို့
မေမေကပြောတော့ ကျမလဲသမီး ကျမစကားတောင်မဆုံးသေးဘူးဖေဖေကဝင်ပြီး ကဲမေကြီးရယ်တော်ပါတော့ သမီးလေးလဲကျောင်းကနေပင်ပန်းလာရောပေါ့ ကဲသမီးသွားနားတော့ဆိုပြီး ဖေဖေကပြောလာတော့ မေမေကလဲ
အေးသမီးလေးသွားနားတော့နော် နောက်မှဆွေးနွေးကြမယ်တဲ့လေ........

ကျမလဲဟုတ်ကဲ့သမီးသွားနားတော့မယ်ဆိုပြီး အပေါ်ထပ်ကိုသာတက်လာခဲ့တယ် အခန်းထဲရောက်တော့ ကျမရဲ့တင်းထားသမျှစိတ်တွေအကုန်လျော့ချကာ ကျမရေချိုးခန်းထဲဝင်ပြီးငိုမိတယ် ကျမဘာဆက်လုပ်ရမလဲ ကလေးမေမေပြောသလို ကလေးကိုလက်လွှတ်သင့်လား ဒါမှမဟုတ်
ဆွဲထားသင့်လားလို့ ကျမတွေးမိသလို မေမေပြောတာကိုလဲနားထဲဝင်လာတယ် ကိုဘုန်းမြတ်ကိစ္စ ကျမမယူဘူးပြော
ပြီးငြင်းရအောင်လဲ ကျမဘယ်အကြောင်းကြောင့်ငြင်းရမလဲ ကျမမှာချစ်သူရှိပါတယ်ပြောရအောင်လဲ ကျမချစ်သူလေးကကျမထက်အသက်ငယ်ရုံမက မိန်းကလေးတစ်ယောက်
ဆိုတာကိုဘယ်လိုဖွင့်ပြောရမလဲ ကျမဒီညကိုသာမြန်မြန်ကုန်ဆုံးချင်တော့တာပါပဲလေ........

အသက်-ဒီနေ့အိမ်ကိုပြန်တော့ ချယ်ကလိုက်ပို့မယ်တဲ့လေ အသက်ဝမ်းသာမိပေမဲ့ ဘာလို့လိုက်ပို့မှာလဲမေးလိုက်တော့ကလေးမေမေက ချယ့်ကိုစကားပြောချင်တယ်ဆိုပြီး ခေါ်ထားတာအတွက်ကြောင့် ချယ်ပါတစ်ခါထဲလိုက်မလို့တဲ့လေအသက်စိုးထိတ်မိတာအမှန်ပဲ ချယ့်ကိုအသက်မာမီခေါ်တွေ့တာ အသက်တို့ကိစ္စဖြစ်မယ်လို့ အသက်စိတ်ထဲထင်နေမိတယ် ဘာလို့ဆို ချယ်လွှာပြောထားတာကိုပြန်တွေးမိလို့ပါအသက်တို့အိမ်ရောက်တော့ မာမီကအိမ်ရှေ့ဧည့်ခန်းမှာထိုင်နေတယ်လေ အသက်လဲမာမီပြန်ရောက်နေတာလားဆိုတော့ မာမီကအင်းလို့သာပြန်ဖြေလာတယ် အသက်နဲ့ဆရာမယုလဲအပေါ်တက်ကာ စာသင်ဖို့ပြင်ကြတယ် ဒီနေ့တော့စာထဲစိတ်မရောက်ပဲ ချယ်နဲ့မာမီ့ဆီသာစိတ်ရောက်နေတယ် ဆရာမယုကလဲရိပ်မိတယ်ထင်ပါတယ် အသက်သမီး ဆရာမတို့ဒီနေ့ဒီအထိပဲသင်ကြမလားတဲ့ဆိုပြီးပြောလာတယ်လေ........

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now