CHAPTER 85

1.5K 194 3
                                    

" ဒီလူရမ်းကားကောင်ကတော့လေ...TV drama အကြည့်လွန်ပြီး မင်းတော့ Brainwash အလုပ်ခံလိုက်ရပြီပဲ...လူချမ်းသာဇနီးတိုင်းက ရွှေတွေ၊ ငွေတွေ ဝတ်ပြီး နောက်ဆုံးမှာ သူတို့ရဲ့ချွေးမတွေနဲ့ပါတ်သက်လို့ ဇီဇာကြောက်တတ်တဲ့ ကောက်ကျစ်စဥ်းလဲတဲ့မိန်းမတွေချည်းဖြစ်လာမယ်လို့ မင်းထင်နေတာလား? "

ရှုဥ်နျန်ရဲ့မျက်ခုံးတို့က မြင့်တက်သွားပြီး မျက်ဝန်းတို့က ချွီချန်ကိုကြည့်နေလေသည်။ မျက်ခုံးတို့မှာ အပြုံးလေးက ဖြည့်စွက်လို့နေသည်။

ချွီချန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

" ဒါတော့ ပြောဖို့ခက်သွားပြီ...မင်းက သူမအတွက် ချွေးမလေးတစ်ယောက် မရှာပေးနိုင်တော့ဘူးလေ အဲ့ဒီအစား ယောကျ်ားတစ်ယောက်ကို ရှာတွေ့ခဲ့တယ်ဆိုတာကို မင်းမားက သိသွားခဲ့ရင်...အဲ့တော့ကျမှ မပြောနိုင်ဘူးလေ.. ဇီဇာကြောင်တဲ့ယောက္ခမအဖြစ် ချက်ချင်း ပြောင်းချင်ပြောင်းသွားမှာပေါ့"

" Fuck you ပဲဟေ့ " ရှုစစ်နျန်က သူ့ကိုထိုးပစ်လိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။

" တိတ်စမ်း! ဘယ်သူက top လား၊ bottom လားဆိုတာ မင်းဆုံးဖြတ်လို့မရဘူး..ဒါပေမယ့် မင်းမျက်နှာကတော့ တော်တော် ရွှေချထားဖို့တောင် ကောင်းတယ် "

" ဟုတ်ပါပြီ ဟုတ်ပါပြီ မှန်ပါတယ်ဗျာ...မင်းက ဦးဆောင်သူပဲမလား? ထောင်ထဲက အချိန်ကိုတောင် ကိုယ်သတိရသွားတယ်..အဲ့ဒီတုန်းက ကိုယ့်အရိုးတွေ ပျော့ခွေသွားသည်အထိ မင်း ကိုယ့်အပေါ်တက်စီးခဲ့တာကိုလေ "

ချွီချန်က စိတ်ကြွနေတဲ့မျက်နှာကိုပြသလာခဲ့ပြီး သူ့ရဲ့ အရိုးထဲအထိအကျင့်ပျက်ဆိုးသွမ်းနေတဲ့ပုံစံကြောင့် ရှုစစ်နျန် ထိုသူရဲ့နားရွက်ကို ခပ်နာနာဆွဲလိမ်ပစ်လိုက်သည်။

" မင်းရဲ့ပေါပေါပဲပဲပါးစပ်ကို ကြည့်စမ်းပါဦး ... ငါကိုယ်တိုင် အဲ့ဒီပါးစပ်ကို ဆွဲဖြဲပြီး အရသာရှိတဲ့ဟင်းတစ်ခွက် ချက်ပစ်မှပဲ ရတော့မယ်--ခပ်မိုက်မိုက် ဝက်ပါးစပ်တောက်တောက်စဥ်း "

" အို့...ဟေး မင်းက ကိုယ့်လျှာကိုစားချင်တယ်ပေါ့လေ...ဒါဆို အဲ့တာကို အထူးစပယ်ရှယ်လေးသေချာဖြတ်မှရမယ်...အဲ့တာက တကယ်ကို မာတာနော်"

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now