#unicode
ရှုစစ်နျန် တစ်ယောက် သူ့ရှေ့က လေကာကို စိုက်ကြည့်လျက် ကားထဲ သတိလက်လွှတ် ထိုင်နေခဲ့သည် ။သူ့ရဲ့လက်ချောင်းတွေက မသိလိုက်ဘဲ တုန်ရီနေပီးတော့ပေါ့။ကားထဲက air conditioner ကို အမြင့်ဆုံးဖွင့်ထားတာတောင် အနွေးဓာတ်နည်းနည်းလေးမှ သူ မခံစားမိခဲ့ဘူး။
" ဗွမ်းး..ဗွမ်းး.."
ရုတ်တရက် ကျယ်လောင်တဲ့ ကားဟွန်းသံက သူ့နောက်ကနေ ထွက်ပေါ်လာခဲ့၏။ ထို့နောက် ကားတစ်စီးရဲ့ ပြတင်းမှန်က လျှောကျလာပြီး ကားဒရိုင်ဘာရဲ့ ခေါင်းနဲ့အတူ ဆဲဆိုသံတွေ ပလုံစီ ထွက်လာပါတော့သည်။
" ချီးပဲ..ကားဘယ်လိုမောင်းရလဲ မင်းမသိဘူးလား? ! မီးစိမ်းနေရင် ခွေးတောင်မှ လမ်းမပေါ် မနေရဘူးဆိုတာ သိတယ်။ မင်းက မသွားနိုင်သေးဘူးလား? !"
ရုတ်ခြည်းဆိုသလိုပဲ ရှုစစ်နျန် တစ်ယောက် အသိစိတ်ပြန်ဝင်လာပြီး နောက်ကြည့်မှန်ကို ကြည့်လိုက်တော့ သူ့ရဲ့ဖြူဖျော့နေတဲ့ မျက်နှာနဲ့ တင်းတင်းစေ့ပိတ်ထားတဲ့ နုတ်ခမ်းတစ်စုံက သူ့အမြင်အာရုံထဲ ဝင်ရောက်လာခဲ့သည်။
သူက နှာခေါင်းရှုံ့လိုက်ပြီး ကြိုးစားပြုံးလိုက်သည်။ ထို့နောက် သူ့နောက်က ကားဒရိုင်ဘာကို တောင်းတောင်းပန်ပန် ပြုံးပြလိုက်ပြီး ကားစတီယာရင်ကို ဖိညစ်လျက် ကားကို အရှိန်တင်မောင်းထွက်ခဲ့လေတော့၏။
ကားတစ်စီးက ကတ္တရာလမ်းမထက်မှာ ဖြည်းညင်းစွာ မောင်းနှင်နေခဲ့သည်။ သူ့အကြည့်တွေကို အရှေ့ပို့ထားပေမယ့် တကယ်တော့ ဘယ်အရာမှ သူ့အမြင်အာရုံထဲ မရောက်နိုင်ခဲ့ဘူး။
ဒီအချိန်မှာသာ သူသိခဲ့တဲ့ လူတစ်ယောက်နဲ့ ဆုံခဲ့မယ်ဆိုရင် သူပြုံးပြမိလိမ့်မယ်။ ပြီး ကားမှန်ချပြီး hello လို့ မိတ်ဆက်လိုက်လိမ့်မယ်။ အပြင်ဘက်က Mr.Xu ရဲ့ တည်ငြိမ်အေးဆေးပြီး ချုပ်ထိန်းတတ်တဲ့ ဂုဏ်သတင်းအတိုင်းပဲ ဒီအခြေအနေကို တခြားသူတွေကို မြင်ခွင့်ပေးမှာ မဟုတ်ဘူး။ တကယ်လို့ မင်းသာ နလပိန်းတုံး မဟုတ်ဘူးဆိုရင် မင်းရဲ့ ဆိုးရွားလွန်းတဲ့ ပုံစံကို တစ်စုံတစ်ယောက်ကို ပြသလိမ့်မှာ မဟုတ်ဘူး။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...