ယောကျ်ားတစ်ယောက်အနေနဲ့ ဒီကြောက်စရာခံစားချက်ကြီးကို သူ ပုံဖော်တောင် မကြည့်နိုင်လေဘူး။ သူ့ရဲ့ စူထွက်နေတဲ့ ဝမ်းဗိုက်ကို စိုက်ကြည့်လိုက်ပြီး သူ မကြံစဖူး ထိတ်လန့်ကြောက်ရွံ့နေမိသည်။ ပထမတော့ သူ ကိုယ်အလေးချိန် တိုးလာတာပါလို့ သူ့ကိုသူ နှစ်သိမ့်လိုက်ပေမယ့် သူ့တစ်ကိုယ်လုံး ဘာအသားမှ တိုးမလာလေဘူး။ အဲ့တာက တကယ်ကို ကြောက်စရာကောင်းလို့ သူ့ဦးခေါင်းခွံကိုတောင် ထုံထိုင်းသွားစေ၏။
သူ့ရဲ့အဖေက သူ့ခန္ဓာကိုယ်ဖွဲစည်းပုံထဲမှာ အမျိုးသမီးအဂ်ါ ပါနေတယ်လို့ တစ်ကြိမ် ပြောခဲ့ပေမယ့်လည်း သိတာက သိတာ ဖြစ်ပြီး လက်ခံနိုင်တာ ၊ လက်မခံနိုင်တာက တခြားကိစ္စဖြစ်သည်။
သူက တခြားသူတွေကို ဒီမူမမှန်တည်ဆောက်ပုံနဲ့ ပတ်သက်ပြီး ဘယ်လို ပြောရမလဲ မသိသလို သူ့ဗိုက်ထဲက မွန်းစတားငယ်လေးကို ဘယ်လို ဖျောက်ဖျက်ရမယ်ဆိုတာကိုလည်း မသိလေဘူး။ ဒါကြောင့် ဆေးရုံတောင် မသွားရဲခဲ့ဘဲ ဘယ်သူ့ကို အကူအညီတောင်းလို့ တောင်းရမှန်းတောင် မသိတော့တာကြောင့် တစ်ယောက်တည်း တောင့်ခံရုံသာ တတ်နိုင်လေတော့၏။ သူ့ခေါင်းကို အတင်းဆွဲစုပ်၍ သူမကြာခင် နိုးထလာပြီး ဒီအိပ်မက်ဆိုးကြီး အမြန်အဆုံးသတ်သွားဖို့ မျှော်လင့်နေမိသည်။
သူ ဓားတစ်ချောင်းကို ယူကာ သူ့ဗိုက်ထဲက အရာလေးကို တူးထုတ်ပစ်ဖို့ မတွေးဖူးတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူ ဓားကို ဆွဲယူလိုက်သည့်အချိန်မှာ သူ့ဗိုက်ထဲက အမျိုးကောင်းသားလေးက ပြင်းပြင်းထန်ထန် လှုပ်ရှားလာသည်။ အဲ့တာလေးက ဘေးအန္တရာယ်ကို တိတ်တဆိတ် ကြိုတင် ခံစားမိပုံပေါ်သည်။ ထိုအချိန်ကျမှ Xu Cinian က ရုတ်တရက် စိတ်သက်သာရာ ရသွားခဲ့၏။
သူ့အဖေရဲ့ နာကျင်စေမှုတွေ မပါဘဲနဲ့တောင် သူကိုယ်တိုင်က မကောင်းဆိုးဝါး တစ်ကောင်ဖြစ်နေပြီးနေပြီကို အပြစ်မရှိတဲ့ ကလေးလေးကို မမွေးဖွားသေးခင်ကတည်း သရဲဖြစ်သွားစေဖို့ သူက အန္တရာယ်ပေးရဲသေးတယ်ပေါ့? ဒါဆို သူနဲ့ သူ့ရဲ့ သွေးအေးရက်စက်တဲ့ အဖေကြားမှာ ဘာများ ခြားနားသွားတော့မှာလဲ?
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romantikမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...