ချွီချန် ပုခုံးတွန့်ပြလိုက်၏။ ရှက်ရွံ့မှုက သူ့မျက်နှာပေါ် ဖြတ်ပြေးသွားပြီး သူက အသံနိမ့်နိမ့်နဲ့ ချောင်းဆိုးလိုက်၏။
" မင်း ဘာကြောင့် တုန်ဖန်းလိုလူမျိုးနဲ့ချစ်သွားရလဲဆိုတာ ကိုယ်နားမလည်လို့ သူ့နောက်ကြောင်း စုံစမ်းခဲ့ရုံပါ...အဲ့ဒီလူက ကိုယ့်ထက် ဘယ်နေရာများ သာသွားလဲဆိုတာ ကိုယ်သိချင်လို့လေ...ဒါပေမယ့် ရလာတဲ့ ရလဒ်ကတော့.."ချွီချန်က ပြောနေရင်းနဲ့ စိတ်အနှောက်အယှက်ဖြစ်သွားသလိုမျိုး သူ့ကြည့်ရသည်မှာ ဒီလ်ုမှောင်မိုက်တဲ့အရာတွေကို လုပ်ခဲ့တဲ့ ကိုယ်ပိုင်ID နဲ့ လူတစ်ယောက်အစား ရှက်ရွံ့နေပုံပေါ်လေသည်။
" အဲ့ဒီလို ဆန်ကုန်မြေလေးကို စုံစမ်းဖို့ ကိုယ်ဘာကြောင့်လုပ်ခဲ့လဲဆိုတာ ကိုယ်တိုင်တောင် နားမလည်ခဲ့ဘူး။ ဒါပေမယ့် မင်းရဲ့မွေးနေ့မှာ ကိုယ်အားလုံး မြင်ခဲ့ရပါတယ်။ သူမင်းကို ဆက်ဆံတဲ့ပုံစံကိုလည်း မြင်ရော ကိုယ် တကယ်ကို သူ့ကို သတ်ချင်ခဲ့တာ! ကိုယ် အချိန်ခဏအတော်အတွင်း လုံးဝကို မထိန်းချုပ်နိုင်ခဲ့ဘူး..."
သူက ဆက်ပြီးတော့ ပြောမလာတော့ဘဲ တစ်ဝက်တပြက်နဲ့ ရပ်လိုက်၏။ သူက လက်ဆန့်ထုတ်လိုက်ပြီး နှဖူးကို ပွတ်သပ်လိုက်သည်။ ထို့နောက် မျက်နှာသုန်မှုန်စွာဖြင့်..
" တောင်းပန်ပါတယ်။ ကိုယ် မင်းကို ဒါတွေ မပြောခဲ့သင့်ဘူး။ မင်း ကိုယ့်ကို တအားဆူညံလွန်းတယ်လို့ ထင်ရင်လည်း ဒီနေ့ ကိုယ် ဘာမှမပြောခဲ့ဘူးလို့ သဘောထားလိုက်ပါ"
ပြောပြီးတော့ သူက ထရပ်ကာ ထွက်သွားမလို့လုပ်လိုက်တော့ ရှုရှင်းနျန်က သူ့ကို ဖမ်းဆွဲလာခဲ့၏။ သို့သော် ချွီချန်ရဲ့ တွန်းထုတ်ခြင်းကို ခံလိုက်ရပြီး သူ ကားထဲဝင်သွားတာကို ဒီအတိုင်းကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
သူ့လက်ထဲက ချွီချန်ရဲ့ သူ့အား အထူးတလည်ပေးခဲ့တဲ့ ငွေနဲ့ တုန်ဖန်းရဲ့ သက်သေကို ကြည့်ပြီးတော့ ရှုရှင်းနျန်ရဲ့နှလုံးသားတစ်ခုလုံး ချိုမြိန်မှုနဲ့ ပြည့်လျှမ်းလာခဲ့ပြီး သူ့မျက်နှာလေးက ရှက်သွေးဖြာနီရဲနေလျက် ချွီချန်အပေါ်ထားတဲ့ သံသယတွေက လုံးဝ ပယ်ပျောက်သွားတော့သည်။
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...