'ချယ်'(အပိုင်း-၅၅)

2.4K 96 0
                                    

မနက်ခင်းနေရောင်ခြည်နဲ့အတူလေအေးအေးလေးကအခန်းထဲကိုဝင်ရောက်လာသော်လဲ အသက်ရင်မှာတော့မအေးမြနိုင်ပါ ဘာကြောင့်ဆို အသက်ရဲ့ထားကစိတ်ဆိုးနေတာကို အသက်တစ်ဖက်ကိုလှည့်ကာ ထားကိုကြည့်မိတော့ အသက်ကိုကျောပေးကာ အိပ်နေတဲ့ထား

အသက်လဲငယ်သူပီပီ အသက်ဘက်ကပဲစချော့ဖို့ ဆုံးဖြတ်ပြီး ထားခါးလေးကိုဖက်ပြီး ထားကိုအသက်ရင်ခွင်ထဲထည့်မယ်အလုပ် အသက်ရဲ့လက်တို့ကိုဆွဲဖယ်ကာ မင်းတို့အသားကိုမထိပါနဲ့ တို့အသားကိုမင်းထိလိုက်လို့ မင်းရဲ့လက်တွေညစ်ပတ်ကုန်မယ်

အသက်လဲ"ထား....ထားဘာဖြစ်နေတာလဲကွာ ဘယ်ချိန်ထိမောင့်ကို မင်းလိုခေါ်နေအုံးမှာလဲ အဲလိုခေါ်တာမောင်မကြိုက်ဘူးနော်ထား ထားစိတ်ဆိုးနေတာကို မောင်သိပါတယ် ဒါပေမဲ့ကွာဆိုပြီး အသက်စကားတို့ကိုရပ်တန့်လိုက်ပေမဲ့

ထားက ဒါပေမဲ့ဘာဖြစ်လဲ ဆက်ပြောလေ ဆက်ပြော မင်းအပြောကိုတို့နားထောင်နေတယ် မင်းဘာကြောင့်တို့ရဲ့ရင်သွေးလေးကို မလိုချင်လောက်အောင် ခါးခါးသီးသီးငြင်းနေရတဲ့ အကြောင်းပြချက်ကို မင်းရှင်းပြတာကိုနားထောင်ဖို့ တို့စောင့်နေတယ်

မင်းရဲ့အကြောင်းပြချက်တို့သာ ခိုင်လုံရင် တို့ရင်သွေးလေးကိုမယူလဲရတယ် ပြောလေ ထားကဒီလိုတွေ ပြောကာလူကိုမေးနေပေမဲ့ အသက်မပြောရက်ပါ အသက်ရဲ့အကြောင်းပြချက်မှာ တစ်ခုထဲသာ အသက်ထားကိုအဆုံးရှုံးမခံနိုင်ဘူး ထားရဲ့အသက်အရွယ်ကြောင့်လို့ပြောလိုက်ရင်လဲ မဖြစ်

"အသက်ဘာဆက်လုပ်ရမလဲ"အသက်မစဥ်းစားတက်တော့ပါ အသက်ထားကိုကြည့်ကာ မောင်မသိဘူး မောင့်မှာအဖြေမရှိဘူး ဒါပေမဲ့ ထားရယ် ကလေးဆိုတာမလိုပါဘူး မောင့်အတွက်ထားရှိနေရင်ရပြီလေ အရာရာပြည့်စုံပြီ ပြီးတော့မောင်ကထားကို အရမ်းချစ်တယ်လေ ဘာတွေထပ်လိုသေးလို့လဲထားရယ်

ထားက အသက်ကိုစေ့စေ့ကြည့်ကာ မင်းတို့ကိုချစ်တယ်ဆိုတာဒါမျိုးလား မင်းကမင်းအတ္တအတွက် တို့ကိုချစ်တာပဲ မင်းတို့ကိုတကယ်မချစ်ဘူး အသက်လဲ ဟာထားဘာတွေပြောနေတာလဲကွာ "မောင်ထားကိုသိပ်ချစ်တာ ထားသိရဲ့နဲ့ကွာ"မောင့်ကိုအဲလိုတွေ မပြောပါနဲ့ ဘာလဲဘာကိုချစ်တာလဲ ချသ်တယ်လို့သာပါးစပ်က တဖွဖွပြောနေတာ မင်းတို့ရဲ့ဆန္ဒလေးတစ်ခုကိုတောင် မလိုက်ရောပေးပဲ မင်းချစ်တယ်ဆိုတာ ဒါမျိုးလားဟင် ပြောပါအုံး စုသက်ထက်ရဲ့

'ခ်ယ္'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now