CHAPTER 63

1.9K 237 7
                                    


လျိုရှောင်းမောင်ရဲ့ပုံစံကိုကြည့်ပြီးတော့ ရှုစစ်နျန် အူမြူးလာရသည်။

" မင်း အရင်ကတော့ ငါ့ကို ချွီချန်နဲ့အတူရှိစေချင်လွန်းလို့ တအားတွေ တွန်းအားပေးခဲ့တာမဟုတ်ဘူးလား? အခု အဲ့ဒီအဆင့်ရောက်သွားတော့မှ မျက်ရည်ကျရပြန်တာက ဘာသဘောလဲကွ"

" အဲ့တာက ငါနောက်ပြောင်ပြောခဲ့တာဟ"

လျိုရှောင်းမောင်တစ်ယောက် စိတ်ဆိုးမာန်ဆိုးခုန်ထလိုက်ပြီး စစ်နျန်လက်မောင်းကို ဆုပ်ကိုင်လျက် အပြင်းအထန်လှုပ်ရမ်းကာပြောတော့၏။

" မင်းက အမြဲ စမတ်ကျနေတယ်ဆိုပြီး ငါမင်းကို ချီးမွှမ်းနေခဲ့တာလေဟာ..ဟမ်း..အဲ့ဒီလိုကောင်းတဲ့အရာတွေကို မင်းမကြားဘူးလား? မင်းတို့ကို အတူတူရှိစေချင်ခဲ့တယ်ဆိုတာ အမှန်ပဲ ဒါပေမယ့် တကယ့်အတည်ကြီး တွဲစေချင်တာမဟုတ်ဘူးလေဟာ​! သူ့လိုလူတစ်ယောက်က စိတ် ပြောင်းသွားပီဆိုတာနဲ့ သူကလည်း တုန်ဖန်းထက် ပိုကောင်းနိုင်မှာမဟုတ်ဘူးဟ...မင်းရဲ့ပန်းတိုင်ကို ရောက်ဖို့ မင်းသူ့ကို အသုံးချလို့ရတာကို ဘာလို့များ မင်းကိုယ်တိုင် သူ့အပေါ် ကျရှုံးခွင့်ပြုလိုက်ရတာလဲ? တုန်ဖန်းတစ်ယောက်နဲ့တင် မလုံလောက်သေးဘူးလား  ဟမ်း ပြောစမ်းပါဦး စစ်နျန်ရဲ့?"

ရှုစစ်နျန်တစ်ယောက် ပြုံးရယ်ကာ အေးဆေးတည်ငြိမ်တဲ့မျက်နှာနဲ့ ပြောလာခဲ့၏။

" အရင်တုန်းက ငါလည်း အဲ့လိုထင်ခဲ့တာပဲ..ဒါပေမယ့် သူက လိမ်ညာနေတာမဟုတ်ဘူး တကယ်အစစ်အမှန်ပဲ...ငါသာ သူ့ခံစားချက်ကို လျစ်လျူရှုပြီး တူညီတဲ့ တုံ့ပြန်ချက်မပေးရင် ငါကလည်း လူယုတ်မာ တုန်ဖန်းနဲ့ ဘာမှ မထူးခြား​တော့ဘူးလို့ ခံစားနေရတယ်..ပြီးတော့ ငါသူ့ကို မကြိုက်ဘူးလို့ ငါ့ပါးစပ်က ဘယ်လိုမှ ပြောမထွက်နိုင်ဘူး"

လျိုရှောင်းမောင်တစ်ယောက် စစ်နျန်ရဲ့ ပြုံးနေတဲ့ မျက်နှာကို ကြည့်ပြီး ဆွံ့အသွားတော့သည်။

ရှုစစ်နျန်ရဲ့ ခေါင်းကြောမာတဲ့စရိုက်က တခြားသူတွေထက် ပိုသာတယ်ဆိုတာ လျိုရှောင်းမောင်သိပေသည်။ သူ လုပ်မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ဘာကိုမှမပြောင်းလဲပဲ အဲ့တာကိုပဲ သူလုပ်လိမ့်မယ်။ ဝိုးတိုးဝါးတားအတိတ် ခုနစ်နှစ်ကို သူ သတိရမိသည်။ အခုချိန်ထိလည်း အနှီရှုစစ်နျန်မှာ အေးဆေးတည်ငြိမ်နေဆဲပင် ဖြစ်သည်။ နောက်တော့ အဲ့ဒီသူက သူ့နှလုံးသားကို ထုတ်ပြီး တခြားတစ်ယောက်ကိုတောင် ပေးပစ်လိုက်သေး၏။ သူက မိုက်မဲတာလား ခေါင်းမာတာလားဆိုတာ လျိုရှောင်းမောင်မပြောတတ်တော့။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now